Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 10, 2016

ရိုဟင်ဂျာလို့ အမေရိကန် ဆက်ခေါ်မယ်

ပိတ်ဆို့မှုကို ပြန်သုံးသပ်မယ်
အမေရိကန်အစိုးရက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတာကို ပြောင်းလဲဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပေမယ့် အမေရိကန် အစိုးရ အနေနဲ့ ရိုဟင်ဂျာလို့ပဲ ဆက်လက်သုံးစွဲမယ်လို့ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောပါတယ်။

မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့ အမေရိကန် စင်တာမှာ ပြုလုပ်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ သံအမတ်ကြီး စကော့မာစီရယ်က ပြောခဲ့တာ ဖြစ်ပါတယ်။

လူ့အဖွဲ့ အစည်းတခုကို သူတို့ခေါ်စေချင်တဲ့ အတိုင်း ခေါ်တာဟာ နိုင်ငံတကာရဲ့ ချဉ်းကပ်မှု အစဉ်အလာဖြစ်လို့ အမေရိကန်အနေနဲ့ ရိုဟင်ဂျာလို့ပဲ ဆက်လက် ခေါ်ဝေါ် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တချို့အပေါ်မှာ ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုကို ပြန်လည် သုံးသပ်မယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ပိတ်ဆို့မှု တော်တော်များများကို လျှော့ပေါ့ပေးခဲ့ပေမယ့် စစ်အစိုးရနဲ့ ပူးပေါင်းစီးပွားရှာပြီး ကြီးပွားခဲ့သူ ခရိုနီတချို့ကိုတော့ ဆက်လက်ပစ်မှတ်ထားပိတ်ဆို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အစိုးရ တက်လာပြီးနောက် ပြန်လည်သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment