Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 28, 2016

ရဲအုပ္ေသနတ္ေဖာက္ၿခိမ္းေျခာက္


၂၈..၅..၁၆
-
ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးမွာရိွတဲ့ အလင္းတန္း
ေျပာင္းေရႊ႕ေက်းရြာမွာ မေန႔ညေနက အရပ္ဝတ္နဲ႔ ရဲအုပ္တစ္ဦးက အရက္ဘီယာေရာင္းတယ္ဆိုၿပီး ေဒသခံတစ္ဦးကို ဖမ္းမယ္လို႔ ေျပာရာက အဲဒီရြာေဒသခံေတြက ဖမ္း၀ရမ္းျပဖို႔ ေတာင္းခံရာမွာ အေျခအတင္ စကားမ်ားၿပီး ရဲအုပ္က ေသနတ္ပစ္ေဖာက္ ၿခိမ္းေျခာက္ခဲ့ပါတယ္။
-
ေဒသခံေတြက လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ရဲတပ္ဖဲြ႔အထိ သြားေရာက္
တိုင္ၾကားရာမွာ မူးယစ္ရမ္းကားခဲ့တဲ့ ေမာ္ခ်ီးရဲအုပ္ ေအာင္စိုးတင့္ကို ရဲဥပေဒလုပ္ထံုးလုပ္နည္းနဲ ့အညီ အေရးယူသြားမယ္လို ့ ကယားျပည္ နယ္ ရဲမွဴးဦးစီး ရဲမွဴးတင့္ေဝ့က RFA ကို ေျပာပါတယ္။
-
"က်ေနာ္တို႔ရဲ႕တပ္ဖြဲ႔က ျပည္သူ႔ဝန္ေဆာင္မႈကို ေဆာင္ရြက္ေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးျဖစ္သြားတဲ့အတြက္ ရဲစည္းကမ္းဥပေဒနဲ႔အညီ အေရးယူသြားမွာပါ၊ ျပည္သူေတြရဲ႕နစ္နာမႈကို မရွိေစရပါဘူး၊ ထိေရာက္စြာအေရးယူသြားမွာပါ"
-
မေန႔ညေနက ေရာက္လာတဲ့ ရဲအုပ္ေအာင္စိုးတင့္ဟာ ေသာက္ထားတယ္
လို႔ေဒသခံေတြက ေျပာပါတယ္။ ဒီကိစၥကို မေက်နပ္တဲ့ေဒသခံေတြက ေမာ္္ခ်ီးေဒသ အုပ္ခ်ဳပ္ေရးမွဴးထံလည္း ေျဖရွင္းေပးဖို႔ တင္ျပေတာင္းဆို
ထားပါတယ္။
-
အလင္းတန္းေက်းရြာဟာ ေမာ္ခ်ီးေဒသမွာေျမၿပိဳၿပီး အိုးအိမ္ဆံုးရွံဳးခဲ့တဲ့
သူေတြအတြက္ ျပန္လည္ေနရာခ်ထားေပးတဲ့ရြာျဖစ္ပါတယ္။
=========
RFA Burmese
.......

၂၈..၅..၁၆
-
ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးမှာရှိတဲ့ အလင်းတန်း
ပြောင်းရွှေ့ကျေးရွာမှာ မနေ့ညနေက အရပ်ဝတ်နဲ့ ရဲအုပ်တစ်ဦးက အရက်ဘီယာရောင်းတယ်ဆိုပြီး ဒေသခံတစ်ဦးကို ဖမ်းမယ်လို့ ပြောရာက အဲဒီရွာဒေသခံတွေက ဖမ်းဝရမ်းပြဖို့ တောင်းခံရာမှာ အခြေအတင် စကားများပြီး ရဲအုပ်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပါတယ်။
-
ဒေသခံတွေက လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့အထိ သွားရောက်
တိုင်ကြားရာမှာ မူးယစ်ရမ်းကားခဲ့တဲ့ မော်ချီးရဲအုပ် အောင်စိုးတင့်ကို ရဲဥပဒေလုပ်ထုံးလုပ်နည်းနဲ ့အညီ အရေးယူသွားမယ်လို ့ ကယားပြည် နယ် ရဲမှူးဦးစီး ရဲမှူးတင့်ဝေ့က RFA ကို ပြောပါတယ်။
-
"ကျနော်တို့ရဲ့တပ်ဖွဲ့က ပြည်သူ့ဝန်ဆောင်မှုကို ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်သွားတဲ့အတွက် ရဲစည်းကမ်းဥပဒေနဲ့အညီ အရေးယူသွားမှာပါ၊ ပြည်သူတွေရဲ့နစ်နာမှုကို မရှိစေရပါဘူး၊ ထိရောက်စွာအရေးယူသွားမှာပါ"
-
မနေ့ညနေက ရောက်လာတဲ့ ရဲအုပ်အောင်စိုးတင့်ဟာ သောက်ထားတယ်
လို့ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စကို မကျေနပ်တဲ့ဒေသခံတွေက မော််ချီးဒေသ အုပ်ချုပ်ရေးမှူးထံလည်း ဖြေရှင်းပေးဖို့ တင်ပြတောင်းဆို
ထားပါတယ်။
-
အလင်းတန်းကျေးရွာဟာ မော်ချီးဒေသမှာမြေပြိုပြီး အိုးအိမ်ဆုံးရှုံးခဲ့တဲ့
သူတွေအတွက် ပြန်လည်နေရာချထားပေးတဲ့ရွာဖြစ်ပါတယ်။
=========
RFA Burmese














No comments:

Post a Comment