နီးစပ္သူေတြ ကုိယ္ေရးအရာရွိ မခန္႔ဖုိ႔ အစုိးရအမိန္႔ထုတ္


ျပည္ေထာင္စု၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ၀န္ႀကီးဌာနမ်ား၏ ဖြဲ႕စည္းပံုျပင္ဆင္ေရးဆြဲေရး ညႇိႏႈိင္း အစည္းအေ၀းက်င္းပေနစဥ္ ။ ဧၿပီ ၂၁၊ ၂၀၁၆ (Photo-president office )
အစိုးရသစ္လက္ထက္ ျပည္ေထာင္စုအစိုးရအဖြဲ႔ဝင္ေတြ ကိုယ္ေရးအရာရွိ ခန္႔တဲ့အခါ မိသားစုဝင္နဲ႔ ေဆြမ်ိဳးနီးစပ္ေတြ မခန္႔အပ္ရဘူးလို႔ သမၼတ႐ံုးဝန္ႀကီးေဒၚေအာင္ဆန္းစုၾကည္က ညႊန္ၾကားခ်က္ ထုတ္ျပန္လိုက္တာဟာ အဂတိလုိက္စားမႈ ပေပ်ာက္ေရး လုပ္ငန္းစဥ္ထဲက ေျခလွမ္းတရပ္အျဖစ္ သံုးသပ္ရႈ႕ျမင္ၾကပါတယ္။ တုိင္းေဒသႀကီးအစိုးရအဖြဲ႔ေတြဘက္ကလည္း ကိုယ္ေရးအရာရွိ ခန္႔အပ္တဲ့ကိစၥကို ေဒၚေအာင္ဆန္းစုၾကည္ လမ္းညႊန္ခ်က္အတိုင္းေဆာင္ရြက္မယ္လို႔ စစ္ကိုင္းတုိင္းအစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္ကလည္း ေျပာပါတယ္။ အေသးစိတ္ ဆက္သြယ္စံုစမ္းထားတဲ့ မဆုမြန္ တင္ျပေပးပါမယ္။

အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ဦးေဆာင္တဲ့ အစိုးရလက္ထက္မွာ ျပည္ေထာင္စုအစိုးရအဖြဲ႔ဝင္ေတြ ကိုယ္ေရးအရာရွိ ခန္႔အပ္တဲ့အခါ ဇနီး၊ ခင္ပြန္း၊ ညီအစ္ကိုေမာင္ႏွမ၊ သားသမီး၊ သားမက္၊ ေခၽြးမ၊ တူ တူမနဲ႔ ေျမးျမစ္ေတြကို ခန္႔အပ္ျခင္းမျပဳရဘူးဆိုၿပီး သမၼတ႐ံုးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ဧၿပီလ ၁ရက္ေန႔ ေန႔စြဲနဲ႔ ညႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ကိုယ္ေရးအရာရွိေတြကို ခန္႔အပ္တဲ့အခါ ဌာနဆုိင္ရာဝန္ထမ္းကိုသာ ဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ေရြးခ်ယ္တာဝန္ေပးဖို႔ ျပည္ေထာင္စုဝန္ႀကီးဌာနေတြနဲ႔ ျပည္ေထာင္စုအဆင့္ အဖြဲ႔အစည္းေတြ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရအဖြဲ႔ေတြပါ ညႊန္ၾကားခ်က္ကို လုိက္နာဖို႔ ျဖန္႔ေဝထားတာျဖစ္ပါတယ္။ စစ္ကိုင္းတုိင္းအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏုိင္က သူ႔အစိုးရအဖြဲ႔တခုလံုး ေဒၚေအာင္ဆန္းစုၾကည္ လမ္းညႊန္ခ်က္အတိုင္း ေဆာင္ရြက္ေနတယ္လို႔ ဗီြအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ဘက္ကအေနနဲ႔ကေတာ့ အခု PSO ေတြကို ကိုယ့္အမ်ိဳးေတြထဲကေတာ့ ထားဖို႔ဘာမွမရွိေသးပါဘူး။ အဲဒီဟာဘာမွ ျပႆနာမျဖစ္ေသးပါဘူး။ ဒီအခ်ိန္ဒီကာလမွာ အခုအကူးအေျပာင္းကာလမွာ တို႔ပါတီက ခ်မွတ္တဲ့မူအတိုင္း ဆရာတို႔က တေသြမတိမ္းလိုက္နာမွာပဲ။”

သမၼတ႐ံုးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိုယ္ေရးအရာရွိခန္႔အပ္ျခင္းနဲ႔ပတ္သက္ၿပီး ႐ံုးတြင္းထုတ္ျပန္တဲ့ ေၾကညာခ်က္ကို အခု သမၼတ႐ံုးက တရားဝင္ အမ်ားျပည္သူသိေအာင္ ထုတ္ျပန္တာဟာ အစိုးရသစ္လက္ထက္ အဂတိလိုက္စားမႈ လာဘ္ေပးလာဘ္ယူျပႆနာ ပေပ်ာက္ေအာင္ ေဆာင္ရြက္ေနတဲ့ လုပ္ငန္းစဥ္ရဲ႕ တစိတ္တပိုင္းအျဖစ္ ႏုိင္ငံေရးအကဲခတ္ ေဒါက္တာရန္မ်ိဳးသိမ္းက ရႈ႕ျမင္ပါတယ္။

“လာတ္ေပးလာတ္ယူမႈကိုျဖစ္ေစတဲ့ အေၾကာင္းေတြထဲက တခုကိုသူ တားဆီးဖို႔ႀကိဳးစားတဲ့ျပင္ဆင္မႈလို႔ က်ေနာ္တို႔သံုးသပ္ပါတယ္ခင္ဗ်။ ျပည္ေထာင္စုအဆင့္အဖြဲ႔အစည္းေတြေရာ ၊တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရေကာ၊ လႊတ္ေတာ္ေရာ ၊ဒီ အစိုးရနဲ႔ ပတ္သက္တဲ့ အႀကီးအကဲအပိုင္းေတြမွာ က်ေနာ့္အျမင္အားျဖင့္ေတာ့ ကိုယ္ေရးအရာရွိကို ေဆြမ်ိဳးသားခ်င္းကေနခန္႔ထားတာ လံုး၀မလုပ္သင့္ဘူးလို႔ က်ေနာ္ ျမင္တယ္။”

 ဧၿပီလဆန္းပုိင္းကတည္း ကထုတ္ျပန္ထားတဲ့ ေၾကညာခ်က္ကုိ သမၼတ႐ုံး၀န္ႀကီး႐ုံးက ဒီရက္ပုိင္းမွာ ျပန္လည္ထုတ္ျပန္လုိက္တာဟာ ၿပီးခဲ့တဲ့သၾကၤန္ကာလအတြင္းတုန္းက အေရးႀကီးပုဂၢိဳလ္ရဲ႕ ကိုယ္ေရးအရာရွိကတဆင့္ မီဒီယာႀကီးတခုက ေငြသားလက္ေဆာင္ေပးခဲ့တဲ့ကိစၥနဲ႔လည္း ဆက္စပ္ေနပုံရတယ္လို႔လည္း ေဒါက္တာရန္မ်ိဳးသိမ္းက သံုးသပ္ပါတယ္။

“လက္တေလာ သႀကၤန္အတြင္းမွာ သိန္း ၅၀ ေပးတဲ့ကိစၥမွာလည္းပဲ ဒီမီဒီယာ ကုမၸဏီကေနၿပီးေတာ့ ကိုယ္ေရးအရာရွိကိုေပးတာမ်ိဳးျဖစ္ေနတယ္။ အဲဒီအခါက်ေတာ့ အဲဒီကိုယ္ေရးအရာရွိေတြဟာ ေဆြမ်ိဳးနီးစပ္ေတြ သားသမီးေတြျဖစ္ေနမယ္ဆို၇င္ တဖက္ကၾကည့္မယ္ဆိုရင္ အဂတိလိုက္စားမႈ လာဘ္ေပးလာဘ္ယူမႈကို ပိုၿပီးေတာ့ ထိန္းခ်ဳပ္ရတာခတ္မယ္လို႔ က်ေနာ္ျမင္တယ္။ ေဆြးမ်ိဳးသားခ်င္းမဟုတ္သူေတြကို ကိုယ္ေရးအရာ၇ွိ ခန္႔ထားမွသာလွ်င္ ကိုယ္ေရးအရာရွိကေနတဆင့္ သိသင့္သိထိုက္တဲ့အခ်က္အလက္ေတြကို ၀န္ႀကီးနဲ႔ပတ္သက္တဲ့ ျပည္ေထာင္စုအဆင့္ အဖြဲ႔အစည္း၀န္ေတြနဲ႔ပတ္သက္တဲ့ သိသင့္သိထိုက္တဲ့အခ်က္ေတြကို သိႏိုင္ၿပီးေတာ့ အေရးယူမႈ၊ ေၾကညာေပးမႈ၊ သိသင့္သိထိုက္တာေတြကို ပိုေဆာင္ရြက္ႏိုက္မယ္လို႔ျမင္ပါတယ္။”

သမၼတ႐ံုးရဲ႕ ညႊန္ၾကားခ်က္ကို သမၼတဝန္ႀကီးကိုယ္တုိင္ လက္မွတ္ေရးထိုးထုတ္ျပန္ထားေပမဲ့လို႔ တကယ္လို႔ အစိုးရအဖြဲ႔၊ လႊတ္ေတာ္၊ တုိင္းေဒသႀကီးအစိုးရအဖြဲ႔ေတြမွာ ကိုယ္ေရးအရာရွိကို ေဆြမ်ိဳးနီးစပ္ကို ခန္႔အပ္ခဲ့ရင္ ဘယ္လိုအေရးယူေဆာင္ရြက္မယ္ဆိုတဲ့ အေသးစိတ္ ညႊန္ၾကားခ်က္ထုတ္ျပန္ထားတာမ်ဳိးေတာ့ မေတြ႔ရေသးပါဘူး။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................



ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးကျင်းပနေစဉ် ။ ဧပြီ ၂၁၊ ၂၀၁၆ (Photo-president office )
အစိုးရသစ်လက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ ကိုယ်ရေးအရာရှိ ခန့်တဲ့အခါ မိသားစုဝင်နဲ့ ဆွေမျိုးနီးစပ်တွေ မခန့်အပ်ရဘူးလို့ သမ္မတရုံးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားချက် ထုတ်ပြန်လိုက်တာဟာ အဂတိလိုက်စားမှု ပပျောက်ရေး လုပ်ငန်းစဉ်ထဲက ခြေလှမ်းတရပ်အဖြစ် သုံးသပ်ရှု့မြင်ကြပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေဘက်ကလည်း ကိုယ်ရေးအရာရှိ ခန့်အပ်တဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်မယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်း ပြောပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ ကိုယ်ရေးအရာရှိ ခန့်အပ်တဲ့အခါ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ သားမက်၊ ချွေးမ၊ တူ တူမနဲ့ မြေးမြစ်တွေကို ခန့်အပ်ခြင်းမပြုရဘူးဆိုပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁ရက်နေ့ နေ့စွဲနဲ့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

ကိုယ်ရေးအရာရှိတွေကို ခန့်အပ်တဲ့အခါ ဌာနဆိုင်ရာဝန်ထမ်းကိုသာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ ရွေးချယ်တာဝန်ပေးဖို့ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေပါ ညွှန်ကြားချက်ကို လိုက်နာဖို့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က သူ့အစိုးရအဖွဲ့တခုလုံး ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ဘက်ကအနေနဲ့ကတော့ အခု PSO တွေကို ကိုယ့်အမျိုးတွေထဲကတော့ ထားဖို့ဘာမှမရှိသေးပါဘူး။ အဲဒီဟာဘာမှ ပြဿနာမဖြစ်သေးပါဘူး။ ဒီအချိန်ဒီကာလမှာ အခုအကူးအပြောင်းကာလမှာ တို့ပါတီက ချမှတ်တဲ့မူအတိုင်း ဆရာတို့က တသွေမတိမ်းလိုက်နာမှာပဲ။”

သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိခန့်အပ်ခြင်းနဲ့ပတ်သက်ပြီး ရုံးတွင်းထုတ်ပြန်တဲ့ ကြေညာချက်ကို အခု သမ္မတရုံးက တရားဝင် အများပြည်သူသိအောင် ထုတ်ပြန်တာဟာ အစိုးရသစ်လက်ထက် အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူပြဿနာ ပပျောက်အောင် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။

“လာတ်ပေးလာတ်ယူမှုကိုဖြစ်စေတဲ့ အကြောင်းတွေထဲက တခုကိုသူ တားဆီးဖို့ကြိုးစားတဲ့ပြင်ဆင်မှုလို့ ကျနော်တို့သုံးသပ်ပါတယ်ခင်ဗျ။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေရော ၊တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရကော၊ လွှတ်တော်ရော ၊ဒီ အစိုးရနဲ့ ပတ်သက်တဲ့ အကြီးအကဲအပိုင်းတွေမှာ ကျနော့်အမြင်အားဖြင့်တော့ ကိုယ်ရေးအရာရှိကို ဆွေမျိုးသားချင်းကနေခန့်ထားတာ လုံးဝမလုပ်သင့်ဘူးလို့ ကျနော် မြင်တယ်။”

 ဧပြီလဆန်းပိုင်းကတည်း ကထုတ်ပြန်ထားတဲ့ ကြေညာချက်ကို သမ္မတရုံးဝန်ကြီးရုံးက ဒီရက်ပိုင်းမှာ ပြန်လည်ထုတ်ပြန်လိုက်တာဟာ ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းတုန်းက အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကတဆင့် မီဒီယာကြီးတခုက ငွေသားလက်ဆောင်ပေးခဲ့တဲ့ကိစ္စနဲ့လည်း ဆက်စပ်နေပုံရတယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“လက်တလော သင်္ကြန်အတွင်းမှာ သိန်း ၅၀ ပေးတဲ့ကိစ္စမှာလည်းပဲ ဒီမီဒီယာ ကုမ္ပဏီကနေပြီးတော့ ကိုယ်ရေးအရာရှိကိုပေးတာမျိုးဖြစ်နေတယ်။ အဲဒီအခါကျတော့ အဲဒီကိုယ်ရေးအရာရှိတွေဟာ ဆွေမျိုးနီးစပ်တွေ သားသမီးတွေဖြစ်နေမယ်ဆိုရင် တဖက်ကကြည့်မယ်ဆိုရင် အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူမှုကို ပိုပြီးတော့ ထိန်းချုပ်ရတာခတ်မယ်လို့ ကျနော်မြင်တယ်။ ဆွေးမျိုးသားချင်းမဟုတ်သူတွေကို ကိုယ်ရေးအရာရှိ ခန့်ထားမှသာလျှင် ကိုယ်ရေးအရာရှိကနေတဆင့် သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ၀န်ကြီးနဲ့ပတ်သက်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝန်တွေနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့အချက်တွေကို သိနိုင်ပြီးတော့ အရေးယူမှု၊ ကြေညာပေးမှု၊ သိသင့်သိထိုက်တာတွေကို ပိုဆောင်ရွက်နိုက်မယ်လို့မြင်ပါတယ်။”

သမ္မတရုံးရဲ့ ညွှန်ကြားချက်ကို သမ္မတဝန်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထုတ်ပြန်ထားပေမဲ့လို့ တကယ်လို့ အစိုးရအဖွဲ့၊ လွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေမှာ ကိုယ်ရေးအရာရှိကို ဆွေမျိုးနီးစပ်ကို ခန့်အပ်ခဲ့ရင် ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)