Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 29, 2016





 source : cnn.com


............................................

လက်စတာအောင်မြင်ရခြင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးများကြောင့်ဟုဆို

By netsetaw -  April 29, 2016 905

ချန်ပီယံဖြစ်ဖို့ တစ်မှတ်သာလိုတော့တဲ့ လက်စတာစီးတီးအသင်းအနေနဲ့ ယခုလို အောင်မြင်မှုရခြင်းမှာ ဗုဒ္ဓဘာသာဘုန်း

တော်ကြီးများ၏ အလွန်အစွမ်းထက်လှသည့် အဆောင်များ၊ ယတြာများကြောင့် ဖြစ်ကြောင်း CNN သတင်းဌာနက ယူဆ ရေးသားခဲ့ပါတယ်။ တကယ်လည်း ယုတ္ထိဗေဒနည်းအရ တွက်ချက်ကြည့်လျှင် လက်စတာအသင်းဟာ ကျဉ်းထဲကြပ်ထဲ အ

ခြေအနေရင်ဆိုင်နေရတဲ့ အခါတိုင်း ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပင့်ပြီး ပရိတ်၊ ပဋ္ဌာန်း၊ အဆောင်၊ လက်

ဖွဲ့ စသည်တို့ကို စီမံခံယူပြီး အကျဉ်းအကြပ်ထဲမှ အောင်မြင်စွာရုန်းထွက်နိုင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ဥပမာ ပြောရရင် လက်စတာအသင်းဟာ ပြီးခဲ့တဲ့ 2015 ခုနှစ် မတ်လတုန်းက တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့

အသင်းကို ကယ်တင်ဖို့ ထိုင်းနိုင်ငံမှာ ဘုန်းတော်ကြီးများကို အသင်းပိုင်ကွင်းဖြစ်တဲ့ King Power Stadium

မှာ ပင့်ဖိတ်ပြီး ပရိတ်တရားနာယူခင်း၊ ဘောလုံးကွင်း ပတ်ပတ်လည်မှာ ပရိတ်ရေများ ဖြန်းခြင်း၊ အဆောင်၊ ယတြာ

များ စီမံခြင်း-စသည်တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ တိုက်ဆိုင်မှုအဖြစ် လက်ရှိနည်းပြ ရာနီရေနီလည်း ရောက်

ရှိလာပြီး ဆန်းဒါလန်းအသင်းကို 4-2 ရလာဒ်နဲ့ အနိုင်ယူကာ ရလာဒ်ကောင်းတွေ ဆက်တိုက်ယူနိုင်ခဲ့ပြီး ပရီးမီယား

လိဂ်မှာ ဆက်လက်ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းပိုင်ရှင်ဖြစ်တဲ့ Vichai Srivaddhanaprabha ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်သူ ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း သမ္မာ

ဒေဝနတ်ကောင်းနတ်မြတ်တွေက ကူညီစောင်မနေတယ်လို့ ယူဆသူဖြစ်ပြီး အခက်အခဲတွေ့တိုင်း ထိုင်းဘုန်းတော်ကြီးတွေဆီမှာ ပရိတ်နာခြင်း၊ ချည်မန်းကွင်းတောင်းခြင်း၊ ယတြာချေခြင်းများ ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း နာမည်ကြီးသူ ဖြစ်တယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သုံးနှစ်ခန့်ကလည်း လက်စတာအသင်းပိုင် ဘောလုံးကွင်းမှာ ထိုင်းဘုန်းတော်ကြီးတွေ ပင့်ပြီးပရိတ်ရွတ်ဖတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့လို့ ပရီမီယားလိဂ်မြက်ခင်းပြင်မှာ ပထမတန်းချန်ပီယံဖြစ်အဖြစ်နဲ့ ဂုဏ်ယူစွာ တက်လှမ်းနိုင်ခဲ့လို့ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

source : cnn.com

http://www.shwemom.com/buddhist-monks-and-karma-powering-foxes-to-glory/

No comments:

Post a Comment