Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

အစုိးရသစ္ အရည္အခ်င္းရွိသလား


အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ေရြးေကာက္ပြဲတြင္ အျပတ္ အသတ္ အႏိုင္ရသည့္အခါ ဆႏၵမဲေပးသူျပည္သူလူထုတို႔ ဝမ္းေျမာက္ ဝမ္းသာ ျဖစ္ၾက သည္။NLD ၏ ေအာင္ပြဲသည္ မိမိတို႔၏ ေအာင္ပြဲဟု ထပ္တူမွတ္ယူၾကသကဲ့သို႔ NLD အစိုးရ သစ္ေပၚထြက္လာမည့္ ေန႔ရက္ကိုလည္း စိတ္ရွည္ လက္ရွည္
ေစာင့္ေမွ်ာ္ၾကသည္။

သို႔ေသာ္ တစ္ဖက္တြင္လည္း ေမးခြန္းထုတ္သံတစ္ခု ၾကားလာရသည္။
အဲဒါက အစိုးရ လုပ္မည့္သူေတြအရည္အခ်င္းရွိသလား ဟူ၍ ျဖစ္သည္။
ေမးခြန္း ထုတ္သူမ်ားကNLDကို မယုံၾကည္သူ၊NLDအစိုးရတက္လာမည္ကို မႏွစ္သက္သူေတြျဖစ္သည္။

သူတို႔ေမးခြန္း ေၾကာင့္NLDလိုလားေသာ ျပည္သူအခ်ိဳ႕ထဲမွာပါ စိုးရိမ္ပူပန္မႈ မ်ား ရွိခဲ့သည္။

အေၾကာင္းက တစ္ခါမွ အုပ္စိုးသူမျဖစ္ဖူးဘဲ ႏွစ္ေပါင္း မ်ားစြာ အတိုက္အခံ ဘဝမွာ ေနလာသူေတြသည္ အစိုးရအလုပ္ကို လုပ္ႏိုင္ပါမည္လား၊ လုပ္ေကာ လုပ္တတ္မည္လား ဟူေသာ ဆင္ေျခကန္ စဥ္းစားနည္းေၾကာင့္ ျဖစ္သည္။
စင္စစ္ႏိုင္ငံေရးသမားဆိုသည္မွာ အာဏာမရသည့္အခါ အတိုက္ အခံျဖစ္ေသာ္လည္း အာဏာရေအာင္ လုပ္ႏိုင္လွ်င္ကား အစိုးရအလုပ္ကို လုပ္ႏိုင္စၿမဲျဖစ္သည္။


ႏွစ္တစ္ရာေက်ာ္ ကိုလိုနီနယ္ခ်ဲ႕ေအာက္မွာ ကၽြန္ဘဝ က်ေရာက္ခဲ့သည့္ ျမန္မာေတြ လြတ္လပ္ေရးရသည့္အခါ ကိုယ့္မင္း ကိုယ့္ခ်င္း၊ ကိုယ့္တိုင္းျပည္ႏွင့္ ကိုယ့္အစိုးရျဖစ္လာခဲ့သည္ မဟုတ္လား။ တို႔ဗမာေတြ အစိုးရမလုပ္ဖူးလို႔ လုပ္တတ္ေသာ နယ္ခ်ဲ႕မ်ားကိုပဲ ဆက္လက္အပ္ႏွံထားရမည္ဟု ဘယ္သူစဥ္းစား ဖူးသလဲ။

ယခုလည္း ထိုနည္းအတိုင္းပါပဲ။ ယခင္ မအုပ္စိုးဖူးေသာ္ လည္း ယခုေတာ့ျပည္ သူက တင္ေျမႇာက္သျဖင့္ အစိုးရလုပ္ၾက ေတာ့မည္။ အေရးႀကီးတာ တိုင္းျပည္ အတြက္ထားရွိသည့္ ေစတနာ ပါပဲ။ သို႔ေသာ္ ထားပါေတာ့။ ေမးျမန္း သူတို႔ ေျပာေသာ စကား ကို ျပန္ေကာက္ပါမည္။

NLDေတြမွာ ဘာအရည္အခ်င္းရွိသလဲ။

NLDမွာ ႀကီးမားေသာအရည္အခ်င္းႏွစ္ရပ္ ရွိပါသည္။

တစ္ ။ ႏွစ္ေပါင္းမ်ားစြာ ေခ်မႈန္းတိုက္ဖ်က္သည့္ၾကားက၊ စိတ္ဓာတ္မပ်က္၊ လမ္းစဥ္ မပ်က္၊ အဖြဲ႕အစည္းမပ်က္ေအာင္ ႀကံ့ႀကံ့ခံရပ္တည္ႏိုင္ခဲ့သည့္ ဇြဲသတၱိ ရွိသည္။

ႏွစ္ ။ အေျခအေန အခြင့္အခါေပးသည္ႏွင့္ တစ္ၿပိဳင္နက္ စုစည္းညီညြတ္စြာ စည္း႐ုံးလႈပ္ရွားကာ ေအာင္ပြဲရယူႏိုင္ေသာ အစြမ္းသတၱိရွိသည္။

ဇြဲႏွင့္စြမ္းရည္။

အဲဒါသည္။ အားလုံးသိၿပီးျဖစ္သည့္ NLD၏ အရည္အခ်င္း မ်ားျဖစ္သည္။
အဲသည္ အရည္အခ်င္းႏွစ္ရပ္ႏွင့္ တိုင္းျပည္အတြက္ထားရွိ သည့္ စိတ္ေစတနာ တို႔ ေပါင္းစပ္ကာ NLD အစိုးရ တာဝန္ယူ ေဆာင္ ရြက္ၾကေတာ့ မည္။


သို႔ေသာ္ လက္ေတြ႕ေလာကကေတာ့ စိတ္ေစတနာတို႔ အရည္ အခ်င္းတို႔ထက္ အက်ိဳးရ လဒ္ကို ၾကည့္ကာသာ အစိုးရသစ္၏ စြမ္းရည္ကို အကဲျဖတ္ၾက မည္ျဖစ္သည္။

သည္တြင္၊ မွ်တစြာ အကဲျဖတ္မည့္သူတို႔အတြက္ တိုင္းတာ ရန္ စံ-ေပတံႏွစ္ခု ရွိသည္ဟု ျမင္ပါသည္။ တစ္ခုက၊ ယခင္ႏွစ္ ၅ဝ ကာလတစ္ေလွ်ာက္ တိုင္းျပည္ ကို စီမံအုပ္ခ်ဳပ္ခဲ့သည့္ အစိုးရအဆက္ဆက္တို႔၏ စြမ္းရည္ျဖစ္သည္။ ထိုအစိုးရ အဆက္ ဆက္တို႔ တိုင္းျပည္တိုးတက္ေအာင္ မည္မွ်လုပ္ေဆာင္ႏိုင္ခဲ့ပါ သလဲ။ အဲဒါ သည္ ႏႈိင္းယွဥ္တိုင္းတာစရာ စံ တစ္ခုျဖစ္သည္။

ေနာက္စံ-ေပတံတစ္ခုကေတာ့ ျပည္သူအသိအမွတ္ျပဳမႈ ျဖစ္သည္။ အစိုးရသစ္၏ ေဆာင္ရြက္မႈေတြအေပၚ ၄င္းအား တစ္ခဲနက္ ေရြးခ်ယ္ တင္ေျမႇာက္ ခဲ့သည့္ ျပည္သူေတြ ေက်နပ္အားရမႈရွိသလား မရွိဘူးလား ဟူေသာ အခ်က္ျဖစ္သည္။

အဆိုပါ ဒုတိယ ေပတံသည္ပင္ အစိုးရသစ္အရည္အခ်င္းရွိမရွိ အကဲျဖတ္ႏိုင္ မည့္ ပို၍အေရးႀကီးေသာ စံ-ေပတံျဖစ္သည္ဟု ဆိုခ်င္သည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

....................................................................


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲတွင် အပြတ် အသတ် အနိုင်ရသည့်အခါ ဆန္ဒမဲပေးသူပြည်သူလူထုတို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြ သည်။NLD ၏ အောင်ပွဲသည် မိမိတို့၏ အောင်ပွဲဟု ထပ်တူမှတ်ယူကြသကဲ့သို့ NLD အစိုးရ သစ်ပေါ်ထွက်လာမည့် နေ့ရက်ကိုလည်း စိတ်ရှည် လက်ရှည်
စောင့်မျှော်ကြသည်။

သို့သော် တစ်ဖက်တွင်လည်း မေးခွန်းထုတ်သံတစ်ခု ကြားလာရသည်။
အဲဒါက အစိုးရ လုပ်မည့်သူတွေအရည်အချင်းရှိသလား ဟူ၍ ဖြစ်သည်။
မေးခွန်း ထုတ်သူများကNLDကို မယုံကြည်သူ၊NLDအစိုးရတက်လာမည်ကို မနှစ်သက်သူတွေဖြစ်သည်။

သူတို့မေးခွန်း ကြောင့်NLDလိုလားသော ပြည်သူအချို့ထဲမှာပါ စိုးရိမ်ပူပန်မှု များ ရှိခဲ့သည်။

အကြောင်းက တစ်ခါမှ အုပ်စိုးသူမဖြစ်ဖူးဘဲ နှစ်ပေါင်း များစွာ အတိုက်အခံ ဘဝမှာ နေလာသူတွေသည် အစိုးရအလုပ်ကို လုပ်နိုင်ပါမည်လား၊ လုပ်ကော လုပ်တတ်မည်လား ဟူသော ဆင်ခြေကန် စဉ်းစားနည်းကြောင့် ဖြစ်သည်။
စင်စစ်နိုင်ငံရေးသမားဆိုသည်မှာ အာဏာမရသည့်အခါ အတိုက် အခံဖြစ်သော်လည်း အာဏာရအောင် လုပ်နိုင်လျှင်ကား အစိုးရအလုပ်ကို လုပ်နိုင်စမြဲဖြစ်သည်။



နှစ်တစ်ရာကျော် ကိုလိုနီနယ်ချဲ့အောက်မှာ ကျွန်ဘဝ ကျရောက်ခဲ့သည့် မြန်မာတွေ လွတ်လပ်ရေးရသည့်အခါ ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်အစိုးရဖြစ်လာခဲ့သည် မဟုတ်လား။ တို့ဗမာတွေ အစိုးရမလုပ်ဖူးလို့ လုပ်တတ်သော နယ်ချဲ့များကိုပဲ ဆက်လက်အပ်နှံထားရမည်ဟု ဘယ်သူစဉ်းစား ဖူးသလဲ။

ယခုလည်း ထိုနည်းအတိုင်းပါပဲ။ ယခင် မအုပ်စိုးဖူးသော် လည်း ယခုတော့ပြည် သူက တင်မြှောက်သဖြင့် အစိုးရလုပ်ကြ တော့မည်။ အရေးကြီးတာ တိုင်းပြည် အတွက်ထားရှိသည့် စေတနာ ပါပဲ။ သို့သော် ထားပါတော့။ မေးမြန်း သူတို့ ပြောသော စကား ကို ပြန်ကောက်ပါမည်။

NLDတွေမှာ ဘာအရည်အချင်းရှိသလဲ။

NLDမှာ ကြီးမားသောအရည်အချင်းနှစ်ရပ် ရှိပါသည်။

တစ် ။ နှစ်ပေါင်းများစွာ ချေမှုန်းတိုက်ဖျက်သည့်ကြားက၊ စိတ်ဓာတ်မပျက်၊ လမ်းစဉ် မပျက်၊ အဖွဲ့အစည်းမပျက်အောင် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သည့် ဇွဲသတ္တိ ရှိသည်။

နှစ် ။ အခြေအနေ အခွင့်အခါပေးသည်နှင့် တစ်ပြိုင်နက် စုစည်းညီညွတ်စွာ စည်းရုံးလှုပ်ရှားကာ အောင်ပွဲရယူနိုင်သော အစွမ်းသတ္တိရှိသည်။

ဇွဲနှင့်စွမ်းရည်။

အဲဒါသည်။ အားလုံးသိပြီးဖြစ်သည့် NLD၏ အရည်အချင်း များဖြစ်သည်။
အဲသည် အရည်အချင်းနှစ်ရပ်နှင့် တိုင်းပြည်အတွက်ထားရှိ သည့် စိတ်စေတနာ တို့ ပေါင်းစပ်ကာ NLD အစိုးရ တာဝန်ယူ ဆောင် ရွက်ကြတော့ မည်။



သို့သော် လက်တွေ့လောကကတော့ စိတ်စေတနာတို့ အရည် အချင်းတို့ထက် အကျိုးရ လဒ်ကို ကြည့်ကာသာ အစိုးရသစ်၏ စွမ်းရည်ကို အကဲဖြတ်ကြ မည်ဖြစ်သည်။

သည်တွင်၊ မျှတစွာ အကဲဖြတ်မည့်သူတို့အတွက် တိုင်းတာ ရန် စံ-ပေတံနှစ်ခု ရှိသည်ဟု မြင်ပါသည်။ တစ်ခုက၊ ယခင်နှစ် ၅ဝ ကာလတစ်လျှောက် တိုင်းပြည် ကို စီမံအုပ်ချုပ်ခဲ့သည့် အစိုးရအဆက်ဆက်တို့၏ စွမ်းရည်ဖြစ်သည်။ ထိုအစိုးရ အဆက် ဆက်တို့ တိုင်းပြည်တိုးတက်အောင် မည်မျှလုပ်ဆောင်နိုင်ခဲ့ပါ သလဲ။ အဲဒါ သည် နှိုင်းယှဉ်တိုင်းတာစရာ စံ တစ်ခုဖြစ်သည်။

နောက်စံ-ပေတံတစ်ခုကတော့ ပြည်သူအသိအမှတ်ပြုမှု ဖြစ်သည်။ အစိုးရသစ်၏ ဆောင်ရွက်မှုတွေအပေါ် ၄င်းအား တစ်ခဲနက် ရွေးချယ် တင်မြှောက် ခဲ့သည့် ပြည်သူတွေ ကျေနပ်အားရမှုရှိသလား မရှိဘူးလား ဟူသော အချက်ဖြစ်သည်။

အဆိုပါ ဒုတိယ ပေတံသည်ပင် အစိုးရသစ်အရည်အချင်းရှိမရှိ အကဲဖြတ်နိုင် မည့် ပို၍အရေးကြီးသော စံ-ပေတံဖြစ်သည်ဟု ဆိုချင်သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment