Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 10, 2016

စစ်ဘေးဒုက္ခသည်တွေအတွက် အဆိုတင်သွင်းဖို့ ကြိုးစားရာမှာ ခွင့်ပြုချက်မရ


ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ကို ခွင့်မပြုဘဲ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပယ်ချလိုက် ပါတယ်။

ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်မပြုတဲ့အတွက် ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကိစ္စကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးပြီး တောင်းဆိုသွားမယ် လို့ အဆိုတင်သွင်းဖို့ ကြိုးစားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၂ ယောက် လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြတောင်းဆိုမှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့မေလ ၂ ရက်နေ့က ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် က AA လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး နိုင် ငံရေး ဆွေးနွေးပွဲကို ဖိတ်ခေါ်ဆွေးနွေးဖို့ အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့တာကြောင့် ဒေါ်ခင်စောဝေ တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ခွင့်မပြုတာဖြစ်ကြောင်း ဒေါ်ခင်စောဝေ က ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့ နယ်တွေမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါးရှိနေပြီဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment