Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

ႏိုင္ငံေတာ္ အတိုင္ပင္ခံဥပေဒ ျပည္သူ႔လႊတ္ေတာ္ အတည္ျပဳ


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိၢဳလ္ဆိုင္ရာ ဥပေဒၾကမ္း မဲရလဒ္ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိၢဳလ္ဆိုင္ရာ ဥပေဒၾကမ္း မဲရလဒ္
ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံထားမယ့္ ဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္မွာ အတည္ျပဳၿပီးတဲ့ေနာက္၊ ဒီကေန႔ ျပည္သူ႔လႊတ္ေတာ္မွာလည္း အတည္ျပဳလိုက္ပါၿပီ။ ျပည္သူ႔လႊတ္ေတာ္အတြင္း အတည္ျပဳေရးေဆြးေႏြးၾကရာမွာေတာ့ ဥပေဒၾကမ္းပါ အခ်က္အေတာ္မ်ားမ်ားကို တပ္မေတာ္သားကိုယ္စားလွယ္ေတြေရာ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြဦးေဆာင္တဲ့ ႀကံခိုင္ေရးပါတီကပါ ကန္႔ကြက္ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ မေမခသတင္းေပးပို႔ထားပါတယ္။

NLD ပါတီကေနတင္လာတဲ့ ဒီ ဥပေဒပါ အခန္း ၈ ခန္းမွာ ၇ ခန္းစလံုးကို ျပင္ဆင္ေပးဖို႔ တပ္မေတာ္သားကိုယ္စားလွယ္ေတြဘက္က ဒီကေန႔ ျပည္သူ႔လႊတ္ေတာ္မွာတင္ျပေဆြးေႏြးခဲ့ၿပီး၊ မဲခဲြဆံုးျဖတ္ရာမွာေတာ့ လႊတ္ေတာ္တြင္း ေရြးေကာက္ခံေတြနဲ႔ ခန္႔အပ္ခံ ကိုယ္စားလွယ္ေတြအၾကား အႀကီးမားဆံုး ပြတ္တိုက္မႈတရပ္ျဖစ္လာပါတယ္။ မဲခဲြဆံုးျဖတ္ရာမွာ စစ္တပ္ကိုယ္စားလွယ္ေတြဖက္က မဲေပးျခင္းမရိွသလို၊ မဲရလဒ္အရ အတည္ျပဳဖို႔ လႊတ္ေတာ္ဥကၠဌက ဆံုးျဖတ္ခ်က္ခ်ရာမွာလည္း စစ္တပ္ဖက္က ကန္႔ကြက္ခဲ့ျပန္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ဆိုင္ရာဥပေဒၾကမ္းကို ႏိုင္ငံေတာ္သမၼတရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ဆိုင္ရာ ဥပေဒၾကမ္းလို႔ ေခါင္းစဥ္ကအစ ျပင္ဆင္ဖို႔အပါအ၀င္၊ အခ်က္အေတာ္မ်ားမာ်းကို အခ်ိန္ယူေဆြးေႏြးလိုတယ္လို႔ စစ္တပ္ကိုယ္စားလွယ္ေတြဘက္က တင္ျပခဲ့ပါတယ္။ ဥပေဒၾကမ္းေကာ္မတီ၀င္တဦးလည္းျဖစ္တဲ့ ဗိုလ္မႈးခ်ဳပ္ေမာင္ေမာင္ကေတာ့ ဒီ ဥပေဒဟာ တည္ဆဲဖဲြ႔စည္းပံုကို ေက်ာ္လြန္လုပ္ေဆာင္မႈရိွတယ္လို႔ သတိေပး ေျပာသြားပါတယ္။

“တည္ဆဲဖဲြ႔စည္းပံုအေျခခံဥပေဒ ျပဌာန္းခ်က္ေတြကို ေလးစားလိုက္နာမႈမရွိျခင္း၊ ဖဲြ႔စည္းပံုအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြကို ေက်ာ္လြန္ေဆာင္ရြက္ျခင္း၊ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပဌာန္းခ်က္ေတြကိုအားနည္းေအာင္ ေဆာင္ရြက္ျခင္းေတြဟာ မိမိတို႔ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားအားလံုးအတြက္ မလိုလားအပ္တဲ့ ကိစၥေတြျဖစ္ေပၚေစႏိုင္ပါေၾကာင္း တင္ျပလိုပါတယ္။ တင္သြင္းတဲ့ ဥပေဒၾကမ္းနဲ႔ ပတ္သက္လို႔လည္း ဖဲြ႔စည္းပံုအေျခခံဥပေဒနဲ႔ ဆန္႔က်င္ေက်ာ္လြန္တာရွိေနေၾကာင္း က်ေနာ္တို႔ တပ္မေတာ္သားကိုယ္စားလွယ္ေတြက ေထာက္ျပေဆြးေႏြးမႈမ်ားျပဳလုပ္ၾကပါတယ္။ ဒီလိုသံုးသပ္ျပင္ဆင္ေဆာင္ရြက္ျခင္းမ်ားမျပဳဘဲ ဥပေဒျပင္ဆင္ခ်က္ ပုဒ္မေတြကို မဲခြဲဆံုးျဖတ္ျခင္းမ်ားျပဳလုပ္ၿပီးေတာ့မွ အတည္ျပဳမႈမ်ားဆက္လက္ေဆာင္ရြက္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ တပ္မေတာ္သားကိုယ္စားလွယ္ေတြအေနနဲ႔ေတာ့ မဲေပးျခင္းမ်ား ေဆာင္ရြက္မည္မဟုတ္ပါေၾကာင္း တင္ျပအပ္ပါတယ္ခင္ဗ်ာ။”


ျပည္ေထာင္စုႀကံ႕ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းထြန္းကေတာ့လက္ရွိတင္ျပထားတဲ့ ဥပေဒဟာ တခါသံုးဥပေဒျဖစ္ေန တယ္လို႔ လႊတ္ေတာ္မွာ ေဝဖန္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ လႊတ္ေတာ္တုန္းကေတာင္ ဥပေဒတခုေရးဆြဲ မယ္ဆိုရင္ လႊတ္ေတာ္တြင္း ဥပေဒေကာ္မတီ၀င္မ်ား၊ ျပင္ပ လႊတ္ေတာ္ပညာရွင္မ်ား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတြ႔ဆံုကာ အေၾကအလည္ေဆြးေႏြးၿပီးမွ လႊတ္ေတာ္တြင္းေဆြးေႏြးၾကတဲ့ အစဥ္အလာရိွေပမယ့္၊ အခု ဒီဥပေဒၾကမ္းကိစၥမွာေတာ့ ဒီလို လုပ္ေဆာင္မႈမရိွတဲ့အတြက္ အားနည္းခ်က္ေတြရွိေၾကာင္း ေထာက္ျပပါတယ္။

“က်ေနာ္တို႔ ဒီေန႔ေဆြးေႏြးပြဲက က်ေနာ္တို႔ တင္ျပတဲ့ ပုဂၢိဳလ္ေတြနဲ႔ ဥပေဒၾကမ္းေကာ္မတီနဲ႔ ၂ ဦး က်ေနာ္တို႔ မဲခြဲဆံုးျဖတ္ၿပီးေတာ့မွ ေဆာင္ရြက္တဲ့အေနအထားမွာ ယေန႔ေတြ႔ရွိရမွာျဖစ္ပါတယ္။”

ဒီလိုတင္ျပခဲ့ေပမယ့္ လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီကေတာ့ ဒီဥပေဒၾကမ္းဟာ ျပင္ဆင္ရမွာေတြမရွိတာေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္က တင္ျပခဲ့တဲ့ အတိုင္း အတည္ျပဳဖို႔သာ တင္ျပခဲ့ၿပီး၊ လႊတ္ေတာ္ဥကၠဌက ဥပေဒပါ ပုဒ္မတခုခ်င္းဆီအလိုက္ မဲခြဲကာ အတည္ျပဳခဲ့ပါတယ္။ ဒီလိုမဲခြဲတာမွာ ျပည္သူ႔လႊတ္ေတာ္တြင္းရွိ ဘယ္တပ္မေတာ္သားကိုယ္စားလွယ္မွ မဲမေပးခဲ့ပါဘူး။

ဒီျပင္ ဥပေဒကို ျပည္သူ႔လႊတ္ေတာ္မွာ အတည္ျပဳလိုက္တယ္လို႔ လႊတ္ေတာ္ဥကၠဌကေၾကျငာလိုက္စဥ္မွာလဲ တပ္မေတာ္သားကိုယ္စားလွယ္ေတြေကာ ႀကံ႕ခိုင္ ေရးကိုယ္စားလွယ္ေတြ ဘက္ကေကာ မတ္တပ္ရပ္ကာ ထပ္မံကန္႔ကြက္ခဲ့ပါတယ္။

ဒီလို ေရြးေကာက္ခံ နဲ႔ ခန္႔အပ္ခံ မ်ား အၾကား က အႀကီးမားဆံုး ပြတ္တိုက္မႈတခုျဖစ္လာခဲ့တဲ့အေပၚ ေရြးေကာက္ပြဲေစာင့္ၾကည္႔ေလ့လာေနတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးခိုင္ေမာင္ရည္ကေတာ့ ခုလို သံုးသပ္လိုက္ပါတယ္။

“လက္ရွိ ဒီဥပေဒကို ျပဌာန္းဖို႔ အျမန္လုပ္ေနတဲ့သေဘာကိုလည္း ေတြ႔ရတယ္ေပါ့ေနာ္။ ဒီအေပၚမွာ ဒါႏိုင္ငံေရးစိန္ေခၚမႈတရပ္အေနနဲ႔ စိန္ေခၚခ်က္ သေဘာမ်ိဳးသက္ေရာက္တယ္လို႔ ဆံုးျဖတ္ရမွာျဖစ္တယ္။ တပ္မေတာ္နဲ႔ အႏိုင္ရပါတီရဲ႕ ဆက္ဆံေရးဟာ အလားအလာမေကာင္းဘူးလို႔ က်ေနာ္တို႔ ျမင္ရမွာျဖစ္တယ္။”

တပ္မေတာ္နဲ႔ NLD ၾကားက ထိပ္တိုက္ေတြ႔ဆံုမႈဟာ NLD ဦးေဆာင္တဲ့ လႊတ္ေတာ္စတင္ခ်ိန္ထဲက စတင္ခဲ့တာျဖစ္တယ္လို႔ ေျပာရမွာပါ။ NLD ပါတီကေန ေရြးခ်ယ္လိုက္တဲ့ ဒုသမၼတနဲ႔ အျခားေသာအစိုးရအဖြဲ႔ဝင္ေတြအျဖစ္ေရြးလိုက္သူေတြကို ကန္႔ကြက္တာေတြလည္း လႊတ္ေတာ္စတင္ထဲက တပ္မေတာ္ဘက္က လုပ္ေဆာင္ခဲ့ဖူးပါတယ္။ ဒီ တႀကိမ္ကေတာ့ NLD ပါတီ ကပထမဆံုးတင္တဲ့ ဥပေဒမွာ ထပ္မံထိပ္တိုက္ေတြ႔တာပါ။

ဒီဥပေဒၾကမ္းကို ျပည္သူ႔လႊတ္ေတာ္ကပါအတည္ျပဳလိုက္တာေၾကာင့္ သမၼတထံ ဆက္လက္ေပးပို႕မွာ ျဖစ္ၿပီး သမၼတဦးထင္ေက်ာ္က လက္မွတ္ထိုးၿပီးရင္ ဥပေဒအတည္ျဖစ္ပါၿပီ။ အာဏာရ NLD ပါတီ က ေဒၚေအာင္ဆန္း စုၾကည္ကို သမၼတတင္ေျမာက္ႏိုင္ဖို႔ စီစဥ္ထားေပမယ့္ ကန္႔သတ္ခံထားရတဲ့ အေျခအေနေၾကာင့္ ပံုစံတမ်ိဳးနဲ႔ ဥပေဒနဲ႔အညီ ဦးေဆာင္ႏုိင္ရန္ ဒီကိစၥကို စီစဥ္ရျခင္း ျဖစ္တယ္ လို႔ ေျပာဆိုေန တာေတြ ရွိေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ ကလည္း သမၼတ ျဖစ္ဖို႕ တားဆီးထားတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒကို မျပင္ႏိုင္ခဲ့ပါက သမၼတအထက္မွ ေနမယ္လို႔ ေရြးေကာက္ပြဲ မတိုင္ခင္ ကတည္းက ျပတ္ျပတ္သားသားေျပာဆိုထား ၿပီး ျဖစ္ပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

......................................



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း မဲရလဒ်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း မဲရလဒ်
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံထားမယ့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီးတဲ့နောက်၊ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာလည်း အတည်ပြုလိုက်ပါပြီ။ ပြည်သူ့လွှတ်တော်အတွင်း အတည်ပြုရေးဆွေးနွေးကြရာမှာတော့ ဥပဒေကြမ်းပါ အချက်အတော်များများကို တပ်မတော်သားကိုယ်စားလှယ်တွေရော စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ကြံခိုင်ရေးပါတီကပါ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခသတင်းပေးပို့ထားပါတယ်။

NLD ပါတီကနေတင်လာတဲ့ ဒီ ဥပဒေပါ အခန်း ၈ ခန်းမှာ ရ ခန်းစလုံးကို ပြင်ဆင်ပေးဖို့ တပ်မတော်သားကိုယ်စားလှယ်တွေဘက်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာတင်ပြဆွေးနွေးခဲ့ပြီး၊ မဲခွဲဆုံးဖြတ်ရာမှာတော့ လွှတ်တော်တွင်း ရွေးကောက်ခံတွေနဲ့ ခန့်အပ်ခံ ကိုယ်စားလှယ်တွေအကြား အကြီးမားဆုံး ပွတ်တိုက်မှုတရပ်ဖြစ်လာပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ စစ်တပ်ကိုယ်စားလှယ်တွေဖက်က မဲပေးခြင်းမရှိသလို၊ မဲရလဒ်အရ အတည်ပြုဖို့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ချက်ချရာမှာလည်း စစ်တပ်ဖက်က ကန့်ကွက်ခဲ့ပြန်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို နိုင်ငံတော်သမ္မတရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းလို့ ခေါင်းစဉ်ကအစ ပြင်ဆင်ဖို့အပါအဝင်၊ အချက်အတော်များမာျးကို အချိန်ယူဆွေးနွေးလိုတယ်လို့ စစ်တပ်ကိုယ်စားလှယ်တွေဘက်က တင်ပြခဲ့ပါတယ်။ ဥပဒေကြမ်းကော်မတီဝင်တဦးလည်းဖြစ်တဲ့ ဗိုလ်မှုးချုပ်မောင်မောင်ကတော့ ဒီ ဥပဒေဟာ တည်ဆဲဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်မှုရှိတယ်လို့ သတိပေး ပြောသွားပါတယ်။

“တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေကို လေးစားလိုက်နာမှုမရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျော်လွန်ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေကိုအားနည်းအောင် ဆောင်ရွက်ခြင်းတွေဟာ မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်ပေါ်စေနိုင်ပါကြောင်း တင်ပြလိုပါတယ်။ တင်သွင်းတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ကျော်လွန်တာရှိနေကြောင်း ကျနော်တို့ တပ်မတော်သားကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးမှုများပြုလုပ်ကြပါတယ်။ ဒီလိုသုံးသပ်ပြင်ဆင်ဆောင်ရွက်ခြင်းများမပြုဘဲ ဥပဒေပြင်ဆင်ချက် ပုဒ်မတွေကို မဲခွဲဆုံးဖြတ်ခြင်းများပြုလုပ်ပြီးတော့မှ အတည်ပြုမှုများဆက်လက်ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့တော့ မဲပေးခြင်းများ ဆောင်ရွက်မည်မဟုတ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။”



ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကတော့လက်ရှိတင်ပြထားတဲ့ ဥပဒေဟာ တခါသုံးဥပဒေဖြစ်နေ တယ်လို့ လွှတ်တော်မှာ ဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ လွှတ်တော်တုန်းကတောင် ဥပဒေတခုရေးဆွဲ မယ်ဆိုရင် လွှတ်တော်တွင်း ဥပဒေကော်မတီဝင်များ၊ ပြင်ပ လွှတ်တော်ပညာရှင်များ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံကာ အကြေအလည်ဆွေးနွေးပြီးမှ လွှတ်တော်တွင်းဆွေးနွေးကြတဲ့ အစဉ်အလာရှိပေမယ့်၊ အခု ဒီဥပဒေကြမ်းကိစ္စမှာတော့ ဒီလို လုပ်ဆောင်မှုမရှိတဲ့အတွက် အားနည်းချက်တွေရှိကြောင်း ထောက်ပြပါတယ်။

“ကျနော်တို့ ဒီနေ့ဆွေးနွေးပွဲက ကျနော်တို့ တင်ပြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥပဒေကြမ်းကော်မတီနဲ့ ၂ ဦး ကျနော်တို့ မဲခွဲဆုံးဖြတ်ပြီးတော့မှ ဆောင်ရွက်တဲ့အနေအထားမှာ ယနေ့တွေ့ရှိရမှာဖြစ်ပါတယ်။”

ဒီလိုတင်ပြခဲ့ပေမယ့် လွှတ်တော်ဥပဒေကြမ်းကော်မတီကတော့ ဒီဥပဒေကြမ်းဟာ ပြင်ဆင်ရမှာတွေမရှိတာကြောင့် အမျိုးသားလွှတ်တော်က တင်ပြခဲ့တဲ့ အတိုင်း အတည်ပြုဖို့သာ တင်ပြခဲ့ပြီး၊ လွှတ်တော်ဥက္ကဌက ဥပဒေပါ ပုဒ်မတခုချင်းဆီအလိုက် မဲခွဲကာ အတည်ပြုခဲ့ပါတယ်။ ဒီလိုမဲခွဲတာမှာ ပြည်သူ့လွှတ်တော်တွင်းရှိ ဘယ်တပ်မတော်သားကိုယ်စားလှယ်မှ မဲမပေးခဲ့ပါဘူး။

ဒီပြင် ဥပဒေကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တယ်လို့ လွှတ်တော်ဥက္ကဌကကြေငြာလိုက်စဉ်မှာလဲ တပ်မတော်သားကိုယ်စားလှယ်တွေကော ကြံ့ခိုင် ရေးကိုယ်စားလှယ်တွေ ဘက်ကကော မတ်တပ်ရပ်ကာ ထပ်မံကန့်ကွက်ခဲ့ပါတယ်။

ဒီလို ရွေးကောက်ခံ နဲ့ ခန့်အပ်ခံ များ အကြား က အကြီးမားဆုံး ပွတ်တိုက်မှုတခုဖြစ်လာခဲ့တဲ့အပေါ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်ကတော့ ခုလို သုံးသပ်လိုက်ပါတယ်။

“လက်ရှိ ဒီဥပဒေကို ပြဌာန်းဖို့ အမြန်လုပ်နေတဲ့သဘောကိုလည်း တွေ့ရတယ်ပေါ့နော်။ ဒီအပေါ်မှာ ဒါနိုင်ငံရေးစိန်ခေါ်မှုတရပ်အနေနဲ့ စိန်ခေါ်ချက် သဘောမျိုးသက်ရောက်တယ်လို့ ဆုံးဖြတ်ရမှာဖြစ်တယ်။ တပ်မတော်နဲ့ အနိုင်ရပါတီရဲ့ ဆက်ဆံရေးဟာ အလားအလာမကောင်းဘူးလို့ ကျနော်တို့ မြင်ရမှာဖြစ်တယ်။”

တပ်မတော်နဲ့ NLD ကြားက ထိပ်တိုက်တွေ့ဆုံမှုဟာ NLD ဦးဆောင်တဲ့ လွှတ်တော်စတင်ချိန်ထဲက စတင်ခဲ့တာဖြစ်တယ်လို့ ပြောရမှာပါ။ NLD ပါတီကနေ ရွေးချယ်လိုက်တဲ့ ဒုသမ္မတနဲ့ အခြားသောအစိုးရအဖွဲ့ဝင်တွေအဖြစ်ရွေးလိုက်သူတွေကို ကန့်ကွက်တာတွေလည်း လွှတ်တော်စတင်ထဲက တပ်မတော်ဘက်က လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီ တကြိမ်ကတော့ NLD ပါတီ ကပထမဆုံးတင်တဲ့ ဥပဒေမှာ ထပ်မံထိပ်တိုက်တွေ့တာပါ။

ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကပါအတည်ပြုလိုက်တာကြောင့် သမ္မတထံ ဆက်လက်ပေးပို့မှာ ဖြစ်ပြီး သမ္မတဦးထင်ကျော်က လက်မှတ်ထိုးပြီးရင် ဥပဒေအတည်ဖြစ်ပါပြီ။ အာဏာရ NLD ပါတီ က ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတတင်မြောက်နိုင်ဖို့ စီစဉ်ထားပေမယ့် ကန့်သတ်ခံထားရတဲ့ အခြေအနေကြောင့် ပုံစံတမျိုးနဲ့ ဥပဒေနဲ့အညီ ဦးဆောင်နိုင်ရန် ဒီကိစ္စကို စီစဉ်ရခြင်း ဖြစ်တယ် လို့ ပြောဆိုနေ တာတွေ ရှိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကလည်း သမ္မတ ဖြစ်ဖို့ တားဆီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ခဲ့ပါက သမ္မတအထက်မှ နေမယ်လို့ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက ပြတ်ပြတ်သားသားပြောဆိုထား ပြီး ဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment