Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 9, 2016

ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန် ရန်ကုန်တိုင်း၌ ကဏ္ဍ (၃) ခုကို အထူးစီမံချက်ဖြင့် သြဂုတ်လထိ ဆောင်ရွက်မည်

ရန်ကုန်တိုင်း ဒေသကြီး၌ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန် ကဏ္ဍ သုံးခုအား ယခုမေလမှ စ၍ သြဂုတ်လဆန်း အထိ အထူး စီမံချက် အနေဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ ယင်းကဏ္ဍများမှာ တရားဥပဒေ စိုးမိုးရေး၊ မှုခင်း ကာကွယ်ရေးနှင့် ကျဆင်းရေး၊ ရပ်ရွာ အေးချမ်း သာယာရေး စသည်တို့ကို အထူး စီမံချက်များ ချမှတ်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရ သည်။ အခု ဒီကဏ္ဍတွေကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေ သလို၊ မှုခင်း ကျဆင်းရေး အတွက်လည်း ဖမ်းဆီးမှု တွေကို အရှိန်မြှင့်ပြီး လုပ်နေတယ်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားဥပဒေ စိုးမိုးရေး အတွက် ရပ်ကွက်များတွင် လှည့်ကင်း၊ ၀ပ်ကင်း၊ ရပ်ကင်း စသည်တို့ကို ထားရှိကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းနောက် မှုခင်း ကျဆင်းရေး အတွက် ကြိုတင် ကာကွယ်ခြင်း၊ အရှိန်အဟုန်မြှင့် ဖမ်းဆီးခြင်း စသည် တို့ကို ဆောင်ရွက်နေပြီး၊ ရပ်ရွာ အေးချမ်းသာယာရေး အတွက် အသိပညာပေး အစီအစဉ်များ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

လောင်းကစား လုပ်ငန်းတွေ ရပ်ကွက်မှာ တော်တော်များများမှာ ဖမ်းနေတယ်လို့ သတင်းတွေ တက်နေ ပေမယ့် တကယ် ဒိုင်ချုပ်တွေက မပါဘဲနဲ့ လက်ခွဲဒိုင်တွေ လောက်ပဲ အဖမ်းခံနေ ရတယ်။ ဒါ မျှတမှု မရှိဘူးဟု သုဝဏ္ဏမြို့၊ (၂၉) ရပ်ကွက် နေထိုင်သူ ဦးကျော်အေးက ဆိုသည်။

ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အထူး စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းများ ဖြစ်စေရန်နှင့် ပြည်သူနှင့် ရဲတစ်သားတည်း ဖြစ်စေရန် ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင်လည်း မှုခင်း ကြိုတင် ကာကွယ်ရေးနှင့် ကျဆင်းရေး အတွက် ယာဉ်ကြောများကို ပိတ်ဆို့ စစ်ဆေးခြင်း၊ မီးတန်းယာဉ် များဖြင့် လှည့်လည်ခြင်းနှင့် သတင်းရရှိမှု အပေါ် မူတည်၍ ကြိုတင် တားဆီး နှိမ်နင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
Credit -messenger news journal

No comments:

Post a Comment