Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 25, 2016

ဖံုးခြန္ ၅ % မွ ရရိွေငြ တစ္လ က်ပ္ သန္း ၇၅၀၀ ကို ပညာေရး ရက္ ၁၀၀ စီမံကိန္းအတြက္ သံုးမည္

မုိဘုိင္းဆက္သြယ္ေရးေအာ္ပေရတာသုံးခုမွတစ္ဆင့္ သုံးစြဲသူမ်ားထံမွ ရရွိေသာ ဖုန္းေျပာဆုိခအခြန္ေငြမ်ားကို အစုိးရသစ္၏ ပထမရက္တစ္ရာစီမံခ်က္တြင္ ပညာေရးဆုိင္ရာလုပ္ငန္းမ်ား၌ အသုံးခ်သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ သတင္းရရွိသည္။

ဧၿပီ ၁ရက္မွစတင္၍ မုိဘုိင္းဖုန္းသုံးစြဲသူမ်ားထံမွ ဖုန္းေျပာဆုိခအခြန္ ၅ ရာခုိင္ႏႈန္းေကာက္ခံခဲ့ရာ တစ္လလွ်င္က်ပ္ေငြ ၇ဒသမ၅ဘီ လီယံခန္႔ရရွိခဲ့ၿပီး အစုိးရသစ္၏ ပထမရက္တစ္ရာစီမံခ်က္တြင္ ျပည္သူလူထုအတြက္ တုိက္႐ုိက္အက်ဳိးရွိေစရန္ပညာေရးက႑၌ အသုံးခ်သြားမည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ဦးမင္းထြဋ္ကေျပာသည္။

‘‘လစဥ္ဆက္သြယ္ေရးေအာ္ပေရတာသုံးခုက အခြန္ေငြကိုေပးသြင္းတယ္။ အဲဒီအခြန္ေငြေတြကို ေလာေလာဆယ္ ပညာေရးအတြက္ သုံးမယ္။ ရရွိတဲ့အခြန္ေငြေတြကို ပညာေရး၀န္ႀကီးဌာနကို လႊဲေျပာင္းေပးသြားမွာ’’ ဟု အထက္ပါၫႊန္ၾကားေရးမွဴးခ်ဳပ္က ဆက္လက္ေျပာၾကားသည္။

စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာနမွ ပထမရက္တစ္ရာစီမံခ်က္တြင္ ျပည္သူမ်ားအတြက္လုပ္ေဆာင္မည့္အေၾကာင္းအရာမ်ား၌ အထက္ပါအခ်က္မွာ တစ္ခုအပါအ၀င္ျဖစ္ၿပီး ဖုန္းေျပာဆုိခအခြန္ ၅ ရာခုိင္ႏႈန္းေကာက္ခံမႈမ်ားမွ ရရွိသည့္ဘတ္ဂ်က္မ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈမ်ားႏွင့္ ပညာေရးက႑မ်ားတြင္ ထိေရာက္စြာအသုံးျပဳျခင္းျဖင့္ ျပည္သူမ်ားကို၀န္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း ႏုိင္ငံပုိင္မီဒီယာမ်ားမွတစ္ဆင့္ ေမလ၂၁ရက္၌ ထုတ္ျပန္ေၾကညာခဲ့သည္။

စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာနသည္ အစုိးရသစ္ရက္တစ္ရာစီမံခ်က္ကုန္လြန္မွသာ ဖုန္းေျပာဆုိခအခြန္မ်ားကို ႏုိင္ငံေတာ္ဘတ္ဂ်က္အျဖစ္ အပ္ႏံွမည္ျဖစ္ေၾကာင္း ဦးမင္းထြဋ္ကရွင္းျပသည္။

Source: 7 Days
.......
ဖုံးခွန် ၅ % မှ ရရှိငွေ တစ်လ ကျပ် သန်း ရ၅၀၀ ကို ပညာရေး
ရက် ၁၀၀ စီမံကိန်းအတွက် သုံးမည် ...

မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာသုံးခုမှတစ်ဆင့် သုံးစွဲသူများထံမှ ရရှိသော ဖုန်းပြောဆိုခအခွန်ငွေများကို အစိုးရသစ်၏ ပထမရက်တစ်ရာစီမံချက်တွင် ပညာရေးဆိုင်ရာလုပ်ငန်းများ၌ အသုံးချသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

ဧပြီ ၁ရက်မှစတင်၍ မိုဘိုင်းဖုန်းသုံးစွဲသူများထံမှ ဖုန်းပြောဆိုခအခွန် ၅ ရာခိုင်နှုန်းကောက်ခံခဲ့ရာ တစ်လလျှင်ကျပ်ငွေ ရဒသမ၅ဘီ လီယံခန့်ရရှိခဲ့ပြီး အစိုးရသစ်၏ ပထမရက်တစ်ရာစီမံချက်တွင် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေရန်ပညာရေးကဏ္ဍ၌ အသုံးချသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်ကပြောသည်။

‘‘လစဉ်ဆက်သွယ်ရေးအော်ပရေတာသုံးခုက အခွန်ငွေကိုပေးသွင်းတယ်။ အဲဒီအခွန်ငွေတွေကို လောလောဆယ် ပညာရေးအတွက် သုံးမယ်။ ရရှိတဲ့အခွန်ငွေတွေကို ပညာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးသွားမှာ’’ ဟု အထက်ပါညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပထမရက်တစ်ရာစီမံချက်တွင် ပြည်သူများအတွက်လုပ်ဆောင်မည့်အကြောင်းအရာများ၌ အထက်ပါအချက်မှာ တစ်ခုအပါအဝင်ဖြစ်ပြီး ဖုန်းပြောဆိုခအခွန် ၅ ရာခိုင်နှုန်းကောက်ခံမှုများမှ ရရှိသည့်ဘတ်ဂျက်များကို ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာရေးကဏ္ဍများတွင် ထိရောက်စွာအသုံးပြုခြင်းဖြင့် ပြည်သူများကိုဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မေလ၂၁ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရသစ်ရက်တစ်ရာစီမံချက်ကုန်လွန်မှသာ ဖုန်းပြောဆိုခအခွန်များကို နိုင်ငံတော်ဘတ်ဂျက်အဖြစ် အပ်နှံမည်ဖြစ်ကြောင်း ဦးမင်းထွဋ်ကရှင်းပြသည်။

Source: 7 Days

No comments:

Post a Comment