Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 31, 2016
By netsetaw -  May 27, 2016
ပါတယ်။
သောက်လိုက်ပါ။
နတ်စည်တော် (Shwemom)
source : healthyss.com
...............................................
ကမ္ဘာ့ဆေးဘက်အဝင်ဆုံး ပရဆေး နနွင်းအကြောင်း
By netsetaw -  May 27, 2016
Shwemom ပရိသတ်ကြီးရေ … နနွင်းနဲ့ပတ်သက်တဲ့ ဆေးပညာဗဟုတလေးကို မျှဝေလိုက်ပါတယ်။
နနွင်းဟာ မြန်မာ့မီးဖိုချောင်မှာတော့ ရှားပါးတဲ့ ဟင်းခတ်အမွှေအကြိုင် မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးစွမ်းထက်မှုအပိုင်းက
တော့ ကိုရီးယားဂျင်ဆင်းထက်တောင် ပိုတယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ မြန်မာပြည်က ထွက်တဲ့
နနွင်းကို မြန်မာ့ဂျင်ဆင်းလို့တောင် ကင်ပွန်းတပ်လိုက်ချင်ပါတယ်။ အိန္ဒိယကထွက်တဲ့ နနွင်းကိုတော့ အိန္ဒိယဂျင်ဆင်းပေါ့
ဗျာ။ နနွင်းဟာ ကမ္ဘာ့အရေးပါဆုံး ဆေးဘက်ဝင် ပရဆေးတစ်မယ်ဆိုတာကို ဆေးပညာရှင်တွေက အောက်ပါအချက်တွေ
နဲ့ သက်သေပြလိုက်ပါတယ်။
(၁) ကင်ဆာရောဂါမျိုးစုံကို ကာကွယ်နိုင်တယ်
နနွင်းမှာ ဗီတာမင် A,C,D,b-6,B-12 စတဲ့အဖိုးတန်ဓာတ်တွေ အပြင် ပိုတက်စီယမ်ဓာတ် 172 mg ပါ၀င်ပါတယ်။ နေ့စဉ်
ဟင်းစားဇွန်းနဲ့ မနက်တစ်ဖွန်း ညနေတစ်ဇွန်းခန့် ရေနွေးကြမ်းဖြင့် ဖြစ်စေ၊ သီးသန့်ဖျော်၍ ဖြစ်စေ ပုံမှန်သောက်သုံးပေးပါ
က ကျရောက်လာမည့် ကင်ဆာရောဂါမှန်သမျှကို မကျရောက်စေပဲ ကင်ဆာဆဲလ်များ ပျံ့နှံ့နေရင်လည်း အချိန်တိုအ
တွင်း ထိရောက်စွာ ကင်ဆာဆဲလ်တွေကို ဖယ်ရှာပေးပါတယ်။ သက်သာပျောက်ကင်းသည်အထိ အကျိုးအာနိသင် ကြီး
ပါတယ်။
(၂) ကင်ဆာမျိုးစုံကို အမြစ်ကမကျန် တွန်းလှန်နိုင်တယ်
ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ်မှာ တွယ်ကပ်နေပြီဆိုရင် ရိုးရာဆေးနည်းတွေ လိမ်းဆေးတွေ သုံးနေမယ့်အစား နနွင်းကို
သာ ပုံမှန်ဖျော်သောက်ပေးပါ။ သွေးကင်ဆာအထိကို နိုင်နင်းတယ်လို့ ဆရာဝန်တွေက ထောက်ခံထားပါတယ်။ ဘေး
ထွက်ဆိုးကျိုးလည်း လုံးဝ မရှိပါဘူးတဲ့။
(၃) ဓာတ်ရောင်ခြည်သင့်ရောက်မှုကိုလည်း ကာကွယ်နိုင်တယ်
ဓာတ်ရောင်ခြည်သင့်မှု၊ ရေဒီယိုသတ္တိကြွမှု အဆိပ်သင့်ရောက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် စတာတွေအတွက်လည်း နနွင်း
ကို ပုံမှန်စားသူတွေက ကာကွယ်ထားပြီးသား ဖြစ်ပါတယ်။ ဟီရိုးရှီးမားမှာ ဒီလို ဓာတ်ရောင်ခြည်သင့်ပြီး လူစဉ်မမီတဲ့ သူ
တွေကို နနွင်းပုံမှန်ကျွေးပြီးနောက်ပိုင်းမှာ သိသိသာသာ ကျန်းမာရေးအခြေအနေနဲ့ မှတ်ဉာဏ်တွေ တိုးတက်ခဲ့ပါတယ်။
(၄) ရောင်ရမ်းမှု/ဖျားနာမှုကိုအချိန်တိုအတွင်းပျောက်ကင်းစေတယ်
အသားရည်ကိုက်ခဲရောင်ရမ်းတာတွေ၊ အာဂန္တုအဖျားတွေလောက်ကတော့ ချက်ချင်းယူပစ်လိုက်သလို ပျောက်စေတယ်
လို့ ဆရာဝန်တွေက ဆိုပါတယ်။ အအေးမိတုပ်ကွေးဖြစ်ရင် နနွင်းကို ချင်းအနည်းငယ်နဲ့ ရေနွေးပွက်ပွက်ဆူထဲမှာထည့်ပြီး
သောက်လိုက်ပါ။
(၅) အဆိပ်သင့်မှုကိုလည်း ကာကွယ်နိုင်တယ်
အဆိပ်သင့်မှုဆိုတာက အဆိပ်ကိုစားမိတာတို့၊ အစာအဆိပ်သင့်တာတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ဥပမာ ဗိုက်ထဲမှာ
အီလည်လည်ဖြစ်ပြီး လေနဲ့ဓာတ် မကွဲရင် နနွင်းကိုသာ လျှက်ဆားအနည်းငယ်နဲ့ ရောပြီးသောက်လိုက်ပါ။ သွေးတိုးရှိသူ
တွေ လျှက်ဆားရှောင်ချင်တယ်ဆိုရင်လည်း ဒီအတိုင်း သောက်တာနဲ့ ပျောက်နိုင်ပါတယ်။
(၆) မှတ်ဉာဏ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးတယ်
နနွင်းမှာပါတဲ့ ဓာတ်တွေက ဦးနှောက်ဆဲလ်တွေ အချိန်မတိုင်မီ ပျက်စီးမှု၊ အရွယ်လွန်ချိန် ဦးနှောက်ဆဲလ်တွေ ပုံမှန်အလုပ်
မလုပ်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်ကောင်းဖို့ကိုလည်း အကျိုးပေးပါတယ်။
နတ်စည်တော် (Shwemom)
source : healthyss.com
No comments:
Post a Comment