Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

ဘယ္အရာကိုမဆို အျမန္ဆံုးသင္ယူတတ္ေျမာက္ေစဖုိ႔ နည္းလမ္းငါးခု

သင့္အေနနဲ႔ အေၾကာင္းအရာတစ္ခုကို သင္ယူမႈျပဳလုပ္တဲ့အခါမွာဆိုရင္ ကိုယ့္ရဲ႕ ပင္ကုိယ္သင္ယူႏုိင္မႈစြမ္းရည္ကို အျမန္ဆံုးအရွိန္ႏႈန္းေရာက္ေအာင္ ျမွင့္တင္ေပးဖို႔အတြက္ ျပဳလုပ္ရမယ့္ အခ်က္ငါးခ်က္ရွိပါတယ္။ ဒီအခ်က္ငါးခ်က္ကို လိုက္လံႀကိဳးပမ္းၿပီး သင္ယူစရာရွိသမွ်ကို အေကာင္းဆံုးသင္ယူႏုိင္မယ္လုိ႔လည္း ေမွ်ာ္လင့္ပါတယ္။

အခ်ိန္ကုန္သက္သာေစမယ့္ နည္းလမ္းကို ေရြးခ်ယ္သင္ယူပါ

သင့္အေနနဲ႔ အတတ္ပညာတစ္ခုခုကို သင္ယူေတာ့မယ္ဆိုရင္ေတာ့ ကိုယ့္အတြက္ အခ်ိန္ကုန္သက္သာၿပီး အက်ိဳးရွိေစမယ့္ နည္းလမ္းကို ေရြးခ်ယ္သင္ယူသင့္ပါတယ္။ နည္းအမ်ိဳးမ်ိဳးနဲ႔ စမ္းသပ္သင္ယူၾကည့္ပါ။ လက္ေတြ႕ ၊ စာေတြ႕ ႏွစ္မ်ိဳးလံုးနဲ႔သင္ယူၾကည့္ပါ။ သင့္အေနနဲ႔ ဘယ္နည္းလမ္းက အခ်ိန္ကုန္အသက္သာဆံုးျဖစ္သလဲဆုိတာကို ေတြ႕ရွိလာပါလိမ့္မယ္။ အခ်ိန္တိုအတြင္း တတ္ေျမာက္ႏုိင္တဲ့နည္းလမ္းေတြ႕ထားၿပီဆိုရင္ေတာ့ စတင္ၿပီး လုပ္ေဆာင္လိုက္ပါေတာ့။

၈၀ / ၂၀ စည္းမ်ဥ္းကို အသံုးခ်ပါ

ဒီစည္းမ်ဥ္းကေတာ့ အီတလီစီးပြားေရးပညာရွင္ ပရီတိုရဲ႕နည္းလမ္းတစ္ခုပါ။ သင့္ဘက္က ၂၀ ရာႏႈန္းေလာက္ အားပိုစိုက္တာနဲ႔ ရလဒ္က ၈၀ ရာႏႈန္းေလာက္အထိ တိုးတက္ေနတယ္ဆိုတာကို သတိျပဳပါ။ ဒီစည္းမ်ဥ္းကေတာ့ သင္ယူမႈအပိုင္းမွာလည္း အက်ိဳးရွိေစပါတယ္။ ၂၀ ရာႏႈန္းေလာက္ ႀကိဳးစားသင္ယူလုိက္တာနဲ႔ ၈၀ ရာႏႈန္းေလာက္ ပိုၿပီး အက်ိဳးရွိလာတာကိုေတြ႕ရပါလိမ့္မယ္။

လက္ေတြ႕ျပဳလုပ္ျခင္းျဖင့္ သင္ယူပါ

လက္ေတြ႕ျပဳလုပ္ျခင္းက မွတ္မိအလြယ္ဆံုးနည္းလမ္းတစ္ခုျဖစ္ပါတယ္။ သင့္အေနနဲ႔ စာဖတ္ရႈရာကေနၿပီး ၁၀ ရာႏႈန္းေလာက္သာ သင္ၾကားမႈကို မွတ္မိႏိုင္ၿပီး အုပ္စုလုိက္ ေဆြးေႏြးတာကေန ၅၀ ရာႏႈန္းအထိ တိုးတက္ေစပါတယ္။ လက္ေတြ႕ျပဳလုပ္ျခင္းကေနၿပီးေတာ့ သင္ၾကားတတ္ေျမာက္မႈကို ၉၀ ရာႏႈန္းအထိ တိုးတက္လာေစပါတယ္။


ဆရာေကာင္းတစ္ေယာက္ေတာ့ ရွိေနပါေစ

ဘယ္ပညာကို သင္သင္ နည္းျပဆရာေကာင္းတစ္ေယာက္ေတာ့ လုိအပ္ပါလိမ့္မယ္။ သူတို႔က ကုိယ္သင္ၾကားမယ့္ ပညာမွာ အေတြ႕အၾကံဳရင့္ၿပီးျဖစ္တာေၾကာင့္ သင့္အေနနဲ႔ ရင္ဆုိင္ရႏုိင္တဲ့အခက္အခဲေတြကို ေက်ာ္လႊားသြားႏိုင္ေအာင္ ဆရာေကာင္းေတြက လမ္းျပႏုိင္ပါတယ္။

ကိုုယ့္လုပ္ေဆာင္ခ်က္ေတြကို ျပန္သံုးသပ္ေနပါ
ကိုယ္လုပ္လာတဲ့ နည္းလမ္းဟာ မွန္/မမွန္ဆိုတာ အျမဲေလ့လာေနပါ။ ကိုယ္သင္ၾကားေနတဲ့ လမ္းေၾကာင္းမွာ အမွားအယြင္းအနည္းငယ္ရွိတယ္လို႔ ယူဆရတာနဲ႔ အေပၚက ဆရာကုိ အကူအညီေတာင္းပါ။ မိမိကုိယ္ကို ယွဥ္ၿပိဳင္တာက သူမ်ားေတြနဲ႔ ယွဥ္ၿပိဳင္တာထက္စာရင္ သင္ယူမႈကို ပိုခရီးေရာက္ေစႏိုင္ပါတယ္။



( Paing A K )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : LifeStyles
.....................
သင့်အနေနဲ့ အကြောင်းအရာတစ်ခုကို သင်ယူမှုပြုလုပ်တဲ့အခါမှာဆိုရင် ကိုယ့်ရဲ့ ပင်ကိုယ်သင်ယူနိုင်မှုစွမ်းရည်ကို အမြန်ဆုံးအရှိန်နှုန်းရောက်အောင် မြှင့်တင်ပေးဖို့အတွက် ပြုလုပ်ရမယ့် အချက်ငါးချက်ရှိပါတယ်။ ဒီအချက်ငါးချက်ကို လိုက်လံကြိုးပမ်းပြီး သင်ယူစရာရှိသမျှကို အကောင်းဆုံးသင်ယူနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

အချိန်ကုန်သက်သာစေမယ့် နည်းလမ်းကို ရွေးချယ်သင်ယူပါ

သင့်အနေနဲ့ အတတ်ပညာတစ်ခုခုကို သင်ယူတော့မယ်ဆိုရင်တော့ ကိုယ့်အတွက် အချိန်ကုန်သက်သာပြီး အကျိုးရှိစေမယ့် နည်းလမ်းကို ရွေးချယ်သင်ယူသင့်ပါတယ်။ နည်းအမျိုးမျိုးနဲ့ စမ်းသပ်သင်ယူကြည့်ပါ။ လက်တွေ့ ၊ စာတွေ့ နှစ်မျိုးလုံးနဲ့သင်ယူကြည့်ပါ။ သင့်အနေနဲ့ ဘယ်နည်းလမ်းက အချိန်ကုန်အသက်သာဆုံးဖြစ်သလဲဆိုတာကို တွေ့ရှိလာပါလိမ့်မယ်။ အချိန်တိုအတွင်း တတ်မြောက်နိုင်တဲ့နည်းလမ်းတွေ့ထားပြီဆိုရင်တော့ စတင်ပြီး လုပ်ဆောင်လိုက်ပါတော့။

၈၀ / ၂၀ စည်းမျဉ်းကို အသုံးချပါ

ဒီစည်းမျဉ်းကတော့ အီတလီစီးပွားရေးပညာရှင် ပရီတိုရဲ့နည်းလမ်းတစ်ခုပါ။ သင့်ဘက်က ၂၀ ရာနှုန်းလောက် အားပိုစိုက်တာနဲ့ ရလဒ်က ၈၀ ရာနှုန်းလောက်အထိ တိုးတက်နေတယ်ဆိုတာကို သတိပြုပါ။ ဒီစည်းမျဉ်းကတော့ သင်ယူမှုအပိုင်းမှာလည်း အကျိုးရှိစေပါတယ်။ ၂၀ ရာနှုန်းလောက် ကြိုးစားသင်ယူလိုက်တာနဲ့ ၈၀ ရာနှုန်းလောက် ပိုပြီး အကျိုးရှိလာတာကိုတွေ့ရပါလိမ့်မယ်။

လက်တွေ့ပြုလုပ်ခြင်းဖြင့် သင်ယူပါ

လက်တွေ့ပြုလုပ်ခြင်းက မှတ်မိအလွယ်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ စာဖတ်ရှုရာကနေပြီး ၁၀ ရာနှုန်းလောက်သာ သင်ကြားမှုကို မှတ်မိနိုင်ပြီး အုပ်စုလိုက် ဆွေးနွေးတာကနေ ၅၀ ရာနှုန်းအထိ တိုးတက်စေပါတယ်။ လက်တွေ့ပြုလုပ်ခြင်းကနေပြီးတော့ သင်ကြားတတ်မြောက်မှုကို ၉၀ ရာနှုန်းအထိ တိုးတက်လာစေပါတယ်။


ဆရာကောင်းတစ်ယောက်တော့ ရှိနေပါစေ

ဘယ်ပညာကို သင်သင် နည်းပြဆရာကောင်းတစ်ယောက်တော့ လိုအပ်ပါလိမ့်မယ်။ သူတို့က ကိုယ်သင်ကြားမယ့် ပညာမှာ အတွေ့အကြုံရင့်ပြီးဖြစ်တာကြောင့် သင့်အနေနဲ့ ရင်ဆိုင်ရနိုင်တဲ့အခက်အခဲတွေကို ကျော်လွှားသွားနိုင်အောင် ဆရာကောင်းတွေက လမ်းပြနိုင်ပါတယ်။

ကိုုယ့်လုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်နေပါ
ကိုယ်လုပ်လာတဲ့ နည်းလမ်းဟာ မှန်/မမှန်ဆိုတာ အမြဲလေ့လာနေပါ။ ကိုယ်သင်ကြားနေတဲ့ လမ်းကြောင်းမှာ အမှားအယွင်းအနည်းငယ်ရှိတယ်လို့ ယူဆရတာနဲ့ အပေါ်က ဆရာကို အကူအညီတောင်းပါ။ မိမိကိုယ်ကို ယှဉ်ပြိုင်တာက သူများတွေနဲ့ ယှဉ်ပြိုင်တာထက်စာရင် သင်ယူမှုကို ပိုခရီးရောက်စေနိုင်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : LifeStyles

No comments:

Post a Comment