Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 28, 2016

အရင္ အစုိးရလက္ထက္ စာရင္းေပ်ာက္ခဲ့တဲ့ ယူရုိေငြ ၈၆ သန္းကိစၥ စစ္ေဆးေနၿပီ

ဦးသိန္းစိန္အစိုးရလက္ထက္မွာ ျမန္မာနိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းရံပံုေငြထဲက စာရင္းေပ်ာက္ေနတဲ့ ယူရိုေငြ ၈၆ သန္း ကိစၥအတြက္ အမႈေဆာင္ေတြရဲ့တိုင္ၾကားခ်က္ကို ဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္အပါအဝင္ လူ ပုဂၢိဳလ္ ၃ ဦးနဲ႔ ခံုရံုးဖြဲ႔ၿပီး တိုင္တန္းသူေက်ာက္မ်က္အသင္း အမႈ ေဆာင္ေတြကို မေန႔က စတင္စစ္ေဆးခဲ့ပါတယ္။
ဒါေပမယ့္ အခုဖြဲ႔လိုက္တဲ့ခံုရံုးအေနနဲ႔ အမႈကိုတရားမွ်တေအာင္ေဆာင္ရြက္ေပးနိုင္ပါ့မလားလို႔ သံသယရွိတဲ့ အတြက္ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း အမႈေဆာင္ေတြက သမာသမတ္ ရွိတဲ့ခံုရံုးအသစ္နဲ႔စစ္ေဆးေပးဖို႔ ဝန္ႀကီးဌာနကိုေတာင္းဆိုလိုက္ေၾကာင္း မေန႔က အစစ္ခံခဲ့တဲ့ ေက်ာ္သစၥာေက်ာက္မ်က္ လုပ္ငန္းရွင္ ဦးေက်ာ္ေက်ာ္ဦးက အခုလိုေျပာပါတယ္။
"နံပါတ္တစ္က ခုရံုးဖြဲ႔ထားတာကိုလက္မခံတဲ့အေၾကာင္းေပါ့ေနာ္၊ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔တိုင္တာက စစ္တပ္က ဗိုလ္ခ်ဳပ္ေတြ၊ ဗိုလ္ခ်ဳပ္ႀကီးေတြကိုတိုင္တာ၊ တိုင္တဲ့အခါမွာ သမၼတႀကီးေတာင္ပါတာေပါ့ဗ်ာ၊ အဲ့ဒါကိုဗိုလ္မွဴးႀကီးေတြက ခုရံုးဖြဲ႔စစ္မယ္ဆိုေတာ့ ဘယ္လိုမွတရားမွ်တမွာမဟုတ္ဘူးေလ၊ အမွန္တရား မထြက္လာႏိုင္ဘူး၊ အဲ့ေတာ့ ခုရံုးအဖြဲ႔ကိုသေဘာလဲမတူဘူး၊ အတည္လဲမျပဳဘူး၊ လက္လည္းမခံႏိုင္ဘူး"
ခံုရံုးကို ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ကကိုယ္စားလွယ္ေတြ၊ စာရင္းစစ္အရာရွိ၊ ေဆာက္လုပ္ေရး ဌာနကအင္ဂ်င္နီယာ၊ သတၱဳတြင္းဌာန ကုိယ္စားလွယ္၊ ေက်ာက္မ်က္အသင္းရဲ့ ကိုယ္စားလွယ္နဲ႔ ဥပေဒပညာရွင္ စတဲ့ ၇ ဦးပါတဲ့ ခံုရံုးဖြဲ႔ေပးဖို႔ သတၱဳတြင္းဝန္ႀကီးကို အၾကံဳျပဳလုိက္ တယ္လို႔ေျပာပါတယ္။
တိုင္ၾကားထားတဲ့အထဲမွာ ဦးသိန္းစိန္ကို ယူရုိေငြ ၇ သန္းထုတ္ေပးလိုက္တဲ့ကိစၥလဲပါဝင္ တယ္လို႔ဆုိပါတယ္။
မေန႔က တိုင္ၾကားသူ ၇ ဦးကို စစ္ေဆးခဲ့ၿပီး၊ ေနာက္သတင္းပတ္မွာ က်န္တဲ့သူ ၃ ဦးကိုဆက္စစ္မယ္လို႔ သိရပါတယ္။ တိုင္ၾကားသူေက်ာက္မ်က္အသင္း အမႈေဆာင္ေတြတင္ျပထားတဲ့ ခံုရံုးအသစ္ဖြဲ႔မဖြဲ႔ ကိုေတာ့ မသိရေသးဘူးလို႔ေျပာပါတယ္။
ျမန္မာနိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းရံပံုေငြထဲက စာရင္းေပ်ာက္ေနတဲ့ ယူရိုေငြ ၈၆ သန္း ကိစၥအတြက္ အမႈေဆာင္ေတြရဲ့တိုင္ၾကားခ်က္ကို ဝန္ႀကီးဌာနက ခံုရံုးဖြဲ႕ၿပီး မေန႔က စတင္စစ္ေဆးခဲ့ ပါတယ္။ မေန႕က အစစ္ခံခဲ့တဲ့ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း အမႈေဆာင္အဖြဲ႔ဝင္၊ ေက်ာ္သစၥာ ေက်ာက္မ်က္လုပ္ငန္းရွင္ ဦးေက်ာ္ေက်ာ္ဦးကို RFA ဝိုင္းေတာ္သား ကိုေနရိန္ေက်ာ္ ဆက္သြယ္ ေမးျမန္းထားတာ နားဆင္နိုင္ပါၿပီ။
အသံဖိုင္ နားဆင္ရန္
http://www.rfa.org/…/missing-fu…/b0528nrk7.mp3/download.html
============
ဓါတ္ပံုကို Myanmar Gems Museum in Yangon
justgola ဆိုဒ္မွ ကူးယူေဖၚျပပါသည္။
RFA Burmese
http://www.rfa.org/…/missing-funds-gems-business-0528201611…
............
အရင် အစိုးရလက်ထက် စာရင်းပျောက်ခဲ့တဲ့ ယူရိုငွေ ၈၆ သန်းကိစ္စ စစ်ဆေးနေပြီ

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူကျောက်မျက်အသင်း အမှု ဆောင်တွေကို မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။
ဒါပေမယ့် အခုဖွဲ့လိုက်တဲ့ခုံရုံးအနေနဲ့ အမှုကိုတရားမျှတအောင်ဆောင်ရွက်ပေးနိုင်ပါ့မလားလို့ သံသယရှိတဲ့ အတွက် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်တွေက သမာသမတ် ရှိတဲ့ခုံရုံးအသစ်နဲ့စစ်ဆေးပေးဖို့ ဝန်ကြီးဌာနကိုတောင်းဆိုလိုက်ကြောင်း မနေ့က အစစ်ခံခဲ့တဲ့ ကျော်သစ္စာကျောက်မျက် လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက အခုလိုပြောပါတယ်။
"နံပါတ်တစ်က ခုရုံးဖွဲ့ထားတာကိုလက်မခံတဲ့အကြောင်းပေါ့နော်၊ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်တာက စစ်တပ်က ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေကိုတိုင်တာ၊ တိုင်တဲ့အခါမှာ သမ္မတကြီးတောင်ပါတာပေါ့ဗျာ၊ အဲ့ဒါကိုဗိုလ်မှူးကြီးတွေက ခုရုံးဖွဲ့စစ်မယ်ဆိုတော့ ဘယ်လိုမှတရားမျှတမှာမဟုတ်ဘူးလေ၊ အမှန်တရား မထွက်လာနိုင်ဘူး၊ အဲ့တော့ ခုရုံးအဖွဲ့ကိုသဘောလဲမတူဘူး၊ အတည်လဲမပြုဘူး၊ လက်လည်းမခံနိုင်ဘူး"
ခုံရုံးကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကကိုယ်စားလှယ်တွေ၊ စာရင်းစစ်အရာရှိ၊ ဆောက်လုပ်ရေး ဌာနကအင်ဂျင်နီယာ၊ သတ္တုတွင်းဌာန ကိုယ်စားလှယ်၊ ကျောက်မျက်အသင်းရဲ့ ကိုယ်စားလှယ်နဲ့ ဥပဒေပညာရှင် စတဲ့ ရ ဦးပါတဲ့ ခုံရုံးဖွဲ့ပေးဖို့ သတ္တုတွင်းဝန်ကြီးကို အကြုံပြုလိုက် တယ်လို့ပြောပါတယ်။
တိုင်ကြားထားတဲ့အထဲမှာ ဦးသိန်းစိန်ကို ယူရိုငွေ ရ သန်းထုတ်ပေးလိုက်တဲ့ကိစ္စလဲပါဝင် တယ်လို့ဆိုပါတယ်။
မနေ့က တိုင်ကြားသူ ရ ဦးကို စစ်ဆေးခဲ့ပြီး၊ နောက်သတင်းပတ်မှာ ကျန်တဲ့သူ ၃ ဦးကိုဆက်စစ်မယ်လို့ သိရပါတယ်။ တိုင်ကြားသူကျောက်မျက်အသင်း အမှုဆောင်တွေတင်ပြထားတဲ့ ခုံရုံးအသစ်ဖွဲ့မဖွဲ့ ကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။
မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး မနေ့က စတင်စစ်ဆေးခဲ့ ပါတယ်။ မနေ့က အစစ်ခံခဲ့တဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်၊ ကျော်သစ္စာ ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
အသံဖိုင် နားဆင်ရန်
http://www.rfa.org/…/missing-fu…/b0528nrk7.mp3/download.html
============
ဓါတ်ပုံကို Myanmar Gems Museum in Yangon
justgola ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။
RFA Burmese
http://www.rfa.org/…/missing-funds-gems-business-0528201611…

No comments:

Post a Comment