Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 22, 2016

ေမာင္ေဆာင္းခနဲ႔ ၾကက္ဖႀကီးတို႔ ေနာက္ထပ္ ရံုးခ်ိန္းရက္ ထပ္ေပး


နုိင္ငံေတာ္သမၼတကို ပုတ္ခတ္ေရးသားတဲ့ ကဗ်ာကို ေဖ့စ္ဘြတ္ေပၚ တင္ခဲ့တဲ့ ကဗ်ာဆရာေမာင္ေဆာင္းခနဲ႔ ေဖ့စ္ဘြတ္မွာ ၾကက္ဖႀကီးဆိုၿပီး စြပ္စဲြခံရသူ ကိုလွဖုန္းတို႔ကို ဒီကေန႔ တရားရံုးထုတ္ရာမွာ အရင္က လြတ္မယ္လို႔ ယူဆခဲ့ေပမယ့္ မလႊတ္ပဲ ေနာက္ထပ္ ရံုးခ်ိန္းရက္ ေပးလိုက္ပါတယ္။

တရားရံုးထုတ္မွာ ေမာင္ေဆာင္းခက သူ႔အေနနဲ႔ နုိင္ငံေတာ္ သမၼတ ဦးသိန္းစိန္ကို ရည္ရြယ္တာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ေမာင္ေဆာင္းခကို ဆက္သြယ္ေရးပုဒ္မ၊ ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစတဲ့ပုဒ္မေတြနဲ႔ တရားစြဲဆိုထားတာျဖစ္ၿပီး ရန္ကုန္တုိင္း ေရႊျပည္သာၿမိဳ႕နယ္ တရားရံုးမွာ ရံုးထုတ္ခဲ့တာျဖစ္ပါတယ္။ သူ႔ကို စဲြဆုိထားတဲ့ ပုဒ္မ ၂ ခုထဲက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မကို တရားရံုးက ရုပ္သိမ္းလိုက္ပါတယ္။ ဆက္သြယ္ေရးပုဒ္မနဲ႔ လာမယ့္ ဧၿပီလ ၂၅ ရက္ေန႔မွာ စစ္ေဆးမွာ ျဖစ္ပါတယ္။

ၾကက္ဖႀကီးလို႔ စြပ္စဲြခံရတဲ့ ကိုလွဖုန္းဟာ အရင္အစုိးရနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ကို ပုတ္ခတ္တဲ့စာေတြနဲ႔ သေရာ္တဲ့ ဓာတ္ပံုေတြကို ေဖ့စ္ဘြတ္မွာ တင္ခဲ့တယ္ဆိုၿပီး ဆက္သြယ္ေရးပုဒ္မ ၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစတဲ့ပုဒ္မနဲ႔ တရားစဲြဆိုခံထားရတာပါ။

သူ႔အေနနဲ႔ လြတ္မယ္လို႔ ယံုၾကည္ေၾကာင္း တရားရံုးထုတ္မွာ ကိုလွဖုန္းက ေျပာပါတယ္။

ဒီကေန႔ ပုဒ္မ ၂ ခုထဲက တစ္ခုကုိမွ မရုပ္သိမ္းတဲ့အျပင္ နုိင္ငံေတာ္အလံကို မဖြယ္မရာျပဳလုပ္တဲ့ ပုဒ္မ ထပ္တုိးသြားေၾကာင္း ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

ကိုလွဖုန္းကိုေတာ့ မည္သည့္ပုဒ္မကိုမွ မရုပ္သိမ္းပဲ ႏိုင္ငံေတာ္အလံကို မဖြယ္မရာျပဳလုပ္တဲ့ပုဒ္မနဲ႔ ဒီကေန႔ ထပ္မံတရာစြဲဆိုခံခဲ႔ရၿပီး လာမယ့္ ဧၿပီလ ၂၇ ရက္ေန႔ကို ရံုးခ်ိန္းထပ္မံ ခ်ိန္းဆိုလိုက္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

.....................................


နိုင်ငံတော်သမ္မတကို ပုတ်ခတ်ရေးသားတဲ့ ကဗျာကို ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ ကဗျာဆရာမောင်ဆောင်းခနဲ့ ဖေ့စ်ဘွတ်မှာ ကြက်ဖကြီးဆိုပြီး စွပ်စွဲခံရသူ ကိုလှဖုန်းတို့ကို ဒီကနေ့ တရားရုံးထုတ်ရာမှာ အရင်က လွတ်မယ်လို့ ယူဆခဲ့ပေမယ့် မလွှတ်ပဲ နောက်ထပ် ရုံးချိန်းရက် ပေးလိုက်ပါတယ်။

တရားရုံးထုတ်မှာ မောင်ဆောင်းခက သူ့အနေနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

မောင်ဆောင်းခကို ဆက်သွယ်ရေးပုဒ်မ၊ နိုင်ငံတော်အကြည်ညို ပျက်စေတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မကို တရားရုံးက ရုပ်သိမ်းလိုက်ပါတယ်။ ဆက်သွယ်ရေးပုဒ်မနဲ့ လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ကြက်ဖကြီးလို့ စွပ်စွဲခံရတဲ့ ကိုလှဖုန်းဟာ အရင်အစိုးရနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို ပုတ်ခတ်တဲ့စာတွေနဲ့ သရော်တဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၊ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ပုဒ်မနဲ့ တရားစွဲဆိုခံထားရတာပါ။

သူ့အနေနဲ့ လွတ်မယ်လို့ ယုံကြည်ကြောင်း တရားရုံးထုတ်မှာ ကိုလှဖုန်းက ပြောပါတယ်။

ဒီကနေ့ ပုဒ်မ ၂ ခုထဲက တစ်ခုကိုမှ မရုပ်သိမ်းတဲ့အပြင် နိုင်ငံတော်အလံကို မဖွယ်မရာပြုလုပ်တဲ့ ပုဒ်မ ထပ်တိုးသွားကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ကိုလှဖုန်းကိုတော့ မည်သည့်ပုဒ်မကိုမှ မရုပ်သိမ်းပဲ နိုင်ငံတော်အလံကို မဖွယ်မရာပြုလုပ်တဲ့ပုဒ်မနဲ့ ဒီကနေ့ ထပ်မံတရာစွဲဆိုခံခဲ့ရပြီး လာမယ့် ဧပြီလ ၂၇ ရက်နေ့ကို ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment