Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 28, 2016

One-Sided Arguments မဟာအမွားၾကီး

ဧရာဝတီသတင္း = စင္ကာပူဖိုရမ္တြင္ အစိုးရသစ္အား ေဝဖန္

ေသာႀကၤာေန႔က စင္ကာပူႏိုင္ငံတြင္က်င္းပခဲ့ေသာ ျမန္မာဖိုရမ္ ၂ဝ၁၆ တြင္ တက္ေရာက္သူမ်ားက ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကေၾကာင္း။ ယင္းဖိုရမ္ကို ပညာေရးသုေတသနအဖြဲ႔အစည္း အေရွ႕ေတာင္အာရွ ေလ့လာေရး အင္စတီက်ဴ (ISEAS) ကမကထျပဳ က်င္းပျခင္းျဖစ္ျပီး ျမန္မာသုေတသီမ်ား၊ ဒီမိုကေရစီေရး လႈပ္ရွားသူမ်ား၊ စီးပြားေရးသမားမ်ား ပါဝင္ခဲ့ၾကေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းစာက သတင္းေရးသားေပးပို႔ခဲ့သည္။

၁။ ၈၈ မ်ိဳးဆက္ ျငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္းမွ ဦးကိုကိုၾကီး = ျပည္သူေတြဟာ ၾကီးၾကီးမားမား ေမွ်ာ္လင့္ေနၾက႐ံုမက သည္းညည္းခံႏိုင္ဖို႔လည္း ၾကိဳးစားေနရတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံေရးလြတ္လပ္မႈမ်ား ေပ်ာက္ဆုံးခဲ့ရျခင္းအျပင္ ေန႔စဥ္ဘဝေနထိုင္ေရး အေျခခံလိုအပ္ခ်က္မ်ားအတြက္လည္း သည္းမခံခ်င္ၾကေတာ့ေၾကာင္း။ ဒုတိယအိမ္လိုျဖစ္ခဲ့တဲ့ အက်ဥ္းေထာင္ထဲမွာ က်ေနာ္သည္းခံႏိုင္ခဲ့တယ္။ လက္ထဲမွာ ယပ္ေတာင္ကေလးခပ္ျပီး ေနႏိုင္ခဲ့တယ္။ NLD ေအာင္ျမင္ေစခ်င္ခဲ့တယ္။ လူေတြက ေမွ်ာ္လင့္ခ်က္ေတြရွိတယ္ဆိုေတာ့ သူတို႔သည္းခံဖို႔ အဆင္သင့္ပဲ။ ဒါေပမယ့္ အခု ၉ လပဲရွိတဲ့ က်ေနာ့္သမီးက်ေတာ့ မီးျပတ္တာနဲ႔ငိုေတာ့တာပဲ။

၂။ Center of Diversity and National Harmony ဒါ႐ိုက္တာ ေဒါက္တာေက်ာ္ရင္လႈိင္ = ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က ဦးသိန္းစိန္ခ်န္ထားခဲ့တဲ့ အေမြအႏွစ္ပဲ။ ဒါေပမယ့္ အခုအစုိးရက အားလံုးနဲ႔သက္ဆိုင္တဲ့အဆင့္မွာ အဲဒီလုိ ယုံၾကည္မႈမ်ိဳးကုိ ဘယ္တုန္းကမွ မတည္ေဆာက္ႏိုင္ခဲ့ဘူး။

၃။ University of California, Berkeley တြင္ ပါရဂူဘြဲ႔ယူစာတမ္းေရးသားေနသူ ဦးမင္းဇင္= ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ဘယ္လုိဆက္လုပ္ရမယ္ဆုိတဲ့အေပၚမွာ သိပ္ၿပီးျပင္ဆင္ထားတာ မရွိဘူး။ ေနာက္ဆုံး မေအာင္ျမင္တဲ့အခါ သူက စစ္တပ္ရဲ႕အေနအထားကို က်င့္သံုးလာဖြယ္ရာရွိပါတယ္။ ႏုိင္ငံေရးအရေျပာရရင္ ေဒၚေအာင္ဆန္းစုၾကည္အျမင္က စစ္တပ္နဲ႔ အနည္းနဲ႔အမ်ားတူပါတယ္။ NLD သည္ ခိုင္မာေသာမူဝါဒကို အုတ္ျမစ္ခ်ႏိုင္ျခင္း မရွိေသးဘဲ စီးပြားေရးႏွင့္ ႏိုင္ငံျခားေရးရာမ်ားတြင္ ထုတ္ျပန္ေၾကညာခ်က္မ်ားႏွင့္သာ အာဝဇၨန္းရႊင္ေနေၾကာင္း။ NLD ပါတီ ေရြးေကာက္ခံရၿပီး အာဏာရရွိလာျခင္းက ဒီမိုကေရစီတိုက္ပြဲ လံုးဝၿပီးဆံုးသြားျခင္း မဟုတ္ဘဲ အရပ္ဘက္အဖြဲ႔အစည္းမ်ားအပါအဝင္ သက္ဆိုင္ရာ လူပုဂၢိဳလ္အဖြဲ႔အစည္း (stakeholder) အားလံုးပါဝင္လာေစရန္လိုအပ္သည္။ ရည္မွန္းခ်က္က ေရြးေကာက္ခံရေရးထက္ ပိုရပါမယ္။ ဒီလိုမွ မဟုတ္ရင္ က်ေနာ္တို႔ မွာ benevolent authoritarianism (သေဘာေကာင္းတဲ့ အာဏာရွင္ဝါဒ) ျဖစ္လာပါမယ္။

၄။ ဝါရွင္တန္တကၠသိုလ္မွ ျမန္မာ့အေရး အၾကီးတန္းသုေတသီ Mary Callahan = လြန္ခဲ့တဲ့ ၁၅ ႏွစ္ အႏွစ္ ၂ဝ တုန္းက အငွားကားေမာင္းသူေတြနဲ႔ ဆုိက္ကားဆရာေတြက ေဒၚေအာင္ဆန္းစုၾကည္ ေရြးေကာက္ခံရရင္ ျမန္မာႏုိင္ငံမွာ ကားလမ္းပိတ္တာေတြ၊ အက်င့္ပ်က္ျခစားတာေတြ၊ ၿပီးခဲ့တဲ့ႏွစ္ကလုိ ေရႀကီးတာေတြ ငွက္ဖ်ားေရာဂါျဖစ္ပြားတာေတြ ရွိေတာ့မွာ မဟုတ္ဘူးလုိ႔ က်မကုိေျပာၾကတယ္။ လမ္းေဘးေခြးေတြကုိ သုတ္သင္မယ္။ ကမာၻႀကီးပူေႏြးမႈ အဆုံးသတ္မယ္။ ၿပီးေတာ့ လူတုိင္း ၂၄ နာရီ လွ်ပ္စစ္မီးရလိမ့္မယ္လုိ႔ ေျပာၾကတယ္။ ႏိုင္ငံေရးအက်ဥ္းသားမ်ား လႊတ္ေပးျခင္းမ်ားကို ႀကိဳဆိုေသာ္လည္း သာမန္ျပည္သူတို႔၏ဘဝအေပၚ သက္ေရာက္ျခင္းမရွိသည့္ ေျပာင္းလဲမႈမ်ား ျဖစ္သည္။

၅။ ISEAS မွ ျမန္မာ့အေရး အၾကီးတန္း သုေတသီ ေဒါက္တာတင္ေမာင္ေမာင္သန္း = က်ေနာ္တို႔က အခုအခ်ိန္မွာ မလြတ္လပ္တဲ့ ႏိုင္ငံေရးဗဟုဝါဒ (illiberal pluralism) ကေန လြတ္လပ္တဲ့အာဏာရွင္ဝါဒ (liberal authoritarianism) ကို ကူးေျပာင္းေနတာျဖစ္ပါတယ္။ ဒါေပမယ့္ မလြတ္လပ္တဲ့ ႏိုင္ငံေရးဗဟုဝါဒကေန တပိုင္းတစလြတ္လပ္တဲ့ ဒီမိုကေရစီ (quasi-liberal democracy) အထိပဲ ေျပာင္းလဲႏိုင္ပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရက္ ၁ဝဝ မျပည့္ေသးလို႔ပါ။

ကြ်န္ေတာ့္မွတ္ခ်က္
၁။ အလြန္႔အလြန္ေတာ္ၾကကုန္ေသာ သုေတသီမ်ား၊ ဒီမိုကေရစီေရးလႈပ္ရွားသူမ်ားပါတကား။
၂။ ျမန္မာျပည္အေၾကာင္းကို ရစရာမရွိေအာင္ ဗိုလ္လိုေျပာတတ္ၾကကုန္ေသာ ပညာရွင္ၾကီးမ်ားပါတကား။
၃။ တိုင္းျပည္တည္ေဆာက္ေရးအတြက္ အားရစရာေတြကို ကမာၻၾကားေအာင္ ပ်က္ရယ္ျပဳႏိုင္စြမ္းရွိသူမ်ားပါတကား။
၄။ ေဒၚေအာင္ဆန္းစုၾကည္သည္ ဤသို႔ႏွလံုးရည္ျပည့္ဝၾကကုန္ေသာ ျမန္မာပညာရွိၾကီးမ်ားကို ေနရာမေပးျခင္းသည္ မဟာအမွားၾကီးျဖစ္ေတာ့သတည္း။

ေဒါက္တာတင့္ေဆြ
၂၇-၅-၂ဝ၁၆
..........
One-Sided Arguments မဟာအမှားကြီး

ဧရာဝတီသတင်း = စင်ကာပူဖိုရမ်တွင် အစိုးရသစ်အား ဝေဖန်

သောင်္ကြာနေ့က စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော မြန်မာဖိုရမ် ၂ဝ၁၆ တွင် တက်ရောက်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်း။ ယင်းဖိုရမ်ကို ပညာရေးသုတေသနအဖွဲ့အစည်း အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူ (ISEAS) ကမကထပြု ကျင်းပခြင်းဖြစ်ပြီး မြန်မာသုတေသီများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ စီးပွားရေးသမားများ ပါဝင်ခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာက သတင်းရေးသားပေးပို့ခဲ့သည်။

၁။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး = ပြည်သူတွေဟာ ကြီးကြီးမားမား မျှော်လင့်နေကြရုံမက သည်းညည်းခံနိုင်ဖို့လည်း ကြိုးစားနေရတယ်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးလွတ်လပ်မှုများ ပျောက်ဆုံးခဲ့ရခြင်းအပြင် နေ့စဉ်ဘဝနေထိုင်ရေး အခြေခံလိုအပ်ချက်များအတွက်လည်း သည်းမခံချင်ကြတော့ကြောင်း။ ဒုတိယအိမ်လိုဖြစ်ခဲ့တဲ့ အကျဉ်းထောင်ထဲမှာ ကျနော်သည်းခံနိုင်ခဲ့တယ်။ လက်ထဲမှာ ယပ်တောင်ကလေးခပ်ပြီး နေနိုင်ခဲ့တယ်။ NLD အောင်မြင်စေချင်ခဲ့တယ်။ လူတွေက မျှော်လင့်ချက်တွေရှိတယ်ဆိုတော့ သူတို့သည်းခံဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် အခု ၉ လပဲရှိတဲ့ ကျနော့်သမီးကျတော့ မီးပြတ်တာနဲ့ငိုတော့တာပဲ။

၂။ Center of Diversity and National Harmony ဒါရိုက်တာ ဒေါက်တာကျော်ရင်လှိုင် = ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဦးသိန်းစိန်ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ။ ဒါပေမယ့် အခုအစိုးရက အားလုံးနဲ့သက်ဆိုင်တဲ့အဆင့်မှာ အဲဒီလို ယုံကြည်မှုမျိုးကို ဘယ်တုန်းကမှ မတည်ဆောက်နိုင်ခဲ့ဘူး။

၃။ University of California, Berkeley တွင် ပါရဂူဘွဲ့ယူစာတမ်းရေးသားနေသူ ဦးမင်းဇင်= ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတဲ့အပေါ်မှာ သိပ်ပြီးပြင်ဆင်ထားတာ မရှိဘူး။ နောက်ဆုံး မအောင်မြင်တဲ့အခါ သူက စစ်တပ်ရဲ့အနေအထားကို ကျင့်သုံးလာဖွယ်ရာရှိပါတယ်။ နိုင်ငံရေးအရပြောရရင် ဒေါ်အောင်ဆန်းစုကြည်အမြင်က စစ်တပ်နဲ့ အနည်းနဲ့အများတူပါတယ်။ NLD သည် ခိုင်မာသောမူဝါဒကို အုတ်မြစ်ချနိုင်ခြင်း မရှိသေးဘဲ စီးပွားရေးနှင့် နိုင်ငံခြားရေးရာများတွင် ထုတ်ပြန်ကြေညာချက်များနှင့်သာ အာဝဇ္ဇန်းရွှင်နေကြောင်း။ NLD ပါတီ ရွေးကောက်ခံရပြီး အာဏာရရှိလာခြင်းက ဒီမိုကရေစီတိုက်ပွဲ လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်း (stakeholder) အားလုံးပါဝင်လာစေရန်လိုအပ်သည်။ ရည်မှန်းချက်က ရွေးကောက်ခံရရေးထက် ပိုရပါမယ်။ ဒီလိုမှ မဟုတ်ရင် ကျနော်တို့ မှာ benevolent authoritarianism (သဘောကောင်းတဲ့ အာဏာရှင်ဝါဒ) ဖြစ်လာပါမယ်။

၄။ ဝါရှင်တန်တက္ကသိုလ်မှ မြန်မာ့အရေး အကြီးတန်းသုတေသီ Mary Callahan = လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂ဝ တုန်းက အငှားကားမောင်းသူတွေနဲ့ ဆိုက်ကားဆရာတွေက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရရင် မြန်မာနိုင်ငံမှာ ကားလမ်းပိတ်တာတွေ၊ အကျင့်ပျက်ခြစားတာတွေ၊ ပြီးခဲ့တဲ့နှစ်ကလို ရေကြီးတာတွေ ငှက်ဖျားရောဂါဖြစ်ပွားတာတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ကျမကိုပြောကြတယ်။ လမ်းဘေးခွေးတွေကို သုတ်သင်မယ်။ ကမ္ဘာကြီးပူနွေးမှု အဆုံးသတ်မယ်။ ပြီးတော့ လူတိုင်း ၂၄ နာရီ လျှပ်စစ်မီးရလိမ့်မယ်လို့ ပြောကြတယ်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းများကို ကြိုဆိုသော်လည်း သာမန်ပြည်သူတို့၏ဘဝအပေါ် သက်ရောက်ခြင်းမရှိသည့် ပြောင်းလဲမှုများ ဖြစ်သည်။

၅။ ISEAS မှ မြန်မာ့အရေး အကြီးတန်း သုတေသီ ဒေါက်တာတင်မောင်မောင်သန်း = ကျနော်တို့က အခုအချိန်မှာ မလွတ်လပ်တဲ့ နိုင်ငံရေးဗဟုဝါဒ (illiberal pluralism) ကနေ လွတ်လပ်တဲ့အာဏာရှင်ဝါဒ (liberal authoritarianism) ကို ကူးပြောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် မလွတ်လပ်တဲ့ နိုင်ငံရေးဗဟုဝါဒကနေ တပိုင်းတစလွတ်လပ်တဲ့ ဒီမိုကရေစီ (quasi-liberal democracy) အထိပဲ ပြောင်းလဲနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရက် ၁ဝဝ မပြည့်သေးလို့ပါ။

ကျွန်တော့်မှတ်ချက်
၁။ အလွန့်အလွန်တော်ကြကုန်သော သုတေသီများ၊ ဒီမိုကရေစီရေးလှုပ်ရှားသူများပါတကား။
၂။ မြန်မာပြည်အကြောင်းကို ရစရာမရှိအောင် ဗိုလ်လိုပြောတတ်ကြကုန်သော ပညာရှင်ကြီးများပါတကား။
၃။ တိုင်းပြည်တည်ဆောက်ရေးအတွက် အားရစရာတွေကို ကမ္ဘာကြားအောင် ပျက်ရယ်ပြုနိုင်စွမ်းရှိသူများပါတကား။
၄။ ဒေါ်အောင်ဆန်းစုကြည်သည် ဤသို့နှလုံးရည်ပြည့်ဝကြကုန်သော မြန်မာပညာရှိကြီးများကို နေရာမပေးခြင်းသည် မဟာအမှားကြီးဖြစ်တော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၆

No comments:

Post a Comment