Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

အရပ္သား အစိုးရသစ္ The Elders ႀကိဳဆို

သမၼတနဲ႔ ဒုသမၼတႏွစ္ဦး က်မ္းသစၥာ က်ိမ္ဆိုစဥ္။ ( မတ္လ ၃၀၊ ၂၀၁၆)
ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲကို မႏွစ္က ေအာင္ေအာင္ျမင္ျမင္ က်င္းပခဲ့ၿပီးတဲ့ေနာက္ NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီ ဦးေဆာင္တဲ့ အရပ္သား အစိုးရသစ္ တက္လာတာကို “Elders” လို႔ေခၚတဲ့ ကမာၻ႔ထင္ေပၚေက်ာ္ၾကားသူေတြ ဝါရင့္ ႏိုင္ငံေရး ေခါင္းေဆာင္ႀကီးေတြပါဝင္တဲ့ အဖြဲ႔က ႀကိဳဆိုလိုက္ပါတယ္။

အခုအခ်ိန္ဟာ ျမန္မာႏုိင္ငံအတြက္ ထူးျခားတဲ့ သမိုင္းမွတ္တိုင္ စိုက္ထူခ်ိန္ျဖစ္ တယ္လို႔ “Elders” အဖြဲ႔ရဲ့ ဥကၠဌ မစၥတာ Kofi Annan က ဧၿပီလ တရက္ အစိုးရသစ္ တက္လာတဲ့ ေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ႏိုင္ငံၿငိမ္းခ်မ္းသာယာၿပီး အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး လုပ္ေဆာင္ဖို႔ သမၼတ ဦးထင္ေက်ာ္နဲ႔ NLD ေခါင္းေဆာင္လည္းျဖစ္ ႏိုင္ငံျခားေရး ဝန္ႀကီးသစ္ လည္း ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ တို႔ရဲ့ ကတိေပး ေျပာၾကားခ်က္ေတြ အတြက္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ရသလို ႏိုင္ငံ ဒီမိုကေရစီေရး ေလွ်ာက္လွမ္းရင္း အဖြဲ႔အားလံုးပါဝင္တဲ့ ႏိုင္ငံေရး ေဆြးေႏြးမႈနဲ႔ အရွည္ တည္တံ့ေအာင္ တိုင္းရင္းသား မိတ္ေဆြေတြနဲ႔ ဆက္လက္ လက္တြဲေဆာင္ရြက္သြားဖုိ႔ အားေပးပါတယ္လို႔ ေျပာပါတယ္။

အာဏာလႊဲေျပာင္းမႈ ေခ်ာေမြ႕ေစဖုိ႔ ဦးသိန္းစိန္အစိုးရနဲ႔ စစ္ဘက္အာဏာပိုင္ေတြရဲ့ လုပ္ေဆာင္ေပးမႈေတြ အတြက္လည္း “Elders” အဖြဲ႔က ဂုဏ္ျပဳေက်းဇူး တင္ေၾကာင္း ေျပာပါတယ္။ “Elders” အဖြဲ႔ အေနနဲ႔ ျမန္မာလူထုအတြက္ ဆက္လက္ ပံ့ပိုးေပးေနမွာ ျဖစ္သလို အနာဂါတ္ ဒီမိုကေရစီႏိုင္ငံ ထူေထာင္ေရးအတြက္ ပံုေဖၚေနၾကတဲ့ အစိုးရသစ္နဲ႔ ႏိုင္ငံတြင္း တျခား အဖြဲ႔အစည္းေတြ အားလံုးနဲ႔ ထိေတြ႔ ဆက္ဆံသြားႏိုင္ဖုိ႔ ေမွ်ာ္လင့္ေနတယ္ လို႔လည္း ဆိုပါတယ္။

၂၀၀၇ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တဲ့ “Elders” အဖြဲ႔ဟာ ကမာၻတဝွမ္း ၿငိမ္းခ်မ္းေရး၊ တရားမွ်တေရးနဲ႔ လူ႔အခြင့္ေရးကိစၥရပ္ေတြမွာ ပါဝင္ကူညီေနတဲ့ ႀသဇာႀကီးတဲ့ အဖြဲ႔တဖြဲ႔ပါ။ ေဒၚေအာင္ဆန္းစုၾကည္ကို ဂုဏ္ထူးေဆာင္ အဖြဲ႔ဝင္အျဖစ္ သတ္မွတ္ၿပီး သူေနအိမ္အက်ယ္ခ်ဳပ္ က်ခံေနရခ်ိန္ေတြမွာ အဖြဲ႔အစည္းေဝးတုိင္းမွာ ထုိင္ခံုအလြတ္တခုထားၿပီး ဂုဏ္ျပဳခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၂၀၁၂ ခုႏွစ္ လႊတ္ေတာ္မွာ တာဝန္စထမ္းေဆာင္ခ်ိန္မွာ ဂုဏ္ထူးေဆာင္အဖြဲ႔ဝင္ အျဖစ္က ႏႈတ္ထြက္ခဲ့တာပါ။

VOA (ျမန္မာပုိင္း)
http://burmese.voanews.com

................................................


သမ္မတနဲ့ ဒုသမ္မတနှစ်ဦး ကျမ်းသစ္စာ ကျိမ်ဆိုစဉ်။ ( မတ်လ ၃၀၊ ၂၀၁၆)
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို မနှစ်က အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးတဲ့နောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် တက်လာတာကို “Elders” လို့ခေါ်တဲ့ ကမ္ဘာ့ထင်ပေါ်ကျော်ကြားသူတွေ ဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးတွေပါဝင်တဲ့ အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ သမိုင်းမှတ်တိုင် စိုက်ထူချိန်ဖြစ် တယ်လို့ “Elders” အဖွဲ့ရဲ့ ဥက္ကဌ မစ္စတာ Kofi Annan က ဧပြီလ တရက် အစိုးရသစ် တက်လာတဲ့ နေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

နိုင်ငံငြိမ်းချမ်းသာယာပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ သမ္မတ ဦးထင်ကျော်နဲ့ NLD ခေါင်းဆောင်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးသစ် လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ကတိပေး ပြောကြားချက်တွေ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသလို နိုင်ငံ ဒီမိုကရေစီရေး လျှောက်လှမ်းရင်း အဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုနဲ့ အရှည် တည်တံ့အောင် တိုင်းရင်းသား မိတ်ဆွေတွေနဲ့ ဆက်လက် လက်တွဲဆောင်ရွက်သွားဖို့ အားပေးပါတယ်လို့ ပြောပါတယ်။

အာဏာလွှဲပြောင်းမှု ချောမွေ့စေဖို့ ဦးသိန်းစိန်အစိုးရနဲ့ စစ်ဘက်အာဏာပိုင်တွေရဲ့ လုပ်ဆောင်ပေးမှုတွေ အတွက်လည်း “Elders” အဖွဲ့က ဂုဏ်ပြုကျေးဇူး တင်ကြောင်း ပြောပါတယ်။ “Elders” အဖွဲ့ အနေနဲ့ မြန်မာလူထုအတွက် ဆက်လက် ပံ့ပိုးပေးနေမှာ ဖြစ်သလို အနာဂါတ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ပုံဖေါ်နေကြတဲ့ အစိုးရသစ်နဲ့ နိုင်ငံတွင်း တခြား အဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံသွားနိုင်ဖို့ မျှော်လင့်နေတယ် လို့လည်း ဆိုပါတယ်။

၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ “Elders” အဖွဲ့ဟာ ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်ရေးကိစ္စရပ်တွေမှာ ပါဝင်ကူညီနေတဲ့ သြဇာကြီးတဲ့ အဖွဲ့တဖွဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီး သူနေအိမ်အကျယ်ချုပ် ကျခံနေရချိန်တွေမှာ အဖွဲ့အစည်းဝေးတိုင်းမှာ ထိုင်ခုံအလွတ်တခုထားပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ် လွှတ်တော်မှာ တာဝန်စထမ်းဆောင်ချိန်မှာ ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ်က နှုတ်ထွက်ခဲ့တာပါ။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment