Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 15, 2016

ရွှေသံလွင်ကျော်ဝင်းဆိုတာ

ရွှေသံလွင်ကျော်ဝင်းဆိုတာစစ်အစိုးရအကြောင်းကို အပါးနပ်ဆုံး
ခရိုနီလို့ပြောလို့ရတယ်..

ဦးတေဇ ဦးဇော်ဇော်တို့ ခေတ်မရောက်ခင်ဦးဌေးမြင့်၊ ဦးအောင်ကိုဝင်း၊ ဦးခင်ရွှေခေတ်ကတည်းက
စစ်ဗိုလ်ချုပ်တွေကို ကပ်ပြီး လုပ်ပိုင်ခွင့်တွေလူမသိသူမသိယူခဲ့တာ..

နောက်ပိုင်း တစ်ခြားခရိုနီတွေကသယံဇာတတွေကိုစိတ်ဝင်စားပြီး
စားခွက်လုနေချိန်မှာ..
သူက ဘယ်သူမှမဦးသေးတဲ့မီဒီယာလောကကို မျက်စိကျလာပြီး
ပါးပါးနပ်နပ်နဲ့ Sky Net ကိုထူထောင်ပြီးမီဒီယာလောကကို ဖမ်းထိမ်းလိုက်တယ်..
ဒါတောင် သူနဲ့ပြိုင်ဖက်ရှိသေးတယ်..

ပြီးတော့..
Digital Satellite Broadcasting တွေခေတ်ကောင်းလာတဲ့အချိန်မှာ..
နိုင်ငံတကာ အဆင့်မီ ဂြိုလ်တုရုပ်သံလိုင်းတစ်ခုကို အပြင်း အထန်ဦးပြီး
Studio မျိုးစုံထူထောင်လို့..
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းနဲ့ပေါင်းပြီး လုပ်စားပါတော့တယ်..

အဲဒီတုန်းက ပြန်ကြားရေးနဲ့ပေါင်းစားလို့ပြန်ကြားရေးကိုသွင်းရမဲ့ အခွန်ရာခိုင်နှုန်းတွေ
နည်းလွန်းလို့တောင် ပြည်သူ့ပါးစပ်မှာပြောစမှတ်ဖြစ်ရပါသေးတယ်..
ဒါပေမဲ့ သူက အားသာသွားခဲ့တယ်..ကုန်လဲအကုန်ခံနိုင်တာကိုး..

လွပ်လပ်တဲ့ ဂြိုလ်တုအသံလွင့်ရုပ်သံပိုင်ရှင်နာမည်ခံပေမဲ့ အဲဒီတုန်းက
ဦးသိန်းစိန်အစိုးရဘက်ကနေလိုက်ပြီးလူထုခေါင်းဆောင်သတင်းတွေကို
ဘာသတင်းမှ ထည့်ခြင်းမရှိတာကိုလဲတွေ့ရတယ်..

ဦးသိန်းစိန်လက်ထက်မှာလဲ..ဦးသိန်းစိန်ဘယ်သွားသွား..
အထူးပြန်ကြားရေးအဖွဲ့ပုံစံမျိုးနဲ့လိုက်ခွင့်ရတဲ့အထိ ဦးသိန်းစိန်
အစိုးရနဲ့နီးစပ်ခဲ့ပါတယ်..

ပြန်ကြားရေးဝန်ကြီးဦးရဲထွတ်လက်ထက်မှာ..အားလုံးသိတဲ့ ရေကူးအသံလွှင့်ရုံနေရာကြီးကို..
ရွှေသံလွှင်ထံ လုပ်ပိုင်ခွင့်ပေးခါနီး..မီဒီယာအချို့အဖွမြန်တဲ့အတွက်..
ဂွင်အကြီးကြီးလက်လွှတ်လိုက်ရတယ်..

တခြားခရိုနီတွေသယံဇာတတွေကိုခွက်စောင်းခုတ်ရင်းနဲ့ သယံဇာတာတွေ
ကုန်နေချိန်မှာ..
သူကတော့ တခြားခရိုနီတွေနဲ့နှာတစ်ဖျားသာပြီးဖျော်ဖြေမှုနဲ့ လှိုင်းနှုန်း( Signal) တွေကို
လစဉ် ပြည်သူကို ရောင်းစားနေတဲ့..သူဌေးအဖြစ် တိုးတက်သွားခဲ့တယ်..
လစဉ်ပုံမှန်ဝင်ငွေဟာ..ခန့်မှန်းလို့မရတော့ဘူး..

သူ့ရုပ်သံလွှင့်မှုကနေရတဲ့င်ငွေနဲ့ပြည်သူတွေဆောင်တဲ့..
လစဉ် charges ငွေတွေရဲ့အ၀င်အထွက်စာရင်းဟာ..
သူ့ကုမ္မဏီရဲ့ဒေတာဘေစ့်တွေထဲမှာပဲရှိတဲ့အတွက်..
အစိုးရကိုအခွန်ဆောင်ရင်တောင်ဆောင်ရမဲ့ စာရင်းကိုကစားခွင့်ဟာ
သူ့လက်ထဲမှာပဲ အပြည့်အ၀..ရှိနေပါတယ်..
တစ်လတစ်လ နည်းမှမနည်းပဲ..

ဒါ့ကြောင့်လဲ အရင်အစိုးရနဲ့ပြန်ကြားရေးကိုအပီအပြင်ဖါးနေလုပ်ပေးနေခဲ့တာဖြစ်ပါတယ်

ဒါပေမဲ့ သူ့ရဲ့ Sky net စနစ်ကိုပြည်သူတွေအဆင်ပြေတဲ့ ဈေးနှုန်းကို ရောက်အောင်
လျော့တာတွေကျတော့..
သိသိသာသာ ဘာမှလုပ်မပေးပဲ..ရူးချင်ယောင်ဆောင်နေတဲ့အတွက်
ပြည်သူအများစုဟာ..Sky Net ကို အံကြိတ်ပြီးကြည့်နေပါတော့တယ်..

လက်ရှိအနေအထားအရ..ပြန်ကြားရေးဝန်ကြီးဌာနနဲ့ယှဉ်ရင်ကို
စက်ပစ္စည်းတွေ ခေတ်မှီပြည့်စုံပြီး..တိုက်ရိုက်ထုတ်လွှင့်ဖို့ နဲ့ ဆက်တင်နေရာနဲ့
ပစ္စည်းတွေ လုပ်ပိုင်ခွင့်တွေကအလုံအလောက်ရှိနေတဲ့အတွက်..

အခုအစိုးရဟာလဲ..သူ့ကိုပဲအားကိုးမယ်ဆိုတာ..ယုံကြည့်နေပုံပါပဲ..

အဲဒါကြောင့်လဲ..တစ်ချို့နေရာတွေမှာ..အထာကိုင်ပြီး အကြောတင်းနေတာကို
သိသိသာသာတွေ့ရပါတယ်..

အစိုးရသစ်ရဲ့ပြန်ကြားရေးဝန်ကြီးသစ်အနေနဲ့မြန်မာ့ရုပ်သံကို အဆင့်အတန်းမြင့်ပြီး
တိုးတက်တဲ့ နိုင်ငံတကာအသိအမှတ်ပြုရုပ်သံဌာနကြီးတစ်ခုအဖြစ် ပြောင်းလည်းသင့်သလို..
Sky Net တင်မဟုတ်ပဲ..
တခြား ရုပ်သံလွှင့်ခွင့်လုပ်ကိုင်ချင်တဲ့သူများကိုလဲလုပ်ပိုင်ခွင့်ပေးပြီး အပြိုင်အဆိုင် စနစ်နဲ့
စစ်ထုတ်ပစ်သင့်ပါတယ်..

ပြည်သူ သက်သာစွာနဲ့ ကြည့်ရဖို့ကအဓိကပါ..

Pa Yit (Zaw Myint Aye) ရေးသည်

No comments:

Post a Comment