Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

ေနျပည္ေတာ္ေကာင္စီဥကၠ႒သစ္ ဒါက္တာမ်ဳိးေအာင္ႏွင့္ တခဏ

“ကၽြန္ေတာ္က ေတာက္ေလွ်ာက္ျပည္သူ႔အတြက္ နုိင္ငံေရးလႈပ္ရွားခဲ့တာဆိုေတာ့ ျပည္သူ ေတြနစ္နာတာကို သိပါတယ္။ သူတုိ႔မနစ္နာေအာင္ အဓိက ေဆာင္ရြက္ေပးရမယ္ဆိုတာလည္း သိပါတယ္…”


ေမး- ေနျပည္ေတာ္ေကာင္စီဥကၠ႒တာ၀န္ကုိ စတင္ထမ္းေဆာင္ရေတာ့မည့္ ေဒါက္တာမ်ဳိးေအာင္အေနျဖင့္ စိန္ေခၚမႈေတြျဖစ္တဲ့ လယ္ယာေျမသိမ္းဆည္းခံ လယ္သမားေတြကို က်ဴးေက်ာ္သူအျဖင့္ တရားစြဲ ေထာင္ခ် ေနမႈအေပၚ ဘယ္လိုမ်ားကုိင္တြယ္ေဆာင္ရြက္ဖို႔ စီစဥ္ထားပါသလဲ။

ေျဖ- ဒီကိစၥကေတာ့ အဖြဲ႕ခ်ဳပ္ရဲ႕မူအရပဲ တႏုိင္ငံလံုးမွာျဖစ္ေနတဲ့ လယ္ယာေျမသိမ္းဆည္းမႈ က်ဴးေက်ာ္ဆိုၿပီး ဖမ္းဆီးေထာင္ခ်ခံရမႈေတြကုိ စိစစ္ၿပီး အေကာင္းဆံုးေဆာင္ရြက္မွာျဖစ္ပါတယ္။ တႏုိင္ငံလံုးမွာျဖစ္ေနတဲ့ ကိစၥ ေပါ့ေနာ္။ ကၽြန္ေတာ္ကုိယ္ကလည္း လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းဆိုေတာ့ လယ္ယာေျမသိမ္းဆည္းမႈ ျပႆနာေတြကုိ သိပါတယ္။ တရားဥပေဒနဲ႔အညီပဲ ေတာင္သူလယ္သမားေတြ မနစ္နာေအာင္ေတာ့ တႏုိင္ငံလံုး မူနဲ႔ပဲ ေျဖရွင္းေပးရမွာေပါ့။
ေနျပည္ေတာ္မွာေတာ့ တျခားတုိင္းေဒသႀကီး ျပည္နယ္ေလာက္ အေျခအေနသိပ္မဆိုးဘူးလို႔ေတာ့ သိထားပါ တယ္။ ေနျပည္ေတာ္ေကာင္စီမွာလည္း ဒီျပႆနာ သိပ္မႀကီးလို႔ေတာ့ သိထားပါတယ္။ နစ္နာမႈမရွိေအာင္ ေျဖရွင္းေဆာင္ရြက္ေပးႏုိင္မယ္လို႔ ထင္ပါတယ္။

ေမး- ေနျပည္ေတာ္စည္ပင္အေနနဲ႔ တရား႐ံုးဖြင့္ၿပီး ေဒသခံေတာင္သူေတြရဲ႕ လယ္ယာေျမေတြကို စီမံကိန္း ဆိုၿပီးသိမ္း၊ ဖယ္မေပးရင္ က်ဴးေက်ာ္သူအျဖစ္ ပုဒ္မ (၂၆)၊ ပုဒ္မ (၂၇)ေတြနဲ႔ တရားစြဲ ႏွစ္ခ်ီၿပီး ႐ံုးခ်ိန္ေတြေခၚ ဘာေျဖရွင္းေလွ်ာက္လဲခ်က္မွ လက္မခံဘဲ ေထာင္ခ်အျပစ္ေပးေနမႈအေပၚ ဆရာ့အေနနဲ႔ ဘယ္လိုမ်ားေဆာင္ ရြက္ဖို႔ စီစဥ္ထားပါသလဲ။

ေျဖ- ယခုေလာေလာဆယ္မွာေတာ့ ဒီကိစၥအေပၚ မေလ့လာရေသးပါဘူး။ ဥပေဒနဲ႔အညီျဖစ္ေအာင္ေတာ့ အစြမ္း ကုန္ ႀကိဳးစားမွာပါ။ ကၽြန္ေတာ္က ေတာက္ေလွ်ာက္ျပည္သူ႔အတြက္ ႏုိင္ငံေရးလႈပ္ရွားခဲ့တာဆိုေတာ့ ျပည္သူ ေတြနစ္နာတာကို သိပါတယ္။ သူတုိ႔မနစ္နာေအာင္ အဓိက ေဆာင္ရြက္ေပးရမယ္ဆိုတာလည္း သိပါတယ္ဟု ေဒါက္တာမ်ဳိးေအာင္က News Watch ကို ေျပာပါသည္။

ေဒါက္တာမ်ဳိးေအာင္သည္ ၁၉၉၀ ခုႏွစ္ေနာက္ပုိင္း ၀န္ထမ္းဘ၀မွထြက္ၿပီး NLD ပါတီသို႔ စတင္၀င္ေရာက္ခဲ့ၿပီး ျပည္သူမ်ားအတြက္ တက္ၾကြလႈပ္ရွားခဲ့သူျဖစ္ၿပီး ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ မွ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံရၿပီး ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ဒဂံုအေရွ႕ပုိင္းၿမိဳ႕ နယ္မွ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး ၂၀၁၆ ခုႏွစ္ ဧၿပီ ၁ ရက္တြင္ ႏိုင္ငံေတာ္ သမၼတမွ ေနျပည္ေတာ္ေကာင္စီဥကၠ႒အျဖစ္ တာ၀န္ေပးအပ္ျခင္းခံရသူျဖစ္ပါသည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

....................................................

“ကျွန်တော်က တောက်လျှောက်ပြည်သူ့အတွက် နိုင်ငံရေးလှုပ်ရှားခဲ့တာဆိုတော့ ပြည်သူ တွေနစ်နာတာကို သိပါတယ်။ သူတို့မနစ်နာအောင် အဓိက ဆောင်ရွက်ပေးရမယ်ဆိုတာလည်း သိပါတယ်…”



မေး- နေပြည်တော်ကောင်စီဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ရတော့မည့် ဒေါက်တာမျိုးအောင်အနေဖြင့် စိန်ခေါ်မှုတွေဖြစ်တဲ့ လယ်ယာမြေသိမ်းဆည်းခံ လယ်သမားတွေကို ကျူးကျော်သူအဖြင့် တရားစွဲ ထောင်ချ နေမှုအပေါ် ဘယ်လိုများကိုင်တွယ်ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- ဒီကိစ္စကတော့ အဖွဲ့ချုပ်ရဲ့မူအရပဲ တနိုင်ငံလုံးမှာဖြစ်နေတဲ့ လယ်ယာမြေသိမ်းဆည်းမှု ကျူးကျော်ဆိုပြီး ဖမ်းဆီးထောင်ချခံရမှုတွေကို စိစစ်ပြီး အကောင်းဆုံးဆောင်ရွက်မှာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာဖြစ်နေတဲ့ ကိစ္စ ပေါ့နော်။ ကျွန်တော်ကိုယ်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတော့ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာတွေကို သိပါတယ်။ တရားဥပဒေနဲ့အညီပဲ တောင်သူလယ်သမားတွေ မနစ်နာအောင်တော့ တနိုင်ငံလုံး မူနဲ့ပဲ ဖြေရှင်းပေးရမှာပေါ့။
နေပြည်တော်မှာတော့ တခြားတိုင်းဒေသကြီး ပြည်နယ်လောက် အခြေအနေသိပ်မဆိုးဘူးလို့တော့ သိထားပါ တယ်။ နေပြည်တော်ကောင်စီမှာလည်း ဒီပြဿနာ သိပ်မကြီးလို့တော့ သိထားပါတယ်။ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ်လို့ ထင်ပါတယ်။

မေး- နေပြည်တော်စည်ပင်အနေနဲ့ တရားရုံးဖွင့်ပြီး ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေကို စီမံကိန်း ဆိုပြီးသိမ်း၊ ဖယ်မပေးရင် ကျူးကျော်သူအဖြစ် ပုဒ်မ (၂၆)၊ ပုဒ်မ (၂၇)တွေနဲ့ တရားစွဲ နှစ်ချီပြီး ရုံးချိန်တွေခေါ် ဘာဖြေရှင်းလျှောက်လဲချက်မှ လက်မခံဘဲ ထောင်ချအပြစ်ပေးနေမှုအပေါ် ဆရာ့အနေနဲ့ ဘယ်လိုများဆောင် ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- ယခုလောလောဆယ်မှာတော့ ဒီကိစ္စအပေါ် မလေ့လာရသေးပါဘူး။ ဥပဒေနဲ့အညီဖြစ်အောင်တော့ အစွမ်း ကုန် ကြိုးစားမှာပါ။ ကျွန်တော်က တောက်လျှောက်ပြည်သူ့အတွက် နိုင်ငံရေးလှုပ်ရှားခဲ့တာဆိုတော့ ပြည်သူ တွေနစ်နာတာကို သိပါတယ်။ သူတို့မနစ်နာအောင် အဓိက ဆောင်ရွက်ပေးရမယ်ဆိုတာလည်း သိပါတယ်ဟု ဒေါက်တာမျိုးအောင်က News Watch ကို ပြောပါသည်။

ဒေါက်တာမျိုးအောင်သည် ၁၉၉၀ ခုနှစ်နောက်ပိုင်း ၀န်ထမ်းဘဝမှထွက်ပြီး NLD ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး ပြည်သူများအတွက် တက်ကြွလှုပ်ရှားခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်းမြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒဂုံအရှေ့ပိုင်းမြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံတော် သမ္မတမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment