Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 10, 2016

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်ကကန့်ကွက်သူမရှိ အတည်ပြု


နေပြည်တော်၊ မေ ၁၀

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန တိုးချဲ့ ဖွဲ့စည်းရန် တင်ပြချက်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

အစိုးရသစ် ဖော်ဆောင်နေသော အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံပရုံး ဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က လွှတ်တော်၏ သဘောထား ရယူပေးရန် မေလ ၅ ရက်က ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြိုတင်တောင်းခံခဲ့သော်လည်း အမည်စာရင်း တင်သွင်းသူ တစ်ဦးမျှ မရှိသည့်အတွက် ဆွေးနွေးရန် မလိုဘဲ ပြည်ထောင်စုလွှတ်တော်က သဘောတူညီလိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တောင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပြီး အတည်ပြုကြောင်း ကြေငြာခဲ့ခြင်း ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor

No comments:

Post a Comment