လာဘ္ထုိးတာေတြ လက္မခံေၾကာင္း ရန္ကုန္တုိင္း ၀န္ႀကီးခ်ဳပ္ ေျပာၾကား

ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္နဲ႔ စက္မႈဇုန္(ရန္ကုန္) ကိုယ္စားလွယ္မ်ား ဧၿပီလ ၂၅ ရက္ေန႔က ေတြ႔ဆံုၾကစဥ္။Photo: Htet Arkar/RFA
စက္မႈဇုန္လုပ္ငန္းရွင္ေတြအေနနဲ႔ မိမိတို႔ ၾကံဳေတ႔ြေနရတဲ့ အခက္အခဲေတြကို ေျဖရွင္းေပးဖို႔ ရန္ကုန္တုိင္းအစိုးရအဖဲြ႔ထံ တင္ျပၾကဖို႔နဲ႔ တင္ျပရာမွာလည္း လာဘ္ထုိးၿပီး လုပ္ခိုင္းတာမ်ဳိးကို လက္မခံေၾကာင္း ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႔ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း UMFCCI ရုံုးမွာ စက္မႈဇုန္ ၂၀ နီးပါးက ကိုယ္စားလွယ္ေတြနဲ႔ ဒီေန႔ ေတြ႔ဆံုစဥ္ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာခဲ့တာျဖစ္ပါတယ္။

"က်ေနာ္တို႔ရဲ႕ ေမွ်ာ္မွန္းခ်က္ဟာ ႏိုင္ငံတိုးတက္ဖို႔၊ က်ေနာ္တို႔ဆီမွာရွိတဲ့ ျပည္သူျပည္သားေတြရဲ႕ တိုးတက္ဖို႔ ပဲေရွးရႈတယ္၊ ဒီအတြက္ အစိုးရအဖြဲ႔ကို ဘာတစ္ခုမွ လာဘ္ထိုးစရာမလိုဘူး၊ လာေျပာပါ၊ ဒါလုပ္ေပးကို လုပ္ေပးမွရမယ္လို႔ တင္းတင္းရင္းရင္းေျပာပါ၊ ဘာေၾကာင့္လဲဆို အစိုးရဆိုတာ ျပည္သူလူထုရဲ႕ ဝန္ကိုထမ္းဖို႔ ဒီတာဝန္ကို က်ေနာ္တို႔ယူတာ၊ က်ေနာ္တို႔ တိုင္းျပည္ထူေထာင္ႏို္င္ေရးအတြက္ ဒီငါးႏွစ္အတြင္းမွာ မွတ္ေက်ာက္ တင္ခံႏိုင္ရမွာျဖစ္ပါတယ္၊ ဒီအတြက္ က်ေနာ္တို႔ဘက္က လုပ္ေပးႏိုင္တဲ့ အေျခအေနေတြအားလံုးကို လုပ္ငန္း ရွင္ေတြအားလံုး အလုပ္သမားေတြအေပၚမွာလည္း အေကာင္းဆံုးျဖစ္ႏိုင္တဲ့ အေျခအေနေတြကို စြမ္းေဆာင္ႏိုင္ တဲ့ စက္ရံုအလုပ္ရံုေတြျဖစ္ဖို႔အတြက္ က်ေနာ္ဆႏၵျပဳပါတယ္"

ေတြ႔ဆံုပဲြကို လႈိင္သာယာ၊ ေရႊလင္ဗန္း၊ ေရႊျပည္သာ စတဲ့ စက္မႈဇုန္ ၂၀ ေလာက္က ကိုယ္စားလွယ္ ၁၅ ဦး တက္ေရာက္ခဲ့ၿပီး စက္မႈဇုန္ေတြမွာ လွ်ပ္စစ္မီးလံုေလာက္စြာ ရရွိဖို႔၊ က်ဴးေက်ာ္ေနထိုင္သူေတြကို ေျဖရွင္းေပးဖို႔ နဲ႔ ေရရရွိေအာင္ ေဆာင္ရြက္ေပးဖို႔တို႔ကို ၀န္ႀကီးခ်ဳပ္ထံ တင္ျပခဲ့ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္းက စက္မႈဇုန္အေတာ္မ်ားမ်ားမွာ က်ဴးေက်ာ္ဝင္ေရာက္ေနထုိင္သူေတြနဲ႔ ပတ္သက္ၿပီး တိုင္းအစုိးရအဖြဲ႔က တာဝန္ယူေျဖရွင္းေပးသြားမယ္လုိ႔လည္း ေျပာပါတယ္။

ေတြ႔ဆံုပဲြကို ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တုိင္း လမ္းပန္းဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္ဝန္ႀကီး ေဒၚနီလာေက်ာ္၊ ကရင္တုိင္းရင္းသားေရးရာဝန္ႀကီး နဲ႔ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ တက္ေရာက္ခဲ့ပါတယ္။

ဒါ့အျပင္ ဝန္ႀကီးခ်ဳပ္က စက္မႈဇုန္တိုင္းကို လွည့္လည္စစ္ေဆးမွာျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese

..............................


ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ စက်မှုဇုန်(ရန်ကုန်) ကိုယ်စားလှယ်များ ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံကြစဉ်။Photo: Htet Arkar/RFA
စက်မှုဇုန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တင်ပြကြဖို့နဲ့ တင်ပြရာမှာလည်း လာဘ်ထိုးပြီး လုပ်ခိုင်းတာမျိုးကို လက်မခံကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ရုံုးမှာ စက်မှုဇုန် ၂၀ နီးပါးက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ မျှော်မှန်းချက်ဟာ နိုင်ငံတိုးတက်ဖို့၊ ကျနော်တို့ဆီမှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ တိုးတက်ဖို့ ပဲရှေးရှုတယ်၊ ဒီအတွက် အစိုးရအဖွဲ့ကို ဘာတစ်ခုမှ လာဘ်ထိုးစရာမလိုဘူး၊ လာပြောပါ၊ ဒါလုပ်ပေးကို လုပ်ပေးမှရမယ်လို့ တင်းတင်းရင်းရင်းပြောပါ၊ ဘာကြောင့်လဲဆို အစိုးရဆိုတာ ပြည်သူလူထုရဲ့ ဝန်ကိုထမ်းဖို့ ဒီတာဝန်ကို ကျနော်တို့ယူတာ၊ ကျနော်တို့ တိုင်းပြည်ထူထောင်နို်င်ရေးအတွက် ဒီငါးနှစ်အတွင်းမှာ မှတ်ကျောက် တင်ခံနိုင်ရမှာဖြစ်ပါတယ်၊ ဒီအတွက် ကျနော်တို့ဘက်က လုပ်ပေးနိုင်တဲ့ အခြေအနေတွေအားလုံးကို လုပ်ငန်း ရှင်တွေအားလုံး အလုပ်သမားတွေအပေါ်မှာလည်း အကောင်းဆုံးဖြစ်နိုင်တဲ့ အခြေအနေတွေကို စွမ်းဆောင်နိုင် တဲ့ စက်ရုံအလုပ်ရုံတွေဖြစ်ဖို့အတွက် ကျနော်ဆန္ဒပြုပါတယ်"

တွေ့ဆုံပွဲကို လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ စတဲ့ စက်မှုဇုန် ၂၀ လောက်က ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ပြီး စက်မှုဇုန်တွေမှာ လျှပ်စစ်မီးလုံလောက်စွာ ရရှိဖို့၊ ကျူးကျော်နေထိုင်သူတွေကို ဖြေရှင်းပေးဖို့ နဲ့ ရေရရှိအောင် ဆောင်ရွက်ပေးဖို့တို့ကို ၀န်ကြီးချုပ်ထံ တင်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်အတော်များများမှာ ကျူးကျော်ဝင်ရောက်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းပေးသွားမယ်လို့လည်း ပြောပါတယ်။

တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်က စက်မှုဇုန်တိုင်းကို လှည့်လည်စစ်ဆေးမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)