Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 10, 2016

ျမန္မာယူအုိင္ဘီ အထည္ခ်ဳပ္လုပ္သားမ်ား လစာမရ၍ စုေပါင္းေတာင္းဆုိ


လိႈင္သာယာ ေမ ၉

အင္းစိန္ၿမိဳ႕နယ္ တညင္းကုန္းအပုိင္ (၁၄) လမ္းဆုံအနီးရွိ စက္မႈဇုန္ လုပ္သားအိမ္ရာ စီမံကိန္းဝင္း၏ ေက်ာဘက္တြင္ရွိေသာ ျမန္မာယူအုိင္ဘီ အထည္ခ်ဳပ္စက္႐ုံ အလုပ္ သမားမ်ားသည္ ၎တုိ႔၏ ဧၿပီလ လုပ္ခလစာမ်ား မရရွိေသးသည့္အတြက္ ေမ ၉ ရက္ မြန္းလြဲပုိင္းမွစ၍ လုပ္လက္စအလုပ္မ်ားကုိ ရပ္တန္႔ၿပီး လစာရရွိေရး စက္႐ုံဝင္းအတြင္း၌ စုေပါင္းေတာင္းဆုိလ်က္ရွိသည္။

''အရင္လေတြက လဆန္း ၇ ရက္၊ ၈ ရက္ဆုိရင္ေပးပါတယ္။ အခု ၉ ရက္ေန႔ေရာက္ၿပီ မေပးေသးဘူး။ ၁၄ ရက္ေန႔ေတာင္ မေသခ်ာဘူးလုိ႔ ေျပာေနပါတယ္။ သမီးတုိ႔ဘက္က အခက္အခဲေတြအမ်ားႀကီး ေရာက္ကုန္ၿပီ။ မန္ေနဂ်ာ မနီခ်ဳိကလည္း ဘာမွ အာမခံခ်က္မေပးႏုိင္ဘူး။ အလုပ္ရွင္ကလည္း စက္႐ုံကုိ မလာတာၾကာၿပီ။ ဒါေၾကာင့္ ကြၽန္မတုိ႔က အလုပ္ရပ္ၿပီး လစာရဖုိ႔ ေတာင္းဆုိ ရတာပါ။ ၫႊန္ခ်ဳပ္ ဦးဝင္းရွိန္ကုိလည္း မနက္ပုိင္းက ဖုန္းဆက္ၿပီး တုိင္ထားတယ္။ လူလႊတ္ေပးမယ္။ ရွင္းေပးမယ္ ေျပာတယ္။ ခုထိဘာမွ ျဖစ္မလာဘူး။ အင္းစိန္ေလဘာ႐ုံးကုိ သြားတဲ့ တစ္ဖြဲ႕လည္း အခုပဲေရာက္တယ္။ မန္ေနဂ်ာနဲ႔ ေလဘာ႐ုံးက လူႀကီး ေတြနဲ႔ စကားေျပာၾကတယ္။ မန္ေနဂ်ာဘက္က ၁၄ ရက္ေန႔ကုိ ေတာင္ မေသခ်ာေသးဘူး ေျပာတယ္။ သူေဌးကုိ ဖုန္းဆက္လုိ႔မရဘူး ေျပာေနတယ္။ ကြၽန္မတုိ႔ေတာ့ ဒုကၡ ေရာက္ရၿပီ''ဟု ယင္းစက္႐ုံမွ အလုပ္ သမားတစ္ဦးျဖစ္သူ မမီးမီးက ေျပာသည္။

ျမန္မာယူအုိင္ဘီ အထည္ခ်ဳပ္ စက္႐ုံသည္ လုပ္သားအင္အား ၆ဝဝ ေက်ာ္ျဖင့္ လည္ပတ္ေနေသာ စက္႐ုံ ျဖစ္ၿပီး ဥပေဒအရ လစာေပးရမည့္ ရက္ထက္ ေက်ာ္လြန္ေနေသာ စက္႐ုံ ျဖစ္သျဖင့္ အလုပ္သမားၫႊန္ၾကားမႈ ဦးစီးဌာန ၿမိဳ႕နယ္႐ုံးမွ မည္သုိ႔ စီမံ ေဆာင္ရြက္မည္ကုိ အလုပ္သမားမ်ားက ေစာင့္ၾကည့္ေနၾကသည္။ထို႔ျပင္ အလုပ္သမားမ်ားက စက္႐ုံ ရပ္နားၿပီး အလုပ္ရွင္ တိမ္းေရွာင္သြားမည္ကုိ စုိးရိမ္ေၾကာင့္ၾကေန ၾကေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည္။

အလုပ္ရွင္ထံ ဖုန္းဆက္သြယ္ ေခၚဆုိၾကည့္ေသာ္လည္း ဆက္သြယ္မႈ မရခဲ့ပါ။ ေမ ၉ ရက္က ၿမိဳ႕နယ္ညိႇႏိႈင္း ျဖန္ေျဖေရး႐ုံးတြင္ လစာေပးရန္ကိစၥ အလုပ္သမားကုိယ္စားလွယ္တခ်ဳိ႕ ႏွင့္ စက္႐ုံမွ မန္ေနဂ်ာ ေဒၚနီခ်ဳိတုိ႔ ျဖန္ေျဖေရးအဖြဲ႕ဝင္ ဦးသန္းထုိက္၏ ေရွ႕ေမွာက္တြင္ ေျပာဆိုေဆြးေႏြး ခဲ့ၾကေသာ္လည္း မန္ေနဂ်ာက အလုပ္ရွင္ႏွင့္ ဆက္သြယ္မႈမရရွိ ေၾကာင္း၊ လစာအျမန္ဆုံးရရွိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း ေျပာသြားခဲ့သည္။

သုိ႔ေသာ္လည္း အလုပ္သမားမ်ား ဘက္ကမူ ၎တုိ႔လစာမ်ား မရရွိေသးပါက လုပ္ငန္းခြင္မဝင္ေတာ့ဘဲ ဆက္လက္ေတာင္းဆုိသြားမည္ျဖစ္ေၾကာင္း၊ စက္ကုိင္မ်ားႏွင့္ ဌာနမ်ားမွ ကုိယ္စားလွယ္တစ္ဦးစီ ပါဝင္ေသာ ကုိယ္စားလွယ္အဖြဲ႕ဖြဲ႕ၿပီး စနစ္တက် ျဖင့္ လစာရရွိေရး ေတာင္းဆုိသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေရႊျမင့္ဦး(ေရႊျပည္သာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
......

လှိုင်သာယာ မေ ၉

အင်းစိန်မြို့နယ် တညင်းကုန်းအပိုင် (၁၄) လမ်းဆုံအနီးရှိ စက်မှုဇုန် လုပ်သားအိမ်ရာ စီမံကိန်းဝင်း၏ ကျောဘက်တွင်ရှိသော မြန်မာယူအိုင်ဘီ အထည်ချုပ်စက်ရုံ အလုပ် သမားများသည် ၎င်းတို့၏ ဧပြီလ လုပ်ခလစာများ မရရှိသေးသည့်အတွက် မေ ၉ ရက် မွန်းလွဲပိုင်းမှစ၍ လုပ်လက်စအလုပ်များကို ရပ်တန့်ပြီး လစာရရှိရေး စက်ရုံဝင်းအတွင်း၌ စုပေါင်းတောင်းဆိုလျက်ရှိသည်။

''အရင်လတွေက လဆန်း ရ ရက်၊ ၈ ရက်ဆိုရင်ပေးပါတယ်။ အခု ၉ ရက်နေ့ရောက်ပြီ မပေးသေးဘူး။ ၁၄ ရက်နေ့တောင် မသေချာဘူးလို့ ပြောနေပါတယ်။ သမီးတို့ဘက်က အခက်အခဲတွေအများကြီး ရောက်ကုန်ပြီ။ မန်နေဂျာ မနီချိုကလည်း ဘာမှ အာမခံချက်မပေးနိုင်ဘူး။ အလုပ်ရှင်ကလည်း စက်ရုံကို မလာတာကြာပြီ။ ဒါကြောင့် ကျွန်မတို့က အလုပ်ရပ်ပြီး လစာရဖို့ တောင်းဆို ရတာပါ။ ညွှန်ချုပ် ဦးဝင်းရှိန်ကိုလည်း မနက်ပိုင်းက ဖုန်းဆက်ပြီး တိုင်ထားတယ်။ လူလွှတ်ပေးမယ်။ ရှင်းပေးမယ် ပြောတယ်။ ခုထိဘာမှ ဖြစ်မလာဘူး။ အင်းစိန်လေဘာရုံးကို သွားတဲ့ တစ်ဖွဲ့လည်း အခုပဲရောက်တယ်။ မန်နေဂျာနဲ့ လေဘာရုံးက လူကြီး တွေနဲ့ စကားပြောကြတယ်။ မန်နေဂျာဘက်က ၁၄ ရက်နေ့ကို တောင် မသေချာသေးဘူး ပြောတယ်။ သူဌေးကို ဖုန်းဆက်လို့မရဘူး ပြောနေတယ်။ ကျွန်မတို့တော့ ဒုက္ခ ရောက်ရပြီ''ဟု ယင်းစက်ရုံမှ အလုပ် သမားတစ်ဦးဖြစ်သူ မမီးမီးက ပြောသည်။

မြန်မာယူအိုင်ဘီ အထည်ချုပ် စက်ရုံသည် လုပ်သားအင်အား ၆ဝဝ ကျော်ဖြင့် လည်ပတ်နေသော စက်ရုံ ဖြစ်ပြီး ဥပဒေအရ လစာပေးရမည့် ရက်ထက် ကျော်လွန်နေသော စက်ရုံ ဖြစ်သဖြင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မြို့နယ်ရုံးမှ မည်သို့ စီမံ ဆောင်ရွက်မည်ကို အလုပ်သမားများက စောင့်ကြည့်နေကြသည်။ထို့ပြင် အလုပ်သမားများက စက်ရုံ ရပ်နားပြီး အလုပ်ရှင် တိမ်းရှောင်သွားမည်ကို စိုးရိမ်ကြောင့်ကြနေ ကြကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်ရှင်ထံ ဖုန်းဆက်သွယ် ခေါ်ဆိုကြည့်သော်လည်း ဆက်သွယ်မှု မရခဲ့ပါ။ မေ ၉ ရက်က မြို့နယ်ညှိနှိုင်း ဖြန်ဖြေရေးရုံးတွင် လစာပေးရန်ကိစ္စ အလုပ်သမားကိုယ်စားလှယ်တချို့ နှင့် စက်ရုံမှ မန်နေဂျာ ဒေါ်နီချိုတို့ ဖြန်ဖြေရေးအဖွဲ့ဝင် ဦးသန်းထိုက်၏ ရှေ့မှောက်တွင် ပြောဆိုဆွေးနွေး ခဲ့ကြသော်လည်း မန်နေဂျာက အလုပ်ရှင်နှင့် ဆက်သွယ်မှုမရရှိ ကြောင်း၊ လစာအမြန်ဆုံးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောသွားခဲ့သည်။

သို့သော်လည်း အလုပ်သမားများ ဘက်ကမူ ၎င်းတို့လစာများ မရရှိသေးပါက လုပ်ငန်းခွင်မဝင်တော့ဘဲ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ စက်ကိုင်များနှင့် ဌာနများမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဖွဲ့ပြီး စနစ်တကျ ဖြင့် လစာရရှိရေး တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေမြင့်ဦး(ရွှေပြည်သာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment