Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 2, 2016

ဆုိး၀ါးတဲ့ဘက္တီးရီးယားေၾကာင့္ မ်က္ႏွာနဲ႔ကိုယ္အဂၤါေတြဆုံး႐ႈံးခဲ့သူ



By netsetaw -  April 28, 2016 11585

အနာမ်ိဳး (၉၆)ပါးထဲမွာ ဒီေရာဂါ ပါမပါေတာ့ မသိပါဘူး။ ဒါေပမယ့္ ေသခ်ာတာကေတာ့ ဒီေရာဂါ ခံစားမိသူေတြဟာ တစ္
သက္လုံး လူစဥ္မီဖုိ႔ မျဖစ္ႏုိင္ေတာ့ဘူးဆုိတာပါဘဲ။ အသိေနာက္က်ရင္ အသက္ေတာင္ အႏၱရယ္ေပးႏုိ္င္တဲ့ အေျခအေန
ပါ။ အဲဒီေရာဂါက ဘာလဲဆုိရင္ ခႏၶာကုိယ္အစိတ္အပိုင္းေတြကုိ စားေသာက္တဲ့ ဘက္တီးရီးယားပုိးေတြ တြယ္ကပ္တဲ့ေရာ
ဂါ-လုိ႔ ရွည္ရွည္ေ၀းေ၀း မွတ္ထားရမယ့္ ေရာဂါျဖစ္ပါတယ္။ ဒီေရာဂါကုိ ခံစားခဲ့ရသူကေတာ့ Stockbridge, Hants မွာ ေန
ထုိင္တဲ့ ကေလးတစ္ေယာက္ရဲ႕ ဖခင္ Alex Lewis ျဖစ္ပါတယ္။


မၾကာခင္က Alex Lewis ဟာ တုပ္ေကြးျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ အရမ္းဆုိး၀ါးတဲ့ဘက္တီးရီးယားေတြ ခႏၶာကုိယ္မွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး သူ႕ရဲ႕ ကုိယ္အဂၤါအစိတ္အပုိင္းေတြကို စားသုံးပစ္ခဲ့ပါတယ္။ အဲဒီေနာက္ ေဆး႐ုံကုိ အေရးေပၚေျပးခဲ့ရၿပီး ဆရာ၀န္ေတြက ခြဲစိပ္မႈမလုပ္ခင္မွာ အသက္ရွင္သန္ဖုိ႔ 3%သာ အာမခံခ်က္ေပးႏုိင္ေၾကာင္း သတိေပးခဲ့ပါတယ္။ အဲဒီ
အခ်က္ဟာ Alex အတြက္ေတာ့ အေရးမႀကီးပါဘူး။ ဘာေၾကာင့္ဆုိ အသက္ သုံးႏွစ္ခြဲအရြယ္သာ ရွိေသးတဲ့ သူ႕သားငယ္
ဟာ ပုံပ်က္ပန္းပ်က္ ခြဲစိပ္မႈအၿပီးမွာ သူ႕ကုိ သရဲတေစၦတစ္ေကာင္လုိ ေၾကာက္ရြံ႕သြားမွာကုိသာ သူ အစိုးရိမ္ဆုံးပါ။ ဒီအ
တြက္ သူ႕သားနဲ႔ ႏႈတ္နဲ႕သေဘာတူညီမႈ ရခဲ့ၿပီး ခြဲစိပ္မႈကို လက္ခံလုိက္ပါတယ္။ ဘက္တီးရီးယားေတြဟာ သူ႕ရဲ႕ ေျခလက္
ေတြနဲ႔ မ်က္ႏွာတစ္၀က္နီးပါးကုိ စားၿပီးၿပီျဖစ္လုိ႔ ဆရာ၀န္ေတြဟာ အဲဒီအစိတ္အပုိင္းေတြကို ခြဲထုတ္ပစ္လုိက္ရပါတယ္။ 17 နာရီၾကာ ခြဲစိပ္မႈအပါအ၀င္ ခြဲစိပ္မႈ ဒါဇင္နဲ႔ခ်ီျပဳလုပ္ခဲ့ရၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကုိ ဒူးအရင္းမွ ျဖတ္ခဲ့ရသလုိ၊ ဘယ္ဘက္
လက္ကုိ လက္ဖ်ံေအာက္မွ ျဖတ္ခဲ့ရပါတယ္။ ဒါ့အျပင္ ပါးစပ္ေဘးမွာရွိတဲ့ အသားစေတြကိုလည္း လွီးထုတ္လုိက္ရပါ
တယ္။ Alex ဟာ 2013 ခုႏွစ္ ႏုိ၀င္ဘာလကတည္းက(normally harmless blood infection Group A streptococcus)
ဆုိတဲ့ ေရာဂါလကၡဏာ စၿပီးခဲ့စားခဲ့ရသူျဖစ္ပါတယ္။

ယခုအခ်ိန္မွာ သူ႕အေၾကာင္းကို Channel 4 မွ The Extraordinary Case of Alex Lewis အမည္ရ အပုိင္းတြဲ မွတ္တမ္း
ရုပ္ရွင္ ႐ုိက္ကူးမႈမ်ား ျပဳလုပ္လွ်က္ရွိပါတယ္။ သူ႕ရဲ႕ ေရာဂါဆုိးႀကီးနဲ႕ ပတ္သက္လုိ႔ Alex က ” သုံးႏွစ္ခြဲသာ ရွိေသးတဲ့
ကၽြန္ေတာ့္သားေလးေနရာမွာ ကၽြန္ေတာ္ ၀င္ခံစားမိတယ္ … ဒီအရြယ္မွာ ငါသာဆုိ ငါ့အေဖကုိ ဒီလုိပုံပ်က္ပန္းပ်က္နဲ႕
ေတြ႕ရဲပါ့မလားဆုိၿပီးေပါ့ … ဒါေပမယ့္ အခု ထြက္ေပၚလာတဲ့ ရလာဒ္အရ … တကယ့္ကို အျပဳသေဘာ ေဆာင္ခဲ့ပါ
တယ္ .. ” လုိ႔ ဖြင့္ဟခဲ့ပါတယ္။ ဇနီးျဖစ္သူ Lucy ကို ဒီေလာက္ ႐ုပ္ဆုိး လူစဥ္မမီတဲ့ ခင္ပြန္းသည္ကုိ မစြန္႔လႊတ္ခ်င္ဘူး
လားလုိ႔ ေမးတဲ့အခါမွာ Lucy က ေခါင္းကို တြင္တြင္ခါကာ ျငင္းလုိက္ၿပီး ” ကၽြန္မသူ႕ကုိ သိပ္ခ်စ္ပါတယ္ … ကၽြန္မတစ္သက္မွာ လူတစ္ေယာက္ကို ဒီလုိလႈိက္လႈိက္လွဲလွဲခ်စ္တာ ဒါက … ပထမဆုံးမုိ႔ ဘယ္ေတာ့မွ မစြန္႔လႊတ္ပါဘူး “လုိ႔ ဂုဏ္ယူစြာ ေျဖၾကားခဲ့ပါတယ္။ ယခုအခ်ိန္မွာ Alex ဟာ လမ္းေလွ်ာက္ျခင္း၊ ၀ွီးခ်ဲမွာထုိင္ျခင္း၊ စကားပီသေအာင္ ေျပာဆုိျခင္းမ်ား
သင္ယူေနပါတယ္။

source : thesun.co.uk

........................................

ဆိုးဝါးတဲ့ဘက်တီးရီးယားကြောင့် မျက်နှာနဲ့ကိုယ်အင်္ဂါတွေဆုံးရှုံးခဲ့သူ
By netsetaw -  April 28, 2016 11585

အနာမျိုး (၉၆)ပါးထဲမှာ ဒီရောဂါ ပါမပါတော့ မသိပါဘူး။ ဒါပေမယ့် သေချာတာကတော့ ဒီရောဂါ ခံစားမိသူတွေဟာ တစ်
သက်လုံး လူစဉ်မီဖို့ မဖြစ်နိုင်တော့ဘူးဆိုတာပါဘဲ။ အသိနောက်ကျရင် အသက်တောင် အန္တရယ်ပေးနို်င်တဲ့ အခြေအနေ
ပါ။ အဲဒီရောဂါက ဘာလဲဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စားသောက်တဲ့ ဘက်တီးရီးယားပိုးတွေ တွယ်ကပ်တဲ့ရော
ဂါ-လို့ ရှည်ရှည်ဝေးဝေး မှတ်ထားရမယ့် ရောဂါဖြစ်ပါတယ်။ ဒီရောဂါကို ခံစားခဲ့ရသူကတော့ Stockbridge, Hants မှာ နေ
ထိုင်တဲ့ ကလေးတစ်ယောက်ရဲ့ ဖခင် Alex Lewis ဖြစ်ပါတယ်။


မကြာခင်က Alex Lewis ဟာ တုပ်ကွေးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အရမ်းဆိုးဝါးတဲ့ဘက်တီးရီးယားတွေ ခန္ဓာကိုယ်မှာ ပျံ့နှံ့လာခဲ့ပြီး သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စားသုံးပစ်ခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံကို အရေးပေါ်ပြေးခဲ့ရပြီး ဆရာဝန်တွေက ခွဲစိပ်မှုမလုပ်ခင်မှာ အသက်ရှင်သန်ဖို့ 3%သာ အာမခံချက်ပေးနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ အဲဒီ
အချက်ဟာ Alex အတွက်တော့ အရေးမကြီးပါဘူး။ ဘာကြောင့်ဆို အသက် သုံးနှစ်ခွဲအရွယ်သာ ရှိသေးတဲ့ သူ့သားငယ်
ဟာ ပုံပျက်ပန်းပျက် ခွဲစိပ်မှုအပြီးမှာ သူ့ကို သရဲတစ္ဆေတစ်ကောင်လို ကြောက်ရွံ့သွားမှာကိုသာ သူ အစိုးရိမ်ဆုံးပါ။ ဒီအ
တွက် သူ့သားနဲ့ နှုတ်နဲ့သဘောတူညီမှု ရခဲ့ပြီး ခွဲစိပ်မှုကို လက်ခံလိုက်ပါတယ်။ ဘက်တီးရီးယားတွေဟာ သူ့ရဲ့ ခြေလက်
တွေနဲ့ မျက်နှာတစ်ဝက်နီးပါးကို စားပြီးပြီဖြစ်လို့ ဆရာဝန်တွေဟာ အဲဒီအစိတ်အပိုင်းတွေကို ခွဲထုတ်ပစ်လိုက်ရပါတယ်။ 17 နာရီကြာ ခွဲစိပ်မှုအပါအဝင် ခွဲစိပ်မှု ဒါဇင်နဲ့ချီပြုလုပ်ခဲ့ရပြီး ခြေထောက်နှစ်ချောင်းကို ဒူးအရင်းမှ ဖြတ်ခဲ့ရသလို၊ ဘယ်ဘက်
လက်ကို လက်ဖျံအောက်မှ ဖြတ်ခဲ့ရပါတယ်။ ဒါ့အပြင် ပါးစပ်ဘေးမှာရှိတဲ့ အသားစတွေကိုလည်း လှီးထုတ်လိုက်ရပါ
တယ်။ Alex ဟာ 2013 ခုနှစ် နို၀င်ဘာလကတည်းက(normally harmless blood infection Group A streptococcus)
ဆိုတဲ့ ရောဂါလက္ခဏာ စပြီးခဲ့စားခဲ့ရသူဖြစ်ပါတယ်။

ယခုအချိန်မှာ သူ့အကြောင်းကို Channel 4 မှ The Extraordinary Case of Alex Lewis အမည်ရ အပိုင်းတွဲ မှတ်တမ်း
ရုပ်ရှင် ရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိပါတယ်။ သူ့ရဲ့ ရောဂါဆိုးကြီးနဲ့ ပတ်သက်လို့ Alex က ” သုံးနှစ်ခွဲသာ ရှိသေးတဲ့
ကျွန်တော့်သားလေးနေရာမှာ ကျွန်တော် ၀င်ခံစားမိတယ် … ဒီအရွယ်မှာ ငါသာဆို ငါ့အဖေကို ဒီလိုပုံပျက်ပန်းပျက်နဲ့
တွေ့ရဲပါ့မလားဆိုပြီးပေါ့ … ဒါပေမယ့် အခု ထွက်ပေါ်လာတဲ့ ရလာဒ်အရ … တကယ့်ကို အပြုသဘော ဆောင်ခဲ့ပါ
တယ် .. ” လို့ ဖွင့်ဟခဲ့ပါတယ်။ ဇနီးဖြစ်သူ Lucy ကို ဒီလောက် ရုပ်ဆိုး လူစဉ်မမီတဲ့ ခင်ပွန်းသည်ကို မစွန့်လွှတ်ချင်ဘူး
လားလို့ မေးတဲ့အခါမှာ Lucy က ခေါင်းကို တွင်တွင်ခါကာ ငြင်းလိုက်ပြီး ” ကျွန်မသူ့ကို သိပ်ချစ်ပါတယ် … ကျွန်မတစ်သက်မှာ လူတစ်ယောက်ကို ဒီလိုလှိုက်လှိုက်လှဲလှဲချစ်တာ ဒါက … ပထမဆုံးမို့ ဘယ်တော့မှ မစွန့်လွှတ်ပါဘူး “လို့ ဂုဏ်ယူစွာ ဖြေကြားခဲ့ပါတယ်။ ယခုအချိန်မှာ Alex ဟာ လမ်းလျှောက်ခြင်း၊ ၀ှီးချဲမှာထိုင်ခြင်း၊ စကားပီသအောင် ပြောဆိုခြင်းများ
သင်ယူနေပါတယ်။

source : thesun.co.uk

No comments:

Post a Comment