Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

သႀကၤန္တြင္ ယာဥ္ေမာင္းမ်ားအား Alcohol Tester ျဖင့္ တိုင္းတာစစ္ေဆးမည္



 ရန္ကုန္တိုင္းေဒသႀကီး၊ သႀကၤန္ကာလအတြင္း ယာဥ္ေမာင္းသူမ်ားအား အရက္မူတုိင္း ကိရိယာ (Alcohol Tester) ျဖင့္ တိုင္းတာ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ယာဥ္စည္းကမ္း ထိန္းသိမ္းေရးႀကီးၾကပ္မႈ ေကာ္မတီထံမွ သိရသည္။

“အဓိက ယာဥ္မေတာ္တဆမႈေတြ မျဖစ္ေအာင္ ယာဥ္ေမာင္းေတြကုိ အရက္ေသစာ ေသာက္စားတာ ရွိ မရွိ စစ္ေဆးမယ္။ စစ္လို႔မွ ေတြ႕ရင္ ထိေရာက္စြာ အေရးယူမယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ယာဥ္စည္းကမ္း ထိန္းသိမ္းႀကီးၾကပ္မႈ ေကာ္မတီမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

သႀကၤန္ကာလအတြင္း စည္းကမ္းေဖာက္ဖ်က္မႈမ်ုားကုိလည္း CCTV ကင္မရာမ်ား၊ လမ္းဆံုလမ္းခြမ်ား တြင္ ႐ိုက္ကူးၿပီး ထိေရာက္စြာ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ လမ္းလယ္၌ ေမာ္ေတာ္ယာဥ္ စက္ပ်က္၍ ရပ္ထားပါက ကရိန္းယာဥ္ျဖင့္ ဆြဲယူမည္ျဖစ္ၿပီး၊ ယာဥ္ေမာင္းမ်ားလိုက္နာရန္အတြက္ စည္းကမ္းခ်က္ (12)ခ်က္ ထုတ္ျပန္ထားေၾကာင္း သိရသည္။

အဆိုပါ စည္းကမ္းခ်က္မ်ားမွာ ၿပိဳင္မေမာင္းရ၊ အိတ္ေဇာပိုက္ျဖဳတ္ မေမာင္းရ၊နံပါတ္ျပားမရွိဘဲမေမာင္းရ၊ ေဘးတံခါးမ်ား၊ ေနာက္ဖံုးမ်ား ျဖဳတ္မေမာင္းရ၊ လိုင္စင္ႏွင့္ ၀ွီးတတ္မပါဘဲ မေမာင္းရ၊ ဟြန္းသံကင္းမဲ့ ဇုန္တြင္ ဟြန္းမတီးရ၊ ႏိုင္ငံတကာအလံမ်ား တပ္ဆင္၍ မေမာင္းရ၊ ၀န္အေလးခ်ိန္ထက္ ပိုမိုတင္ေဆာင္ျခင္း မျပဳရစသည္တို႔ျဖစ္ေၾကာင္း ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္ေရးေကာ္မတီထံမွ သိရသည္။

Messenger News Journal
https://www.facebook.com/Messenger-News-Journal

.....................................................




 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများအား အရက်မူတိုင်း ကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

“အဓိက ယာဉ်မတော်တဆမှုတွေ မဖြစ်အောင် ယာဉ်မောင်းတွေကို အရက်သေစာ သောက်စားတာ ရှိ မရှိ စစ်ဆေးမယ်။ စစ်လို့မှ တွေ့ရင် ထိရောက်စွာ အရေးယူမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း စည်းကမ်းဖောက်ဖျက်မှုမျုားကိုလည်း CCTV ကင်မရာများ၊ လမ်းဆုံလမ်းခွများ တွင် ရိုက်ကူးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် လမ်းလယ်၌ မော်တော်ယာဉ် စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူမည်ဖြစ်ပြီး၊ ယာဉ်မောင်းများလိုက်နာရန်အတွက် စည်းကမ်းချက် (12)ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ စည်းကမ်းချက်များမှာ ပြိုင်မမောင်းရ၊ အိတ်ဇောပိုက်ဖြုတ် မမောင်းရ၊နံပါတ်ပြားမရှိဘဲမမောင်းရ၊ ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်မမောင်းရ၊ လိုင်စင်နှင့် ၀ှီးတတ်မပါဘဲ မမောင်းရ၊ ဟွန်းသံကင်းမဲ့ ဇုန်တွင် ဟွန်းမတီးရ၊ နိုင်ငံတကာအလံများ တပ်ဆင်၍ မမောင်းရ၊ ၀န်အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်း မပြုရစသည်တို့ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

Messenger News Journal
https://www.facebook.com/Messenger-News-Journal

No comments:

Post a Comment