Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

အစိုးရဌာနဆိုင်ရာများ၏ ချို့ယွင်းချက် ၊ လစ်ဟင်းမှု သတင်းများ ရေးသား ထုတ်လွှင့်ရန် နိုင်ငံပိုင်မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် တိုက်တွန်း

နိုင်ငံပိုင်မီဒီယာများ အနေဖြင့် ဌာနဆိုင်ရာများဘက်က လုပ်ဆောင်ချက်နှင့် ထုတ်ပြန်ချက် သတင်းများကို သာမကပဲ ဌာနဆိုင်ရာများ၏ လစ်ဟင်းချက် ၊ ချို့ယွင်း အားနည်းချက်များကိုလည်း ပြည်သူ့ကိုယ်စား ရေးသားတင်ပြသင့်ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က တိုက်တွန်းသည်။

“အရင်တုန်းကလည်း Public Service ဆိုတဲ့ သဘောမျိုး ရွေ့နေတယ်။ အခုအစိုးရအသစ် မူဝါဒကတော့ ပြည်သူကို မျက်နှာမူတယ်လို့ သုံးတာပေါ့ အများပြည်သူအတွက တာဝန်ရှိတဲ့အလျောက် အစိုးရအသစ် ဘာလုပ်နေတယ်ဆိုတဲ့ သတင်းမျိုးတွေ ထည့်ပေးမယ်။ သို့သော် ဌာနဆိုင်ရာတွေရဲ့ လစ်ဟင်းချက် ၊ ချို့ယွင်းချက် အားနည်ချက်တွေကိုလည်း နိုင်ငံပိုင် မီဒီယာတွေဘက်က ပြန်ပြီးတော့ ရေးသားတဲ့ သတင်းမျိုးတွေ လုပ်သင့်တယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး အစည်းဝေးခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိ အရာထမ်း အမှုထမ်းများနှင့် တွေ့ဆုံရာတွင် တိုက်တွန်း ပြောဆိုသည်။

ယင်းအပြင် သတင်းစာတစ်ရပ်အနေဖြင့် ပြင်ပဆောင်းပါးရှင်များ ဖိတ်ခေါ်ခြင်း ၊ ကာတွန်းဆရာများ ဖိတ်ခေါ်ခြင်း ၊ သတင်းသမားများ ကိုယ်တိုင်ကလည်း ဌာနများမှ ထုတ်ပြန်သည့် သတင်းသက်သက်သာ မဟုတ်ပဲ ပြည်သူ့ကိုယ်စားပြု ရေးသင့်သည်ဆိုသော သတင်းများကိုလည်း ကွင်းဆင်းရေးသားခြင်းများအပြင် စာတည်းမှူးချုပ်များကလည်း သတင်းအကြောင်းအရာနှင့် ရေးသားမှုများကို ရွေးချယ်ခြင်းနှင့် သတင်းစာပါ အကြောင်းအရာအားလုံးကို ဆုံးဖြတ် လုပ်ကိုင်စေချင်သည်ဟု ဒေါက်တာဖေမြင့်က တိုက်တွန်း ပြောဆိုသည်။

“တကယ်လုပ်နိုင်ရင် အများပြည်သူ အကျိုးကို ရှေ့ရှူလုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အစိုးရဝန်ကြီးဌာနတွေ ပါမယ်။ ထွေအုပ်တို့လို ဌာနတွေပါမယ်။ အောက်ခြေအဆင့်တွေတင် မကဘူး။ ၀န်ကြီးဌာနအဆင့် ပြည်ထောင်စုုအဆင့် ပြည်နယ်နဲ့ တိုင်းအဆင့်တွေကိုပါ။ ဝေဖန်ထောက်ပြခွင့် ရှိဖို့လိုတယ်။ အရင်က မအောင်မြင်ခဲ့တာ ဒါကြောင့်ပဲ ။ ထောက်ပြနိုင်အောင်လည်း သတင်းစာက လွတ်လပ်မှုရှိရမှာ ဖြစ်သလို သတင်းထောက်တွေ အနေနဲ့လည်း သူ့ရဲ့ နယ်ပယ်ဘာသာရပ် အလိုက် ဗဟုသုတ အသိအမြင်တွေ ရှိဖို့လိုတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီမှ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။

ယင်းအပြင် နိုင်ငံပိုင် သတင်းဌာန အများစုမှာ ခေတ်အဆက်ဆက် ၀ါဒဖြန့်ချိရေး သတင်းများကိုသာ အဓိကထား လုပ်ကိုင်ခဲ့ရသောကြောင့် ခေါက်ရိုးကျိုးနေသည့် အယူအဆ ၊ အတွေးအမြင်များကိုပါ ပြောင်းလဲပစ်မှာသာ နိုင်ငံပိုင်မီဒီယာများ သတင်းလွတ်လပ်ခွင့် ရှိလာမှုနှင့်အတူ အများပြည်သူဘက်က ရပ်တည်ရေးသားနိုင်မည် ဖြစ်သည်ဟု ဦးမြင့်ကျော်က သုံးသပ်သည်။

The Ladies News (4 April 2016)
..................................
"အစိုးရဌာနဆိုင္ရာမ်ား၏ ခ်ဳိ႕ယြင္းခ်က္ ၊ လစ္ဟင္းမႈ သတင္းမ်ား ေရးသား ထုတ္လႊင့္ရန္ ႏိုင္ငံပိုင္မီဒီယာမ်ားကို ျပန္ၾကားေရး၀န္ၾကီး ေဒါက္တာေဖျမင့္ တိုက္တြန္း"
------- ------- -------
ႏိုင္ငံပိုင္မီဒီယာမ်ား အေနျဖင့္ ဌာနဆိုင္ရာမ်ားဘက္က လုပ္ေဆာင္ခ်က္နွင့္ ထုတ္ျပန္ခ်က္ သတင္းမ်ားကို သာမကပဲ ဌာနဆိုင္ရာမ်ား၏ လစ္ဟင္းခ်က္ ၊ ခ်ဳိ႕ယြင္း အားနည္းခ်က္မ်ားကိုလည္း ျပည္သူ႔ကိုယ္စား ေရးသားတင္ျပသင့္ေၾကာင္း ျပန္ၾကားေရး၀န္ၾကီး ေဒါက္တာေဖျမင့္က တိုက္တြန္းသည္။
“အရင္တုန္းကလည္း Public Service ဆိုတဲ႔ သေဘာမ်ဳိး ေရြ႕ေနတယ္။ အခုအစိုးရအသစ္ မူ၀ါဒကေတာ့ ျပည္သူကို မ်က္ႏွာမူတယ္လို႔ သံုးတာေပါ့ အမ်ားျပည္သူအတြက တာ၀န္ရိွတဲ႔အေလ်ာက္ အစိုးရအသစ္ ဘာလုပ္ေနတယ္ဆိုတဲ႔ သတင္းမ်ဳိးေတြ ထည့္ေပးမယ္။ သို႔ေသာ္ ဌာနဆိုင္ရာေတြရဲ႕ လစ္ဟင္းခ်က္ ၊ ခ်ဳိ႕ယြင္းခ်က္ အားနည္ခ်က္ေတြကိုလည္း ႏိုင္ငံပိုင္ မီဒီယာေတြဘက္က ျပန္ျပီးေတာ့ ေရးသားတ႔ဲ သတင္းမ်ဳိးေတြ လုပ္သင့္တယ္ ” ဟု ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာေဖျမင့္က ဧျပီလ ၃ ရက္ေန႔ မနက္ပိုင္းတြင္ ရန္ကုန္ျမိဳ႕ သိမ္ျဖဴလမ္း ပံုႏွိပ္ေရးနွင့္ စာအုပ္ထုတ္ေ၀ေရး အစည္းေ၀းခန္းမ၌ ျပန္ၾကားေရး၀န္ၾကီးဌာနမွ အရာရိွ အရာထမ္း အမႈထမ္းမ်ားနွင့္ ေတြ႔ဆံုရာတြင္ တိုက္တြန္း ေျပာဆိုသည္။
ယင္းအျပင္ သတင္းစာတစ္ရပ္အေနျဖင့္ ျပင္ပေဆာင္းပါးရွင္မ်ား ဖိတ္ေခၚျခင္း ၊ ကာတြန္းဆရာမ်ား ဖိတ္ေခၚျခင္း ၊ သတင္းသမားမ်ား ကိုယ္တိုင္ကလည္း ဌာနမ်ားမွ ထုတ္ျပန္သည့္ သတင္းသက္သက္သာ မဟုတ္ပဲ ျပည္သူ႔ကိုယ္စားျပဳ ေရးသင့္သည္ဆိုေသာ သတင္းမ်ားကိုလည္း ကြင္းဆင္းေရးသားျခင္းမ်ားအျပင္ စာတည္းမွဴးခ်ဳပ္မ်ားကလည္း သတင္းအေၾကာင္းအရာႏွင့္ ေရးသားမႈမ်ားကို ေရြးခ်ယ္ျခင္းႏွင့္ သတင္းစာပါ အေၾကာင္းအရာအားလံုးကို ဆံုးျဖတ္ လုပ္ကိုင္ေစခ်င္သည္ဟု ေဒါက္တာေဖျမင့္က တိုက္တြန္း ေျပာဆိုသည္။
“တကယ္လုပ္ႏိုင္ရင္ အမ်ားျပည္သူ အက်ဳိးကို ေရွ႕ရွဴလုပ္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ အစိုးရ၀န္ၾကီးဌာနေတြ ပါမယ္။ ေထြအုပ္တို႔လို ဌာနေတြပါမယ္။ ေအာက္ေျခအဆင့္ေတြတင္ မကဘူး။ ၀န္ၾကီးဌာနအဆင့္ ျပည္ေထာင္စုုအဆင့္ ျပည္နယ္နဲ႔ တိုင္းအဆင့္ေတြကိုပါ။ ေ၀ဖန္ေထာက္ျပခြင့္ ရိွဖို႔လိုတယ္။ အရင္က မေအာင္ျမင္ခဲ့တာ ဒါေၾကာင့္ပဲ ။ ေထာက္ျပႏိုင္ေအာင္လည္း သတင္းစာက လြတ္လပ္မႈရိွရမွာ ျဖစ္သလို သတင္းေထာက္ေတြ အေနနဲ႔လည္း သူ႔ရဲ႕ နယ္ပယ္ဘာသာရပ္ အလိုက္ ဗဟုသုတ အသိအျမင္ေတြ ရိွဖို႔လိုတယ္” ဟု ျမန္မာႏိုင္ငံ စာနယ္ဇင္းေကာင္စီ ယာယီမွ အဖြဲ႔၀င္ ဦးျမင့္ေက်ာ္က ေျပာသည္။
ယင္းအျပင္ ႏိုင္ငံပိုင္ သတင္းဌာန အမ်ားစုမွာ ေခတ္အဆက္ဆက္ ၀ါဒျဖန္႔ခ်ိေရး သတင္းမ်ားကိုသာ အဓိကထား လုပ္ကိုင္ခဲ့ရေသာေၾကာင့္ ေခါက္ရိုးက်ဳိးေနသည့္ အယူအဆ ၊ အေတြးအျမင္မ်ားကိုပါ ေျပာင္းလဲပစ္မွာသာ ႏိုင္ငံပိုင္မီဒီယာမ်ား သတင္းလြတ္လပ္ခြင့္ ရိွလာမႈႏွင့္အတူ အမ်ားျပည္သူဘက္က ရပ္တည္ေရးသားႏိုင္မည္ ျဖစ္သည္ဟု ဦးျမင့္ေက်ာ္က သံုးသပ္သည္။
The Ladies News (4 April 2016)

No comments:

Post a Comment