![]() |
| လက်ပံတောင်း တောင်သူ လယ်သမားများ (Credit: ABC) |
လက်ပံတောင်းတောင် ဒေသခံတွေဟာ အရင်တစ်ပတ် ဗုဒ္ဓဟူးနေ့ကတည်းက ဆန္ဒပြမှုတွေ လုပ်လာတာ ဖြစ်ပြီး ဝမ်ပေါင် ကုမ္ပဏီကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
မြေတွေ မတရား သိမ်းပိုက်ခံရပြီး ထိုက်သင့်တွေ လျော်ကြေးတွေ၊ စိုက်ပျိုးခင်းက အပင်တွေရဲ့ လျော်ကြေးတွေ ရရှိဖို့ ဆန္ဒပြကြတာလို့ သိရပါတယ်။
တရုတ် အစိုးရက နိုင်ငံခြားမှာ ရင်းနှီးမြုပ်နှံတွေ တရုတ် ကုမ္ပဏီအနေနဲ့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို လေးစားပြီး လူမှုဘဝ တိုးတက်ရေးအတွက် လုပ်ဆောင်သင့်တဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် လုပ်ဆောင်ဖို့ ပြောကြားလိုက်ပါတယ်။
နှစ်နိုင်ငံအတွက် အကျိုးအမြတ် ရရှိစေမယ့် စီမံကိန်းတွေကို ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာကို မြန်မာနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:
Post a Comment