Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 11, 2016

ျပည္သူ႔လႊတ္ေတာ္တြင္ တင္သြင္းခြင့္မရခဲ့သည့္ ရခိုင္စစ္ေဘးေရွာင္မ်ား ကူညီေရးအဆို ရခိုင္ျပည္နယ္ လႊတ္ေတာ္တြင္ အတည္ျပဳ


ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနၾကရသည့္ စစ္ေဘးဒုကၡသည္မ်ား ၂၆၀၀ ေက်ာ္အထိ ရွိလာၿပီျဖစ္ရာ ရခိုင္ျပည္နယ္အစိုးရ အေနျဖင့္ အျမန္ဆုံး အကူအညီေပးေရး အတြက္ ေမလ ၁၁ ရက္တြင္ျပဳလုပ္သည့္ ဒုတိယအႀကိမ္ေျမာက္ ရခိုင္ျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေ၀း တတိယေန႕တြင္ အတည္ျပဳဆုံးျဖတ္ခဲ့သည္။

ေက်ာက္ျဖဴၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) လႊတ္ေတာ္ ကိုယ္စားလွယ္ ေက်ာ္လြင္က ေမလ ၉ ရက္ တြင္ စစ္ေဘးေရွာင္မ်ားမွာ ေတာင္ယာႏွင့္ တျခားစိုက္ပ်ိဳးေရး လုပ္ငန္းမ်ားကို အဓိကေျခခံကာ လုပ္ကိုင္စားေသာက္ ေနၾကရသူမ်ားျဖစ္သျဖင့္ ယခုကဲ့သို႔ စိုက္ပ်ိဳးလုပ္ကိုင္ၾကရမည့္ ခ်ိန္တြင္ ေနရပ္စြန္႔ခြာ လာခဲ့ရၿပီး ေနရပ္သို႔ ျပန္လည္သြားေရာက္ရန္ အဆင္မေျပသည့္အတြက္ ရခိုင္ျပည္နယ္ အစိုးရအေနျဖင့္ ယင္းဒုကၡသည္မ်ား၏ စားဝတ္ေနေရး အခက္အခဲမ်ားကို ေျဖရွင္းေပးရန္ အေရးႀကီးအဆို တစ္ရပ္ကို တင္သြင္းခဲ့ရာ သေဘာတူညီခဲ့ၿပီး ေမလ ၁၁ ရက္တြင္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

“ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔အေနနဲ႔ လိုအပ္တဲ့ အေထာက္ပံ့ ကူညီေရးေတြကို လုပ္ေပးဖို႔ လိုအပ္လာၿပီ။ ၿပီးေတာ့ သူတို႔ရဲ႕က်န္းမာေရး၊ ပညာေရ;၊ စားဝတ္ေနေရးစတဲ့ လူမႈဘဝ အေထာက္အကူေတြကို ေပးဖုိ႔ လိုအပ္ပါတယ္” ဟု စစ္ေတြမဲဆႏၵနယ္မွ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္ေဇာဦးက ေထာက္ခံေဆြးေႏြးခဲ့သည္။

ရခိုင္ျပည္နယ္အစိုးရ အဖြဲ႕အေနျဖင့္ ေထာက္ပံ့ကူညီေရးမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ စစ္တမ္းမ်ားကို စနစ္တက် ေကာက္ယူၿပီးမွ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ မၾကာမီကာလအတြင္း မွတ္တမ္းေကာက္ယူေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အစိုးရအဖြဲ႕ကိုယ္စားလွယ္ ျဖစ္သည့္ ရခိုင္ျပည္နယ္ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီး ဗိုလ္မွဴးႀကီးထိန္လင္းက လႊတ္ေတာ္ အစည္းအေ၀းတြင္ ေျပာဆိုခဲ့သည္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေ၀က “ရခုိင္ျပည္နယ္အတြင္း ျမန္မာ့တပ္မေတာ္ႏွင့္ AA တုိင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕တုိ႔အၾကား ျဖစ္ပြားလ်က္ရွိေသာ တုိက္ပြဲမ်ားေၾကာင့္ မိမိေနရပ္အား စြန္႔ခြာ တိမ္းေရွာင္ လာေနၾကသည့္ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားအား ျပည္နယ္အစိုးရ၊ ျပည္ေထာင္စုအစိုးရမ်ား အေနျဖင့္ လိုအပ္ေသာ အကူအညီ အေထာက္အပံ့မ်ား ရရွိႏုိင္ေရးအတြက္ အျမန္ဆံုး စီစဥ္ေဆာင္ရြက္ေပးႏုိင္ရန္ တိုက္တြန္းေၾကာင္း” အေရးႀကီးအဆုိ ကို ေမလ ၆ ရက္က ျပည္သူ႔လႊတ္ေတာ္တြင္္ တင္သြင္းခဲ့ေသာ္လည္း ခြင့္မျပဳခဲ့ေၾကာင္း သိရသည္။

ယင္းကိစၥအေပၚ ေဒၚခင္ေစာေ၀မွ လူမႈ႔ကြန္ရက္မီဒီယတြင္ တင္ခဲ့ရာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒မွ လႊတ္ေတာ္အား အထင္ျမင္မွားေစသည့္ ေျပာဆိုေရးသားခ်က္မ်ားကို ေရွာင္ၾကဥ္ရန္ သတိေပးခဲ့သည္။ ရခိုျပည္နယ္လႊတ္ေတာ္၌ က်င္းပသည့္ ေဆြးေႏြးမႈမ်ားတြင္ အန္အယ္ဒီဘက္မွ ရခိုင္၀န္ၾကီးခ်ဳပ္ အပါအ၀င္ ကိုယ္စားလွယ္မ်ား တက္ေရာက္ျခင္း မရိွေၾကာင္းလည္း သိရသည္။

The Ladies News
https://www.facebook.com/News.TheLadies
.........

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်များ ၂၆၀၀ ကျော်အထိ ရှိလာပြီဖြစ်ရာ ရခိုင်ပြည်နယ်အစိုးရ အနေဖြင့် အမြန်ဆုံး အကူအညီပေးရေး အတွက် မေလ ၁၁ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး တတိယနေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။

ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ကျော်လွင်က မေလ ၉ ရက် တွင် စစ်ဘေးရှောင်များမှာ တောင်ယာနှင့် တခြားစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကခြေခံကာ လုပ်ကိုင်စားသောက် နေကြရသူများဖြစ်သဖြင့် ယခုကဲ့သို့ စိုက်ပျိုးလုပ်ကိုင်ကြရမည့် ချိန်တွင် နေရပ်စွန့်ခွာ လာခဲ့ရပြီး နေရပ်သို့ ပြန်လည်သွားရောက်ရန် အဆင်မပြေသည့်အတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးရန် အရေးကြီးအဆို တစ်ရပ်ကို တင်သွင်းခဲ့ရာ သဘောတူညီခဲ့ပြီး မေလ ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့ အထောက်ပံ့ ကူညီရေးတွေကို လုပ်ပေးဖို့ လိုအပ်လာပြီ။ ပြီးတော့ သူတို့ရဲ့ကျန်းမာရေး၊ ပညာရေ;၊ စားဝတ်နေရေးစတဲ့ လူမှုဘဝ အထောက်အကူတွေကို ပေးဖို့ လိုအပ်ပါတယ်” ဟု စစ်တွေမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ထောက်ခံဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ထောက်ပံ့ကူညီရေးများ ပြုလုပ်နိုင်ရန်အတွက် စစ်တမ်းများကို စနစ်တကျ ကောက်ယူပြီးမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း မှတ်တမ်းကောက်ယူရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ကိုယ်စားလှယ် ဖြစ်သည့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မိမိနေရပ်အား စွန့်ခွာ တိမ်းရှောင် လာနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရများ အနေဖြင့် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း” အရေးကြီးအဆို ကို မေလ ၆ ရက်က ပြည်သူ့လွှတ်တော်တွင်် တင်သွင်းခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ဒေါ်ခင်စောဝေမှ လူမှု့ကွန်ရက်မီဒီယတွင် တင်ခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ လွှတ်တော်အား အထင်မြင်မှားစေသည့် ပြောဆိုရေးသားချက်များကို ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။ ရခိုပြည်နယ်လွှတ်တော်၌ ကျင်းပသည့် ဆွေးနွေးမှုများတွင် အန်အယ်ဒီဘက်မှ ရခိုင်ဝန်ကြီးချုပ် အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment