Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 9, 2016

စည်းကမ်းမဲ့ယာဉ်အား ကားပေါ်အထိ တက်ရောက်အရေးယူသည့်ယာဉ်ထိန်း



ယနေ့ည မေ ၉ ရက် ည ၉ နာရီ ၂၅ မိနစ်ခန့်က သမိုင်းမှ အင်းစိန်လမ်းအတိုင်း မောင်းနှင်လာသော ပါရီမီ ၁၇၄ ယာဉ်လိုင်း ယာဉ်အမှတ် 3C-3637 သည် လှည်းတန်းမီးပွိုင့်ထိပ်တွင် မီးပွိုင့်လွတ်သော်လည်း ကားပျက်ချင်ယောင်ဆောင်၍ မွီးပွိုင့်အမိခံကာ ခရီးသည်အတင်အချ ပြုလုပ်နေသည်။


အဆိုပါ ပါရမီ ၁၇၄ ယာဉ် မီးပွိုင့် ၂ခါအမိခံကာ စည်းကမ်းဖောက်၍ လူအတင်အချပြုလုပ်သည်ကို အနီးရှိ လှည်းတန်းယာဉ်ထိန်းရုံးမှ တာဝန်ကျဝန်ထမ်းများကတွေ့ရှိခဲ့သည်။

၎င်းယာဉ်စည်းကမ်းဖောက်ဖျက်၍ ဖမ်းဆီးသည်ကို ယာဉ်မောင်းလိုင်စင်မပေး၍ ယာဉ်ပေါ်အထိတက်ရောက်၍ ရဲအုပ်အောင်ကြီးမှ ဖမ်းဆီးကာ အရေးယူရန်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါယာဉ်၏ ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့်ယာဉ်ကြောပိတ်ဆို့မှုခေတ္တဖြစ်ပေါ်ခဲ့သည်။

Myanmar Citizen News Agency (fb)

No comments:

Post a Comment