Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

ကာကြယ္ေရးနဲ႔ လုံျခဳံေရး ေကာင္စီ အဖြဲ႕သစ္

၂၀၀၈ အေျခခံ ဥပေဒထဲမွာ အုပ္ခ်ဳပ္ေရး အခန္းက႑ ကေနၿပီး ကာလုံ အဖြဲ႕ကို ထည့္သြင္း ေရြးဆြဲ ျပ႒ာန္း
သမၼတ ဦးထင္ေက်ာ္ ဦးေဆာင္တဲ့ ျပည္ေထာင္စု အစိုးရသစ္ တစ္ရပ္ ေပၚေပါက္ လာတာခဲ့ၿပီးေနာက္ တပ္မေတာ္ ဘက္က ကိုယ္စားလွယ္ေတြ၊ အုပ္ခ်ဳပ္ေရး နဲ႔ ဥပေဒျပဳ အာဏာပိုင္ အႀကီးအကဲ ေတြ ေပါင္းစပ္ ဖြဲ႕စည္း ထားတဲ့ နိုင္ငံေတာ္ ကာကြယ္ေရး နဲ႔ လုံျခဳံေရး ေကာင္စီ (ကာလုံ) အဖြဲ႕သစ္လည္း ေပၚထြန္း လာၿပီ ျဖစ္ပါတယ္။

ကာလုံ အဖြဲ႕ရဲ့ အခန္းက႑ဟာ နိုင္ငံရဲ့ လုံျခဳံေရး နဲ႔ ကာကြယ္ေရး ကိစၥေတြ ကို ဦးေဆာင္ ဆုံးျဖတ္ တာေၾကာင့္ ျမန္မာ နိုင္ငံ အေနနဲ႔ နိုင္ငံ့ ဦးေသၽွာင္ အဖြဲ႕ အစည္း တစ္ခု ျဖစ္တယ္လို႔ တေကာင္း သုေတသန အသင္းက ဒါရိုက္တာ ကိုရဲမ်ိဳးဟိန္းက ေျပာပါတယ္။

၂၀၀၈ အေျခခံ ဥပေဒထဲမွာ အုပ္ခ်ဳပ္ေရး အခန္းက႑ ကေနၿပီး ကာလုံ အဖြဲ႕ကို ထည့္သြင္း ေရြးဆြဲ ျပ႒ာန္း ခဲ့တာ ျဖစ္ပါတယ္။

နိုင္ငံတကာ မွာေတာ့ ကာကြယ္ေရးနဲ႔ လုံျခဳံေရး က႑မွာ သမၼတ ကို အႀကံဉာဏ္ ေပးနိုင္ေအာင္ ဖြဲ႕စည္းထားတဲ့ အဖြဲ႕မ်ိဳး ျဖစ္ၿပီး ျမန္မာ နိုင္ငံမွာေတာ့ အုပ္ခ်ဳပ္ေရး အခန္း က႑မွာ ကာလုံ အဖြဲ႕က ဝင္ေရာက္ ဆုံးျဖတ္ နိုင္တဲ့ အခြင့္အာဏာ ရွိတယ္လို႔ ဆိုပါတယ္။

ကာလုံ အဖြဲ႕ အေနနဲ႔ ဘယ္လို အစည္းအေဝး ထိုင္ၿပီး လုပ္ကိုင္ ဆုံးျဖတ္ သလဲ ဆိုတာ မသိရွိနိုင္တဲ့ အျပင္ သီးသန႔္ ဥပေဒ လည္း အခုခ်ိန္အထိ ထုတ္ျပန္ ထားျခင္း မရွိဘူး လို႔ သိရပါတယ္။

သမၼတသစ္ ဦးထင္ေက်ာ္ လက္ထက္မွာ ေပၚေပါက္လာမယ့္ ကာလုံ ဖြဲ႕စည္းရာမွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ အျပင္ ကာခ်ဳပ္က ခန႔္အပ္တဲ့ ဒုသမၼတ နဲ႔ ဝန္ႀကီး သုံးဦး တို႔ ပါရွိမွာ ျဖစ္ၿပီး စစ္ဘက္ က လႊမ္းမိုးမွု ပိုမ်ားတယ္လို႔ ေျပာပါတယ္။

ကာလုံ အဖြဲ႕အစည္းထဲမွာ ပါဝင္တဲ့ အရပ္သား အစိုးရ အဖြဲ႕ဝင္ေတြနဲ႔ စစ္ဘက္ ဆိုင္ရာ လူပုဂၢိဳလ္ေတြ ပိုမိုထိေတြ႕မွု မ်ားမ်ား လုပ္ကာ နားလည္မွု၊ ယုံၾကည္မွု ေတြ တည္ေဆာက္ၿပီး ေကာင္းမြန္တဲ့ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရး ကို ရရွိ မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

................................................................


၂၀၀၈ အခြေခံ ဥပဒေထဲမှာ အုပ်ချုပ်ရေး အခန်းကဏ္ဍ ကနေပြီး ကာလုံ အဖွဲ့ကို ထည့်သွင်း ရွေးဆွဲ ပြဋ္ဌာန်း
သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရသစ် တစ်ရပ် ပေါ်ပေါက် လာတာခဲ့ပြီးနောက် တပ်မတော် ဘက်က ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေး နဲ့ ဥပဒေပြု အာဏာပိုင် အကြီးအကဲ တွေ ပေါင်းစပ် ဖွဲ့စည်း ထားတဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) အဖွဲ့သစ်လည်း ပေါ်ထွန်း လာပြီ ဖြစ်ပါတယ်။

ကာလုံ အဖွဲ့ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရဲ့ လုံခြုံရေး နဲ့ ကာကွယ်ရေး ကိစ္စတွေ ကို ဦးဆောင် ဆုံးဖြတ် တာကြောင့် မြန်မာ နိုင်ငံ အနေနဲ့ နိုင်ငံ့ ဦးသျှောင် အဖွဲ့ အစည်း တစ်ခု ဖြစ်တယ်လို့ တကောင်း သုတေသန အသင်းက ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေထဲမှာ အုပ်ချုပ်ရေး အခန်းကဏ္ဍ ကနေပြီး ကာလုံ အဖွဲ့ကို ထည့်သွင်း ရွေးဆွဲ ပြဋ္ဌာန်း ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ မှာတော့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍမှာ သမ္မတ ကို အကြံဉာဏ် ပေးနိုင်အောင် ဖွဲ့စည်းထားတဲ့ အဖွဲ့မျိုး ဖြစ်ပြီး မြန်မာ နိုင်ငံမှာတော့ အုပ်ချုပ်ရေး အခန်း ကဏ္ဍမှာ ကာလုံ အဖွဲ့က ဝင်ရောက် ဆုံးဖြတ် နိုင်တဲ့ အခွင့်အာဏာ ရှိတယ်လို့ ဆိုပါတယ်။

ကာလုံ အဖွဲ့ အနေနဲ့ ဘယ်လို အစည်းအဝေး ထိုင်ပြီး လုပ်ကိုင် ဆုံးဖြတ် သလဲ ဆိုတာ မသိရှိနိုင်တဲ့ အပြင် သီးသန့် ဥပဒေ လည်း အခုချိန်အထိ ထုတ်ပြန် ထားခြင်း မရှိဘူး လို့ သိရပါတယ်။

သမ္မတသစ် ဦးထင်ကျော် လက်ထက်မှာ ပေါ်ပေါက်လာမယ့် ကာလုံ ဖွဲ့စည်းရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပြင် ကာချုပ်က ခန့်အပ်တဲ့ ဒုသမ္မတ နဲ့ ဝန်ကြီး သုံးဦး တို့ ပါရှိမှာ ဖြစ်ပြီး စစ်ဘက် က လွှမ်းမိုးမှု ပိုများတယ်လို့ ပြောပါတယ်။

ကာလုံ အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ အရပ်သား အစိုးရ အဖွဲ့ဝင်တွေနဲ့ စစ်ဘက် ဆိုင်ရာ လူပုဂ္ဂိုလ်တွေ ပိုမိုထိတွေ့မှု များများ လုပ်ကာ နားလည်မှု၊ ယုံကြည်မှု တွေ တည်ဆောက်ပြီး ကောင်းမွန်တဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ကို ရရှိ မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment