CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, April 7, 2016
အသစ်ခန့်အပ်ခံရတဲ့ ရခိုင်ဝန်ကြီးတစ်ဦး ပါတီမှ ထုတ်ပယ်ခံရဖွယ်ရှိ
ယနေ့ ဧပြီ ရ ရက်နေ့တွင် ပြည်နယ်လွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့ကြသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီး ရ ဦးမှ ၁ ဦးကို မိခင်ပါတီမှ ထုတ်ပယ်နိုင်ဖွယ်ရှိကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္စျိမကို ပြောကြားခဲ့သည်။
" ကိုယ့်စိတ်သဘော ဆုံးဖြတ်ချက်နဲ့ အစိုးရတာဝန်ကို လက်ခံယူသွားတယ်ဆိုတာ ကျနော်တို့ ပါတီစည်းမျဉ်းစည်းကမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်။ ယခု ၀န်ကြီး ဦးကျော်လွင်က အစိုးရတာဝန်ကို ယူတယ် ဆိုတာ ပါတီရဲ့ ၁/၂၀၁၆ ကြေညာချက်ကို ချိုးဖောက်တဲ့သဘောပေါ့။ ကျနော်တို့ လာမယ့် အနီးဆုံး ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒီကိစ္စကို တင်ပြမယ်။ အပြစ်ပေးအရေးယူနိုင်တာကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆိုတော့ အဲဒီအစည်းအဝေးပြီးတဲ့အခါ ဦးကျော်လွင်ကို အပြစ်ပေးအရေးယူဖို့ ဆုံးဖြတ်ချက် ထွက်လာပါလိမ့်မယ်။"
ကျောက်ဖြူမဲဆန္ဒနယ် မှ ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်မှာ ပါတီ၏ ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေညာချက်များအား ဆန့်ကျင်ကာ အစိုးရအဖွဲ့ဝင် ၀န်ကြီးနေရာကို လက်ခံခဲ့ခြင်းနှင့် ပတ်သက်၍ ၀န်ကြီး ဦးကျော်လွင်က ယခုလို ချေပခဲ့သည်။
"ပါတီကတော့ ကြေညာချက်အရ ၀န်ကြီးနေရာကို လက်မခံစေလိုတဲ့ သဘောပါ။ အခြားတစ်ဘက်မှာ ၁/၂၀၁၆ နဲ့ ၂၀၁၆ တို့ ဆိုတာ ပါတီရဲ့ ကြေညာချက်သာ ဖြစ်ပါတယ်။ မူဝါဒ မဟုတ်ပါဘူး။ ဒီနေ့ချိန်ထိ ကျနော် ပါတီရဲ့ ဘယ်မူဝါဒကိုမှ မချိုးဖောက်ခဲ့ဖူးပါဘူး။ ကြေညာချက်အပေါ်မှာတော့ အယူအဆတွေ ကွဲလွဲကောင်း ကွဲလွဲနိုင်တယ်ပေါ့။ ဒါပေမယ့် ကျနော်တို့အားလုံး ကိုယ့်ဒေသဖွ့ံဖြိုးရေးကို ဦးတည်ကြတာပါပဲ။ ဒီတော့ NLD ရဲ့ မူဝါဒ ပေါ်လစီမှာလည်းပဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တယ်။ ကျနော်တို့ ရခိုင်ပါတီမှာလည်းပဲ ဒီအတိုင်းပဲ။ မူဝါဒ တူတဲ့အတွက် ကျနော် NLD အစိုးရနဲ့ ပူးပေါင်းလက်တွဲတာ ဖြစ်ပါတယ်။"
ဦးကျော်လွင်ကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုနှင့် သစ်တောဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် နေ့စွဲနှင့် ထုတ်ပြန်ခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ ကြေညာချက် ၁/၂၀၁၆ တွင် ရခိုင်ပြည်နယ် ၀န်ကြီးချူပ် နှင့် ပြည်နယ်အစိုးရအား ANP မှ ဖွဲ့စည်းခွင့်ရရန်နှင့် သို့မဟုတ်ပါက အတိုက်အခံအဖြစ် ရပ်တည်မည်ဟု ရေးသားဖော်ပြပါရှိသည်။
Mizzima - News in Burmese
................
အသစ္ခန္႔အပ္ခံရတဲ့ ရခုိင္၀န္ႀကီးတစ္ဦး ပါတီမွ ထုတ္ပယ္ခံရဖြယ္ရွိ
ယေန႔ ဧၿပီ ၇ ရက္ေန႔တြင္ ျပည္နယ္လႊတ္ေတာ္မွ အတည္ျပဳ ခန္႔အပ္ခဲ့ၾကသည့္ ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔၀င္ ၀န္ႀကီး ၇ ဦးမွ ၁ ဦးကုိ မိခင္ပါတီမွ ထုတ္ပယ္ႏုိင္ဖြယ္ရွိေၾကာင္း ရခုိင္အမ်ဳိးသားပါတီ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေအာင္ေက်ာ္က မဇၥ်ိမကုိ ေျပာၾကားခဲ့သည္။
" ကုိယ့္စိတ္သေဘာ ဆုံးျဖတ္ခ်က္နဲ႔ အစုိးရတာ၀န္ကုိ လက္ခံယူသြားတယ္ဆုိတာ က်ေနာ္တုိ႔ ပါတီစည္းမ်ဥ္းစည္းကမ္းကုိ ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္ရာ ေရာက္တယ္။ ယခု ၀န္ႀကီး ဦးေက်ာ္လြင္က အစုိးရတာ၀န္ကုိ ယူတယ္ ဆုိတာ ပါတီရဲ႕ ၁/၂၀၁၆ ေၾကညာခ်က္ကုိ ခ်ဳိးေဖာက္တဲ့သေဘာေပါ့။ က်ေနာ္တုိ႔ လာမယ့္ အနီးဆုံး ဗဟုိအလုပ္အမႈေဆာင္ အစည္းအေ၀းမွာ ဒီကိစၥကုိ တင္ျပမယ္။ အျပစ္ေပးအေရးယူႏုိင္တာကလည္း ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔ဆုိေတာ့ အဲဒီအစည္းအေ၀းၿပီးတဲ့အခါ ဦးေက်ာ္လြင္ကုိ အျပစ္ေပးအေရးယူဖုိ႔ ဆုံးျဖတ္ခ်က္ ထြက္လာပါလိမ့္မယ္။"
ေက်ာက္ျဖဴမဲဆႏၵနယ္ မွ ရခုိင္အမ်ဳိးသားပါတီ၏ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္လြင္မွာ ပါတီ၏ ၁/၂၀၁၆ ႏွင့္ ၂/၂၀၁၆ ေၾကညာခ်က္မ်ားအား ဆန္႔က်င္ကာ အစုိးရအဖြဲ႔၀င္ ၀န္ႀကီးေနရာကုိ လက္ခံခဲ့ျခင္းႏွင့္ ပတ္သက္၍ ၀န္ႀကီး ဦးေက်ာ္လြင္က ယခုလုိ ေခ်ပခဲ့သည္။
"ပါတီကေတာ့ ေၾကညာခ်က္အရ ၀န္ႀကီးေနရာကုိ လက္မခံေစလုိတဲ့ သေဘာပါ။ အျခားတစ္ဘက္မွာ ၁/၂၀၁၆ နဲ႔ ၂၀၁၆ တုိ႔ ဆုိတာ ပါတီရဲ႕ ေၾကညာခ်က္သာ ျဖစ္ပါတယ္။ မူ၀ါဒ မဟုတ္ပါဘူး။ ဒီေန႔ခ်ိန္ထိ က်ေနာ္ ပါတီရဲ႕ ဘယ္မူ၀ါဒကုိမွ မခ်ဳိးေဖာက္ခဲ့ဖူးပါဘူး။ ေၾကညာခ်က္အေပၚမွာေတာ့ အယူအဆေတြ ကြဲလြဲေကာင္း ကြဲလြဲႏုိင္တယ္ေပါ့။ ဒါေပမယ့္ က်ေနာ္တုိ႔အားလုံး ကုိယ့္ေဒသဖြ႔ံၿဖဳိးေရးကုိ ဦးတည္ၾကတာပါပဲ။ ဒီေတာ့ NLD ရဲ႕ မူ၀ါဒ ေပၚလစီမွာလည္းပဲ ေဒသဖြံ႔ၿဖဳိးတုိးတက္ေရးကုိ ဦးတည္တယ္။ က်ေနာ္တုိ႔ ရခုိင္ပါတီမွာလည္းပဲ ဒီအတုိင္းပဲ။ မူ၀ါဒ တူတဲ့အတြက္ က်ေနာ္ NLD အစုိးရနဲ႔ ပူးေပါင္းလက္တြဲတာ ျဖစ္ပါတယ္။"
ဦးေက်ာ္လြင္ကုိ ရခုိင္ျပည္နယ္ စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရး၊ သတၱဳႏွင့္ သစ္ေတာ၀န္ႀကီးအျဖစ္ ခန္႔အပ္ခဲ့ျခင္း ျဖစ္သည္။
ၿပီးခဲ့သည့္ ဇန္န၀ါရီ ၁၉ ရက္ ေန႔စြဲႏွင့္ ထုတ္ျပန္ခဲ့သည့္ ရခုိင္အမ်ဳိးသားပါတီ၏ ေၾကညာခ်က္ ၁/၂၀၁၆ တြင္ ရခုိင္ျပည္နယ္ ၀န္ႀကီးခ်ဴပ္ ႏွင့္ ျပည္နယ္အစုိးရအား ANP မွ ဖြဲ႔စည္းခြင့္ရရန္ႏွင့္ သုိ႔မဟုတ္ပါက အတုိက္အခံအျဖစ္ ရပ္တည္မည္ဟု ေရးသားေဖာ္ျပပါရွိသည္။
Mizzima - News in Burmese
အသစ်ခန့်အပ်ခံရတဲ့ ရခိုင်ဝန်ကြီးတစ်ဦး ပါတီမှ ထုတ်ပယ်ခံရဖွယ်ရှိ
Reviewed by MP4 YoU
on
April 07, 2016
Rating: 5
Reviewed by MP4 YoU
on
April 07, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment