Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

တိုင္းနဲ႔ ျပည္နယ္ အစိုးရမ်ား စတင္ အသက္ဝင္

စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္။ (သတင္းဓာတ္ပံု ျပန္ၾကားေရးဝန္ႀကီးဌာန)
ျပည္ေထာင္စုအစိုးရအပါအ၀င္ သက္ဆုိင္ရာ တုိင္း နဲ႔ ျပည္နယ္ အစိုးရ အဖဲြ႔သစ္ေတြဟာ ဒီကေန႔မွာစၿပီး အုပ္ခ်ဳပ္ေရးတာ၀န္အရပ္ရပ္ကို စတင္ ယူေနၿပီျဖစ္ပါတယ္။ တခ်ိဳ႕ ျပည္နယ္နဲ႔ တုိင္းေဒသႀကီးလႊတ္ေတာ္ေတြမွာ အလဲႊအေျပာင္းေတြကို စနစ္က်မႈရွိခဲ့ေပမယ့္၊ တခ်ိဳ႕ေဒသေတြမွာေတာ့ ၿပီးခဲ့တဲ့အစိုးရက ေသေသခ်ာခ်ာရွင္းရွင္းလင္းလင္း လႊဲေျပာင္းတာေတြ လုပ္ခဲ့ျခင္းမရွိခဲ့ဘူးလို႔သိရပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္ႏုိင္က ေျပာပါတယ္။

သမၼတဦးထင္ေက်ာ္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက ဒီကေန႔မွာ အစိုးရသစ္တာ၀န္ေတြကို တရား၀င္ စတင္လိုက္တဲ့ အခ်ိန္မွာပဲ၊ ျပည္နယ္နဲ႔ တုိင္းေဒသႀကီး အစိုးရအဖဲြ႔ေတြရဲ႕ ၀န္ႀကီးခ်ဳပ္ေတြလည္း ဒီကေန႔မွာ က်မ္းသစၥာက်ိန္ဆုိၿပီး၊ အစိုးရတာ၀န္ေတြကို စတင္လာၾကပါတယ္။ စစ္ကိုင္းတုိင္းေဒသႀကီးအစိုးရရဲ႕ ၀န္ႀကီးခ်ဳပ္သစ္ျဖစ္တဲ့ ေဒါက္တာျမင့္ႏုိင္က ၀န္ႀကီးခ်ဳပ္အျဖစ္နဲ႔ ဒီကေန႔ က်မ္းသစၥာက်ိန္ဆုိခဲ့တယ္လို ဗီြအိုေအကို ေျပာပါတယ္။

" ဒီေန႔က ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုတယ္။ ၿပီးေတာ့ လႊတ္ေတာ္မွာ မိန္႔ခြန္းေျပာတယ္။ ၿပီးေတာ့ ဝန္ႀကီးရံုးကို သြားၿပီးေတာ့ ဝန္ထမ္းေတြနဲ႔ မိတ္ဆက္ စကားေျပာတယ္။ ေတြ႔ဆံုတယ္။ ဒါကေတာ့ သူတို႔ကို သြားမိတ္ဆက္ရင္း နဲ႔ ေရွ႕လုပ္ငန္းစဥ္ေတြ ကို စကားေျပာၾကဆိုၾကတာေပါ့။ ဝန္ႀကီးခ်ဳပ္ တေယာက္တည္းပဲ က်မ္းသစၥာက်ိန္ရတာ။ က်န္တဲ့ ဝန္ႀကီးအဖြဲ႔ေတြက ေရွ႕အပတ္ထဲမွာ လုပ္ျဖစ္မွာ။"

သူ႔အေနနဲ႔ သန္႔ရွင္းတဲ့အစိုးရတရပ္ျဖစ္ေပၚလာဖို႔အတြက္ကို ဦးစားေပး လုပ္ေဆာင္သြား မွာျဖစ္တယ္ လို႔ ေဒါက္တာျမင့္ႏုိင္ ကေျပာပါတယ္။ ဒါ့အျပင္ ပါတီရဲ႕ မူ၀ါဒအတုိင္း အမ်ိဳးသားျပန္လည္ရ င္ၾကားေစ့ေရးမူကို ကိုင္စဲြၿပီး အားလုံး ပါ၀င္ႏုိင္ေအာင္ လုပ္ေဆာင္သြားမယ္လို႔လည္း သူကေျပာပါတယ္။

စစ္ကိုင္းတုိင္းေဒသႀကီးအစိုးရအဖဲြ႔၀င္အေရအတြက္ကို အရင္ထက္ ေလွ်ာ့ခ်သြားဖုိ႔ စီစဥ္ထားေၾကာင္း၊ တုိင္းေဒသႀကီးအစိုးရအဖဲြ႔၀င္စာရင္းကေတာ့ ေရွ႕သီတင္းပတ္မွာ ထြက္ေပၚလာဖို႔ရွိၿပီး၊ တျခားႏုိင္ငံေရးပါတီေတြက ပုဂၢိဳလ္ေတြ ပါ ၊ မပါ ဆုိတာကို အခုခ်ိန္မွာ မေျပာႏုိင္ေသးဘူးလိုို႔ေျပာပါတယ္။

ဒါ့အျပင္ ရခုိင္ျပည္နယ္ဘက္မွာလည္း ျပည္နယ္၀န္ႀကီးခ်ဳပ္သစ္ ဦးညီပု ဒီကေန႔ က်မ္းသစၥာက်ိန္ဆုိခဲ့တယ္လို႔ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးမင္းေအာင္ကေျပာပါတယ္။

"ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီပုကို ၃၀ရက္ေန႔က က်ေနာ္တို႔ ျပည္နယ္ လႊတ္ေတာ္က အားလံုးက အတည္ျပဳလုိက္တယ္။ သေဘာတူၿပီးေတာ့ အတည္ျပဳ လိုက္တယ္။ အဲ့ဒီ့ေတာ့ ဝန္ႀကီးခ်ဳပ္ျဖစ္သြားတာေပါ့ဗ်ာ ၃၀ရက္ေန႔က ။ ဒီေန႔ဆိုရင္ေတာ့ ဥပေဒနဲ႔အညီ အုပ္ခ်ဳပ္ပါမယ္ဆိုၿပီး က်မ္းက်ိန္လႊာမွာ က်မ္းက်ိန္တာေပါ့ဗ်ာ။ ရခုိင္ျပည္နယ္လႊတ္ေတာ္ရဲ႕ စတင္တဲ့အစည္းအေဝးမွာ။"

ရခုိင္ျပည္နယ္မွာ အရင္အစုိးရဘက္က ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ နဲ႔ ေခတၱ တာ၀န္ယူခဲ့တဲ့ ဦးျမေအာင္က တာ၀န္ေတြကို စနစ္တက် လႊဲေျပာင္းေပးခဲ့တယ္လို႔ သူကေျပာပါတယ္။ ဒါေပမဲ့လည္း စစ္ကိုင္းတုိင္းအပါအ၀င္ ျပည္နယ္နဲ႔ တုိင္းေဒသႀကီးတခ်ိဳ႕မွာေတာ့ တာ၀န္အလႊဲအေျပာင္းေတြကို အရင္အစိုးရ က ေသေသခ်ာခ်ာရွင္းရွင္းလင္းလင္း လႊဲေျပာင္းတာမ်ိဳးေတြမရွိခဲ့့ပါဘူး။

အစိုးရတာ၀န္ေတြ စနစ္တက်လႊဲေျပာင္းျခင္းမရွိတာနဲ႔ ပတ္သက္ၿပီးေတာ့ မႏၱေလးတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္သစ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ဗီြအိုေအကို အခုလို ေျပာပါတယ္။

" ၂၉ရက္ေန႔ ေန႔ခင္းပိုင္းေလာက္မွ ၃၀ရက္ေန႔ လႊဲေျပာင္းပါမယ္ဆိုၿပီးေတာ့ လႊတ္ေတာ္ ျပန္ၾကားေရးမွဴးဆီကို ဖုန္းဝင္လာတယ္။ ဟုတ္ၿပီ အဲ့တာဆိုလို႔ရွိရင္လည္း က်ေနာ္ ေတြ႔မယ္ေပါ့။ က်ေနာ္ျပင္ဆင္ထားတယ္။ ဒါေပမဲ့ လႊတ္ေတာ္မွာ က်ေနာ္ ဆက္ၿပီး အလုပ္လုပ္ေနတယ္။ ညေန ၄နာရီက်ေတာ့ ဘာသတင္းျပန္ဝင္လာလဲ ဆိုေတာ့ သမၼတ႐ံုးက ဘာညႊန္ၾကားခ်က္မွ မရွိတဲ့အတြက္ မလႊဲေတာ့ဘူး ဒီအတုိင္းပဲ ထားသြားမယ္ ဆိုတဲ့သေဘာမ်ိဳး ေျပာတာေပါ့ေနာ္။ အလႊဲအေျပာင္းေတြ ဘာေတြမရွိဘူး ဆိုရင္ ၃၀ရက္ေန႔ သမၼတႀကီး က်မ္းက်ိန္တာကို က်ေနာ္ တက္မယ္။ ညစာစားပြဲ တက္မယ္ေပါ့ေနာ္။ ညစာစားပြဲ က်ေနာ္သြားတက္ပါမယ္။ ၃၁ရက္ ျပန္လာတဲ့ အခါက်ေတာ့ တိုင္းအေထြေထြ အုပ္ခ်ဳပ္ေရးမွဴးက သူလာၿပီးေတာ့ စာရင္းနဲ႔ ဒါ လႊဲဲၿပီးသား ျဖစ္သြားတဲ့ သေဘာပါပဲတဲ့။ သူက လာၿပီးေတြ႔တာ။ သူ႔႐ံုးကို လာထိုင္လို႔ရပါၿပီ ဆိုၿပီး က်ေနာ့္ကိုေျပာတယ္။ ၃၁ရက္ က်ေနာ္ က်မ္းက်ိမ္ၿပီးတဲ့ အခ်ိန္မွာ။ ဒီေန႔ က်ေနာ္ စၿပီးေတာ့ ႐ံုးျပန္ထိုင္ေတာ့တာေပါ့။

ရန္ႏုိင္။    ။ ဒါဆိုရင္ ဆရာ့အေနနဲ႔ အရင္အစုိးရဝန္ႀကီးခ်ဳပ္နဲ႔ လူခ်င္းေတြ႔ၿပီး တာဝန္လႊဲေျပာင္းတာမ်ိဳး မလုပ္လိုက္ရဘူးေပါ့။

ေဒါက္တာေဇာ္ျမင့္ေမာင္။    ။ တခုမွ မျဖစ္ခဲ့ပါဘူးဗ်ာ။ လက္ဆြဲလည္း မႏႈတ္ဆက္လိုက္ရပါဘူး။ က်ေနာ္ကိုယ္တုိင္လည္း သူ႔ကို တခါမွ မေတြ႔ဖူးလိုက္ရဘူး။ သူလည္း က်ေနာ့္ကို တခါမွ ေတြ႔ဖူးလိုက္မွာမဟုတ္ဘူး။

အခုလို အစိုးရတာ၀န္ေတြကို စနစ္တက်လႊဲေျပာင္းျခင္းမရွိတာေတြ နဲ႔ ပတ္သက္ၿပီး ျမန္မာ့ႏုိင္ငံေရးေလ့လာသုံးသပ္တဦးျဖစ္တဲ့ ေဒါက္တာရန္မ်ိဳးသိမ္းကအခုလို ေ၀ဖန္လိုက္ပါတယ္။

"က်ေနာ့္အျမင္မွာေတာ့ တကယ္တမ္း ဒီမိုကေရစီစနစ္မွာ အစိုးရအလႊဲအေျပာင္းမွာ အစိုးရအေဟာင္းေတြကို အစိုးရသစ္ကို စနစ္တက် စာရင္းဇယားနဲ႔တကြေပါ့ လူကိုယ္တုိင္ လႊဲေျပာင္းေပးဖို႔ လိုအပ္တယ္လို႔ က်ေနာ္ကျမင္တယ္။ အဲ့ဒီ့လို လႊဲေျပာင္းေပးတာမ်ိဳး မဟုတ္ဘူးဆိုရင္ က်ေနာ္အျမင္အားျဖင့္ အစိုးရသစ္အေနနဲ႔ စာရင္းဇယားေတြ ေနာက္ အေထာက္အထားေတြ ေတြ႔ရွိခ်က္ေတြကို စနစ္တက် ျပန္လည္ သံုးသပ္ေလ့လာဖို႔လိုတယ္လို႔ က်ေနာ္ကျမင္တယ္။ ေနာက္ တခ်က္ေတြ႔ တာကေတာ့ ဘာလဲဆိုေတာ့ အခုလတ္တေလာေပါေလ အျပင္ပမ္းအားျဖင့္ ၾကည့္မယ္ဆိုရင္ အစိုးရေဟာင္းနဲ႔ အစိုးရသစ္ အာဏာ အလႊဲအေျပာင္းဟာ အဆင္ေျပေျပ ေခ်ာေခ်ာေမြ႔ေမြ႔ရွိေနတယ္လို႔ အျပင္ပမ္းအားျဖင့္ သေဘာရေပမဲ့လို႔ တကယ့္အႏွစ္သာရ အတြင္းသေဘာမွာေတာ့ အစိုးရသစ္နဲ႔ အစိုးရေဟာင္း အလႊဲအေျပာင္းမွာ အစိုးရေဟာင္း အေနနဲ႔ ေစတနာ မမွန္တာေတြ ေနာက္ၿပီးေတာ့ ျဖစ္သလို ထိုးထည့္သြားတဲ့ အေနအထား မ်ိဳးေတြ ေနာက္ စနစ္တက် လႊဲေျပာင္းမႈ မရွိတာေတြကိုလည္း ေတြ႔ရပါတယ္ဗ်။ ဥပမာ ေနာက္ဆံုး ဒီေန႔ ေန႔လည္ ၂ နာရီအထိ အစိုးရသစ္မွာ တာဝန္ယူမယ့္ ျပည္ေထာင္စု ဝန္ႀကီးေတြ ေနဖို႔ ေနအိမ္ေတြဟာ အဆင္သင့္မျဖစ္ေသးတဲ့အတြက္ေၾကာင့္မုိ႔လို႔ ေျပာင္းေရႊ႕ၿပီး ေနႏုိင္တဲ့အေနအထားမရွိတာကို ေတြ႔ရတယ္။ ဒီေနအိမ္ကိစၥက သိပ္ၿပီးေတာ့ အေရးႀကီးတယ္လို႔ ေျပာလို႔ မရေပမဲ့ တဖက္ ကျပန္ၾကည့္မယ္ဆိုရင္ ဒါ ေစတနာ မမွန္တာကို ျပေနတယ္ လို႔ ေယဘူယ် သံုးသပ္လို႔ရပါတယ္။ "

အခု ဧၿပီလ ၁ ရက္ေန႔ကစၿပီး ျပည္နယ္ နဲ႔ တုိင္းေဒသႀကီးအစိုးရအဖဲြ႔သစ္အားလုံး စတင္အသက္၀င္ၿပီဆုိေပမယ့္၊ လက္ေတြ႔အုပ္ခ်ဳပ္ေရးပိုင္းကို ၀န္ႀကီးခ်ဳပ္ေတြကပဲ ကိုယ္တုိင္လုပ္ေဆာင္ေနရဆဲရွိပါတယ္။ အေတာ္မ်ားမ်ားမ်ားေဒသေတြမွာ ၀န္ႀကီးအဖဲြ႔ေတြကိုေတာ့ ဖဲြ႔စည္းႏုိင္ျခင္းမရွိေသးပါဘူး။

ကုိရန္ႏုိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...................................................


သမ္မတနဲ့ ဒုသမ္မတနှစ်ဦး ကျမ်းသစ္စာ ကျိမ်ဆိုစဉ်။ ( မတ်လ ၃၀၊ ၂၀၁၆)
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို မနှစ်က အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးတဲ့နောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် တက်လာတာကို “Elders” လို့ခေါ်တဲ့ ကမ္ဘာ့ထင်ပေါ်ကျော်ကြားသူတွေ ဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးတွေပါဝင်တဲ့ အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ သမိုင်းမှတ်တိုင် စိုက်ထူချိန်ဖြစ် တယ်လို့ “Elders” အဖွဲ့ရဲ့ ဥက္ကဌ မစ္စတာ Kofi Annan က ဧပြီလ တရက် အစိုးရသစ် တက်လာတဲ့ နေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

နိုင်ငံငြိမ်းချမ်းသာယာပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ သမ္မတ ဦးထင်ကျော်နဲ့ NLD ခေါင်းဆောင်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးသစ် လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ကတိပေး ပြောကြားချက်တွေ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသလို နိုင်ငံ ဒီမိုကရေစီရေး လျှောက်လှမ်းရင်း အဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုနဲ့ အရှည် တည်တံ့အောင် တိုင်းရင်းသား မိတ်ဆွေတွေနဲ့ ဆက်လက် လက်တွဲဆောင်ရွက်သွားဖို့ အားပေးပါတယ်လို့ ပြောပါတယ်။

အာဏာလွှဲပြောင်းမှု ချောမွေ့စေဖို့ ဦးသိန်းစိန်အစိုးရနဲ့ စစ်ဘက်အာဏာပိုင်တွေရဲ့ လုပ်ဆောင်ပေးမှုတွေ အတွက်လည်း “Elders” အဖွဲ့က ဂုဏ်ပြုကျေးဇူး တင်ကြောင်း ပြောပါတယ်။ “Elders” အဖွဲ့ အနေနဲ့ မြန်မာလူထုအတွက် ဆက်လက် ပံ့ပိုးပေးနေမှာ ဖြစ်သလို အနာဂါတ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ပုံဖေါ်နေကြတဲ့ အစိုးရသစ်နဲ့ နိုင်ငံတွင်း တခြား အဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံသွားနိုင်ဖို့ မျှော်လင့်နေတယ် လို့လည်း ဆိုပါတယ်။

၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ “Elders” အဖွဲ့ဟာ ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်ရေးကိစ္စရပ်တွေမှာ ပါဝင်ကူညီနေတဲ့ သြဇာကြီးတဲ့ အဖွဲ့တဖွဲ့ပါ။ ဒေါ်ေ
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်။ (သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန)
ပြည်ထောင်စုအစိုးရအပါအဝင် သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် အစိုးရ အဖွဲ့သစ်တွေဟာ ဒီကနေ့မှာစပြီး အုပ်ချုပ်ရေးတာဝန်အရပ်ရပ်ကို စတင် ယူနေပြီဖြစ်ပါတယ်။ တချို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ အလွှဲအပြောင်းတွေကို စနစ်ကျမှုရှိခဲ့ပေမယ့်၊ တချို့ဒေသတွေမှာတော့ ပြီးခဲ့တဲ့အစိုးရက သေသေချာချာရှင်းရှင်းလင်းလင်း လွှဲပြောင်းတာတွေ လုပ်ခဲ့ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပါတယ်။

သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီကနေ့မှာ အစိုးရသစ်တာဝန်တွေကို တရားဝင် စတင်လိုက်တဲ့ အချိန်မှာပဲ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ ၀န်ကြီးချုပ်တွေလည်း ဒီကနေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး၊ အစိုးရတာဝန်တွေကို စတင်လာကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ ၀န်ကြီးချုပ်သစ်ဖြစ်တဲ့ ဒေါက်တာမြင့်နိုင်က ၀န်ကြီးချုပ်အဖြစ်နဲ့ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို ဗွီအိုအေကို ပြောပါတယ်။

" ဒီနေ့က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတယ်။ ပြီးတော့ လွှတ်တော်မှာ မိန့်ခွန်းပြောတယ်။ ပြီးတော့ ဝန်ကြီးရုံးကို သွားပြီးတော့ ဝန်ထမ်းတွေနဲ့ မိတ်ဆက် စကားပြောတယ်။ တွေ့ဆုံတယ်။ ဒါကတော့ သူတို့ကို သွားမိတ်ဆက်ရင်း နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ကို စကားပြောကြဆိုကြတာပေါ့။ ဝန်ကြီးချုပ် တယောက်တည်းပဲ ကျမ်းသစ္စာကျိန်ရတာ။ ကျန်တဲ့ ဝန်ကြီးအဖွဲ့တွေက ရှေ့အပတ်ထဲမှာ လုပ်ဖြစ်မှာ။"

သူ့အနေနဲ့ သန့်ရှင်းတဲ့အစိုးရတရပ်ဖြစ်ပေါ်လာဖို့အတွက်ကို ဦးစားပေး လုပ်ဆောင်သွား မှာဖြစ်တယ် လို့ ဒေါက်တာမြင့်နိုင် ကပြောပါတယ်။ ဒါ့အပြင် ပါတီရဲ့ မူဝါဒအတိုင်း အမျိုးသားပြန်လည်ရ င်ကြားစေ့ရေးမူကို ကိုင်စွဲပြီး အားလုံး ပါ၀င်နိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း သူကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အရေအတွက်ကို အရင်ထက် လျှော့ချသွားဖို့ စီစဉ်ထားကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စာရင်းကတော့ ရှေ့သီတင်းပတ်မှာ ထွက်ပေါ်လာဖို့ရှိပြီး၊ တခြားနိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ ပါ ၊ မပါ ဆိုတာကို အခုချိန်မှာ မပြောနိုင်သေးဘူးလိိုု့ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဘက်မှာလည်း ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးညီပု ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမင်းအောင်ကပြောပါတယ်။

"ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ၃၀ရက်နေ့က ကျနော်တို့ ပြည်နယ် လွှတ်တော်က အားလုံးက အတည်ပြုလိုက်တယ်။ သဘောတူပြီးတော့ အတည်ပြု လိုက်တယ်။ အဲ့ဒီ့တော့ ဝန်ကြီးချုပ်ဖြစ်သွားတာပေါ့ဗျာ ၃၀ရက်နေ့က ။ ဒီနေ့ဆိုရင်တော့ ဥပဒေနဲ့အညီ အုပ်ချုပ်ပါမယ်ဆိုပြီး ကျမ်းကျိန်လွှာမှာ ကျမ်းကျိန်တာပေါ့ဗျာ။ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ စတင်တဲ့အစည်းအဝေးမှာ။"

ရခိုင်ပြည်နယ်မှာ အရင်အစိုးရဘက်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နဲ့ ခေတ္တ တာဝန်ယူခဲ့တဲ့ ဦးမြအောင်က တာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးခဲ့တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့လည်း စစ်ကိုင်းတိုင်းအပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာတော့ တာဝန်အလွှဲအပြောင်းတွေကို အရင်အစိုးရ က သေသေချာချာရှင်းရှင်းလင်းလင်း လွှဲပြောင်းတာမျိုးတွေမရှိခဲ့့ပါဘူး။

အစိုးရတာဝန်တွေ စနစ်တကျလွှဲပြောင်းခြင်းမရှိတာနဲ့ ပတ်သက်ပြီးတော့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်သစ် ဒေါက်တာဇော်မြင့်မောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

" ၂၉ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ၃၀ရက်နေ့ လွှဲပြောင်းပါမယ်ဆိုပြီးတော့ လွှတ်တော် ပြန်ကြားရေးမှူးဆီကို ဖုန်းဝင်လာတယ်။ ဟုတ်ပြီ အဲ့တာဆိုလို့ရှိရင်လည်း ကျနော် တွေ့မယ်ပေါ့။ ကျနော်ပြင်ဆင်ထားတယ်။ ဒါပေမဲ့ လွှတ်တော်မှာ ကျနော် ဆက်ပြီး အလုပ်လုပ်နေတယ်။ ညနေ ၄နာရီကျတော့ ဘာသတင်းပြန်ဝင်လာလဲ ဆိုတော့ သမ္မတရုံးက ဘာညွှန်ကြားချက်မှ မရှိတဲ့အတွက် မလွှဲတော့ဘူး ဒီအတိုင်းပဲ ထားသွားမယ် ဆိုတဲ့သဘောမျိုး ပြောတာပေါ့နော်။ အလွှဲအပြောင်းတွေ ဘာတွေမရှိဘူး ဆိုရင် ၃၀ရက်နေ့ သမ္မတကြီး ကျမ်းကျိန်တာကို ကျနော် တက်မယ်။ ညစာစားပွဲ တက်မယ်ပေါ့နော်။ ညစာစားပွဲ ကျနော်သွားတက်ပါမယ်။ ၃၁ရက် ပြန်လာတဲ့ အခါကျတော့ တိုင်းအထွေထွေ အုပ်ချုပ်ရေးမှူးက သူလာပြီးတော့ စာရင်းနဲ့ ဒါ လွှဲဲပြီးသား ဖြစ်သွားတဲ့ သဘောပါပဲတဲ့။ သူက လာပြီးတွေ့တာ။ သူ့ရုံးကို လာထိုင်လို့ရပါပြီ ဆိုပြီး ကျနော့်ကိုပြောတယ်။ ၃၁ရက် ကျနော် ကျမ်းကျိမ်ပြီးတဲ့ အချိန်မှာ။ ဒီနေ့ ကျနော် စပြီးတော့ ရုံးပြန်ထိုင်တော့တာပေါ့။

ရန်နိုင်။    ။ ဒါဆိုရင် ဆရာ့အနေနဲ့ အရင်အစိုးရဝန်ကြီးချုပ်နဲ့ လူချင်းတွေ့ပြီး တာဝန်လွှဲပြောင်းတာမျိုး မလုပ်လိုက်ရဘူးပေါ့။

ဒေါက်တာဇော်မြင့်မောင်။    ။ တခုမှ မဖြစ်ခဲ့ပါဘူးဗျာ။ လက်ဆွဲလည်း မနှုတ်ဆက်လိုက်ရပါဘူး။ ကျနော်ကိုယ်တိုင်လည်း သူ့ကို တခါမှ မတွေ့ဖူးလိုက်ရဘူး။ သူလည်း ကျနော့်ကို တခါမှ တွေ့ဖူးလိုက်မှာမဟုတ်ဘူး။

အခုလို အစိုးရတာဝန်တွေကို စနစ်တကျလွှဲပြောင်းခြင်းမရှိတာတွေ နဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်တဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကအခုလို ဝေဖန်လိုက်ပါတယ်။

"ကျနော့်အမြင်မှာတော့ တကယ်တမ်း ဒီမိုကရေစီစနစ်မှာ အစိုးရအလွှဲအပြောင်းမှာ အစိုးရအဟောင်းတွေကို အစိုးရသစ်ကို စနစ်တကျ စာရင်းဇယားနဲ့တကွပေါ့ လူကိုယ်တိုင် လွှဲပြောင်းပေးဖို့ လိုအပ်တယ်လို့ ကျနော်ကမြင်တယ်။ အဲ့ဒီ့လို လွှဲပြောင်းပေးတာမျိုး မဟုတ်ဘူးဆိုရင် ကျနော်အမြင်အားဖြင့် အစိုးရသစ်အနေနဲ့ စာရင်းဇယားတွေ နောက် အထောက်အထားတွေ တွေ့ရှိချက်တွေကို စနစ်တကျ ပြန်လည် သုံးသပ်လေ့လာဖို့လိုတယ်လို့ ကျနော်ကမြင်တယ်။ နောက် တချက်တွေ့ တာကတော့ ဘာလဲဆိုတော့ အခုလတ်တလောပေါလေ အပြင်ပမ်းအားဖြင့် ကြည့်မယ်ဆိုရင် အစိုးရဟောင်းနဲ့ အစိုးရသစ် အာဏာ အလွှဲအပြောင်းဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ရှိနေတယ်လို့ အပြင်ပမ်းအားဖြင့် သဘောရပေမဲ့လို့ တကယ့်အနှစ်သာရ အတွင်းသဘောမှာတော့ အစိုးရသစ်နဲ့ အစိုးရဟောင်း အလွှဲအပြောင်းမှာ အစိုးရဟောင်း အနေနဲ့ စေတနာ မမှန်တာတွေ နောက်ပြီးတော့ ဖြစ်သလို ထိုးထည့်သွားတဲ့ အနေအထား မျိုးတွေ နောက် စနစ်တကျ လွှဲပြောင်းမှု မရှိတာတွေကိုလည်း တွေ့ရပါတယ်ဗျ။ ဥပမာ နောက်ဆုံး ဒီနေ့ နေ့လည် ၂ နာရီအထိ အစိုးရသစ်မှာ တာဝန်ယူမယ့် ပြည်ထောင်စု ဝန်ကြီးတွေ နေဖို့ နေအိမ်တွေဟာ အဆင်သင့်မဖြစ်သေးတဲ့အတွက်ကြောင့်မို့လို့ ပြောင်းရွှေ့ပြီး နေနိုင်တဲ့အနေအထားမရှိတာကို တွေ့ရတယ်။ ဒီနေအိမ်ကိစ္စက သိပ်ပြီးတော့ အရေးကြီးတယ်လို့ ပြောလို့ မရပေမဲ့ တဖက် ကပြန်ကြည့်မယ်ဆိုရင် ဒါ စေတနာ မမှန်တာကို ပြနေတယ် လို့ ယေဘူယျ သုံးသပ်လို့ရပါတယ်။ "

အခု ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်နယ် နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့သစ်အားလုံး စတင်အသက်ဝင်ပြီဆိုပေမယ့်၊ လက်တွေ့အုပ်ချုပ်ရေးပိုင်းကို ၀န်ကြီးချုပ်တွေကပဲ ကိုယ်တိုင်လုပ်ဆောင်နေရဆဲရှိပါတယ်။ အတော်များများများဒေသတွေမှာ ၀န်ကြီးအဖွဲ့တွေကိုတော့ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.comအာင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီး သူနေအိမ်အကျယ်ချုပ် ကျခံနေရချိန်တွေမှာ အဖွဲ့အစည်းဝေးတိုင်းမှာ ထိုင်ခုံအလွတ်တခုထားပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ် လွှတ်တော်မှာ တာဝန်စထမ်းဆောင်ချိန်မှာ ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ်က နှုတ်ထွက်ခဲ့တာပါ။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment