Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 11, 2016

ႏုိင္ငံေတာ္အတိုင္ပင္ခံရံုး ဝန္ႀကီးအျဖစ္ သံအမတ္ႀကီး(ၿငိမ္း) ဦးေက်ာ္တင့္ေဆြအား ခန္႔အပ္ရန္ အတည္ျပဳ

သံအမတ္ႀကီး(ၿငိမ္း) ဦးေက်ာ္တင့္ေဆြ
ေနျပည္ေတာ္၊ ေမ ၁၁

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္အျဖစ္ တာဝန္ယူထားသည့္ ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္ လုပ္ငန္းတာဝန္ မ်ားျပားသျဖင့္ ၄င္းအား အေထာက္အကူျပဳႏိုင္ရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး ဝန္ႀကီးအျဖစ္ သံအမတ္ႀကီး(ၿငိမ္း) ဦးေက်ာ္တင့္ေဆြအား ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန္႔အပ္တာဝန္ေပးရျခင္း ျဖစ္ေၾကာင္း ျပည္ေထာင္စုလႊတ္ ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရးေကာ္မရွင္ အဖြဲ႔ဝင္၊ အမ်ိဳးသားဒီမိုကေရ စီအဖြဲ႔ခ်ဳပ္ပါတီ ဗဟိုေကာ္မတီဝင္ ဦးဝင္းထိန္က အတည္ျပဳေျပာသည္။

“ႏိုင္ငံေတာ္အတိုင္ပင္ခံရံုးဖြဲ႔တဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံေတာ္အတိုင္ပင္ခံျဖစ္သလို ႏိုင္ငံျခား ေရးဝန္ႀကီးလည္းျဖစ္တဲ့အတြက္ေၾကာင့္ တာဝန္ေတြမ်ားတယ္၊ အဲ့ဒီတာဝန္ မ်ားတာကို အေထာက္အကူ ေပးႏိုင္ေအာင္လို႔ ဦးေက်ာ္တင့္ေဆြကို ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး ဝန္ႀကီးအျဖစ္နဲ႔ ခန္႔တာျဖစ္တယ္” ဟု ဦးဝင္ထိန္က ရွင္းျပသည္။

ဦးေက်ာ္တင့္ေဆြသည္ ၂၀၁၃ ခုႏွစ္ လက္ပံေတာင္းေတာင္အေရး ဖြဲ႔စည္းခဲ့သည့္ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ေသာ ေကာ္မရွင္အဖြဲ႔တြင္ ပါဝင္ခဲ့သူျဖစ္ၿပီး ယင္းအခ်ိန္မွစ၍ ၄င္း၏ အရည္အခ်င္းမ်ားအား ေဒၚေအာင္ဆန္းစုၾကည္က သတိထားမိေၾကာင္းလည္း ၄င္းက ျဖည့္စြက္ေျပာသည္။

“ေရြးေကာက္ပြဲၿပီးလို႔ အစိုးရဖြဲ႔တဲ့အခါမွာ ဦးေက်ာ္တင့္ေဆြက ေတာ္ေတာ္အေရးပါတဲ့ အခန္း က႑ကေန ပါခဲ့တယ္” ဟု ဦးဝင္းထိန္က ဆိုသည္။
ဝန္ႀကီးဌာနမ်ားတြင္ ဒုတိယဝန္ႀကီးမ်ား ဆက္လက္ခန္႔ထားႏိုင္ဖြယ္ရွိေၾကာင္းလည္း ၄င္းကထပ္ေလာင္းေျပာဆို သည္။

“အလုပ္အေျခအေနေပၚမူတည္ၿပီးေတာ့မွ ခန္႔တယ္၊ ခန္႔ၿပီးတာ ေတာ့ သိတဲ့အတိုင္းပဲ၊ ႏိုင္ငံျခားေရးမွာ တစ္ ေယာက္၊ လယ္/ဆည္၊ ေနာက္လာရင္လည္း လာအုန္းမယ္၊ ဝန္ႀကီး ေတြက သူတို႔လုပ္ငန္းသိပ္မ်ားၿပီးေတာ့ မႏိုင္မနင္းျဖစ္မစိုးလို႔ တင္ျပခ်က္အရ ဒု-ဝန္ႀကီးေတြ ထပ္တိုးခန္႔ဖို႔ အစီ အစဥ္ေတြရွိတယ္” ဟု ဦးဝင္းထိန္က ေျပာသည္။

အစိုးရသစ္လက္ထက္ ဝန္ႀကီးဌာန ၂၃ ခုအား ျပည္ေထာင္စုဝန္ႀကီး ၂၁ ဦး၊ ဒုတိယဝန္ႀကီး ၅ ဦး ႏွင့္ဖြဲ႔စည္း ေဆာင္ရြက္လွ်က္ရွိေသာ္လည္း လုပ္ငန္းလိုအပ္ခ်က္အရ ဒုတိယဝန္ႀကီးမ်ား ခန္႔အပ္သြားဖြယ္ရွိ ေၾကာင္းသိရသည္။

ကိုေပါက္

The Ladies News
https://www.facebook.com/News.TheLadies
...........

သံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေ
နေပြည်တော်၊ မေ ၁၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုပ်ငန်းတာဝန် များပြားသဖြင့် ၄င်းအား အထောက်အကူပြုနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးအဖြစ် သံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က အတည်ပြုပြောသည်။

“နိုင်ငံတော်အတိုင်ပင်ခံရုံးဖွဲ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံဖြစ်သလို နိုင်ငံခြား ရေးဝန်ကြီးလည်းဖြစ်တဲ့အတွက်ကြောင့် တာဝန်တွေများတယ်၊ အဲ့ဒီတာဝန် များတာကို အထောက်အကူ ပေးနိုင်အောင်လို့ ဦးကျော်တင့်ဆွေကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးအဖြစ်နဲ့ ခန့်တာဖြစ်တယ်” ဟု ဦးဝင်ထိန်က ရှင်းပြသည်။

ဦးကျော်တင့်ဆွေသည် ၂၀၁၃ ခုနှစ် လက်ပံတောင်းတောင်အရေး ဖွဲ့စည်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ကော်မရှင်အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ပြီး ယင်းအချိန်မှစ၍ ၄င်း၏ အရည်အချင်းများအား ဒေါ်အောင်ဆန်းစုကြည်က သတိထားမိကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။

“ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့တဲ့အခါမှာ ဦးကျော်တင့်ဆွေက တော်တော်အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါခဲ့တယ်” ဟု ဦးဝင်းထိန်က ဆိုသည်။
ဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများ ဆက်လက်ခန့်ထားနိုင်ဖွယ်ရှိကြောင်းလည်း ၄င်းကထပ်လောင်းပြောဆို သည်။

“အလုပ်အခြေအနေပေါ်မူတည်ပြီးတော့မှ ခန့်တယ်၊ ခန့်ပြီးတာ တော့ သိတဲ့အတိုင်းပဲ၊ နိုင်ငံခြားရေးမှာ တစ် ယောက်၊ လယ်/ဆည်၊ နောက်လာရင်လည်း လာအုန်းမယ်၊ ဝန်ကြီး တွေက သူတို့လုပ်ငန်းသိပ်များပြီးတော့ မနိုင်မနင်းဖြစ်မစိုးလို့ တင်ပြချက်အရ ဒု-ဝန်ကြီးတွေ ထပ်တိုးခန့်ဖို့ အစီ အစဉ်တွေရှိတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

အစိုးရသစ်လက်ထက် ဝန်ကြီးဌာန ၂၃ ခုအား ပြည်ထောင်စုဝန်ကြီး ၂၁ ဦး၊ ဒုတိယဝန်ကြီး ၅ ဦး နှင့်ဖွဲ့စည်း ဆောင်ရွက်လျှက်ရှိသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ဒုတိယဝန်ကြီးများ ခန့်အပ်သွားဖွယ်ရှိ ကြောင်းသိရသည်။

ကိုပေါက်

The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment