Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

အစာေခ်မႈ လႈံ႔ေဆာ္ေပးမယ့္ နည္းလမ္းေလးမ်ား



ေပၚထြန္း
 2016-04-05


အစာမေၾကလို႕ အေနရအထိုင္ရခက္ေနတတ္တဲ့သူေတြအတြက္ ပံုမွန္ေလး လုပ္ေဆာင္ေပးသင့္တဲ့ အရာေလးေတြ ေျပာျပေပးခ်င္ပါတယ္။ ဒီအရာေတြက သင့္အစာေခ်မႈစနစ္ကို ေကာင္းမြန္ေစမွာမုိ႕ သိကို သိထားသင့္ပါတယ္။

၁။ သံလြင္ဆီနဲ႔ သံပုယုိသီး

သံလြင္ဆီ လက္ဖက္ရည္ဇြန္း (၁) ဇြန္းကို သံပုယုိရည္အစက္အနည္းငယ္နဲ႔ တြဲေသာက္ပါ။ ဒီအိမ္တြင္းေဆးနည္းကုိ မနက္ သုိ႔မဟုတ္ ထမင္းစားျပီး နာရီအနည္းငယ္ၾကာျပီးေနာက္ ေသာက္သင့္ပါတယ္။

၂။ ေရေႏြးေႏြးေလးနဲ႔ သံပုယုိ

မနက္ အစာအိမ္အတြင္း ဘာမွ မရိွတဲ့အခ်ိန္မွာ သံပုယုိသီးတစ္လုံးညစ္ထားတဲ့ ေရေႏြးေႏြးေလးတစ္ခြက္ ေသာက္ပါ။ ဒီေဖ်ာ္ရည္က အစာေျခအဖြဲ႔အစည္းနဲ႔ ပတ္သက္တဲ့ ျပသနာေတြ ကာကြယ္ကုသျခင္းအတြက္လည္း အသုံးျပဳပါတယ္။

၃။ မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ေရေႏြးေႏြးေလး
ေရေႏြးေႏြးေလး (၁) ခြက္ထဲ မုန္႔ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္း တစ္ဝက္ ေလာင္းထည့္ပါ။ ဒီနည္းကိုု ေခတ္အဆက္ဆက္အသုံးျပဳလာခဲ့ျပီး အစာေျချပသနာ ကုသေဆးအျဖစ္ လူသိမ်ားပါတယ္။ ေဆးဆုိင္ေတြမွာ ေတြ႔ႏုိင္တဲ့ အလူမီနီယမ္ဓာတ္မပါတဲ့ မုန္႔ဖုတ္ေဆာ္ဒါကပဲ ေကာင္းက်ဳိးျဖစ္ေစေၾကာင္း သိထားဖုိ႔ အေရးၾကီးပါတယ္။
မွတ္ခ်က္။ ။ ဒီေဆးနည္းကို အစာအိမ္ျပည္တည္နာရိွသူမ်ား မေသာက္သုံးသင့္ပါ။

ေအာက္ပါအစားအစာမ်ားကုိ သင့္ေန႔စဥ္အစားအစာစာရင္းထဲ ထည့္သြင္းဖို႔ မေမ့ပါနဲ႔။
 အမွ်င္ဓာတ္ၾကြယ္ဝတဲ့ သစ္သီးမ်ားနဲ႔ ဟင္းသီးဟင္းရြက္မ်ား (ပန္းမုန္လာ၊ လိေမၼာ္သီး၊ မုန္လာဥနီ၊ ပဲ…)
ဂ်ဳံ
ေကာင္းက်ဳိးျပဳတဲ့ ဘက္တီးရီးယားမ်ား (probiotics)
ေရ တို႕ပဲျဖစ္ပါတယ္။

ဒါ့အျပင္ ၁၀ မိနစ္လမ္းေလွ်ာက္ျခင္းပဲ ျဖစ္ျဖစ္ သင္အႏွစ္သက္ဆုံး ကုိယ္ကာယေလ့က်င့္ခန္းေတြ ျပဳလုပ္ဖုိ႔ မေမ့ပါနဲ႔။

Ref:healthyfoodstar

http://www.trend.com.mm/2016/04/05/health-9233

..................................................................................

အစာချေမှု လှုံ့ဆော်ပေးမယ့် နည်းလမ်းလေးများ


ပေါ်ထွန်း
 2016-04-05


အစာမကြေလို့ အနေရအထိုင်ရခက်နေတတ်တဲ့သူတွေအတွက် ပုံမှန်လေး လုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေ ပြောပြပေးချင်ပါတယ်။ ဒီအရာတွေက သင့်အစာချေမှုစနစ်ကို ကောင်းမွန်စေမှာမို့ သိကို သိထားသင့်ပါတယ်။

၁။ သံလွင်ဆီနဲ့ သံပုယိုသီး

သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို သံပုယိုရည်အစက်အနည်းငယ်နဲ့ တွဲသောက်ပါ။ ဒီအိမ်တွင်းဆေးနည်းကို မနက် သို့မဟုတ် ထမင်းစားပြီး နာရီအနည်းငယ်ကြာပြီးနောက် သောက်သင့်ပါတယ်။

၂။ ရေနွေးနွေးလေးနဲ့ သံပုယို

မနက် အစာအိမ်အတွင်း ဘာမှ မရှိတဲ့အချိန်မှာ သံပုယိုသီးတစ်လုံးညစ်ထားတဲ့ ရေနွေးနွေးလေးတစ်ခွက် သောက်ပါ။ ဒီဖျော်ရည်က အစာခြေအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ပြသနာတွေ ကာကွယ်ကုသခြင်းအတွက်လည်း အသုံးပြုပါတယ်။

၃။ မုန့်ဖုတ်ဆော်ဒါနဲ့ ရေနွေးနွေးလေး
ရေနွေးနွေးလေး (၁) ခွက်ထဲ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဝက် လောင်းထည့်ပါ။ ဒီနည်းကိုု ခေတ်အဆက်ဆက်အသုံးပြုလာခဲ့ပြီး အစာခြေပြသနာ ကုသဆေးအဖြစ် လူသိများပါတယ်။ ဆေးဆိုင်တွေမှာ တွေ့နိုင်တဲ့ အလူမီနီယမ်ဓာတ်မပါတဲ့ မုန့်ဖုတ်ဆော်ဒါကပဲ ကောင်းကျိုးဖြစ်စေကြောင်း သိထားဖို့ အရေးကြီးပါတယ်။
မှတ်ချက်။ ။ ဒီဆေးနည်းကို အစာအိမ်ပြည်တည်နာရှိသူများ မသောက်သုံးသင့်ပါ။

အောက်ပါအစားအစာများကို သင့်နေ့စဉ်အစားအစာစာရင်းထဲ ထည့်သွင်းဖို့ မမေ့ပါနဲ့။
 အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များ (ပန်းမုန်လာ၊ လိမ္မော်သီး၊ မုန်လာဥနီ၊ ပဲ…)
ဂျုံ
ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယားများ (probiotics)
ရေ တို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ၁၀ မိနစ်လမ်းလျှောက်ခြင်းပဲ ဖြစ်ဖြစ် သင်အနှစ်သက်ဆုံး ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ မမေ့ပါနဲ့။

Ref:healthyfoodstar

http://www.trend.com.mm/2016/04/05/health-9233

No comments:

Post a Comment