Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 7, 2016

ကားတာယာရဲ့ ထုတ်လုပ်ရက်စွဲ

ကျွန်တော့်မိတ်ဆွေများ သင်္ကြန်ခရီးမထွက်ခင်...အန္တာရာယ်ကင်းရှင်းစေရန်အတွက်...
ကိုယ့်ကားတာယာရဲ့ ထုတ်လုပ်ရက်စွဲကို မဖြစ်မနေစစ်ကြပါခင်ဗျာ...

(၁) စစ်ဆေးတဲ့အခါမှာ ပုံမှာပြထားတဲ့...
အစိမ်းရောင် မျဉ်းတားထားသော 09 ဆိုတာထုတ်လုပ်တဲ့...
အပတ်စဉ်ကိုဖော်ပြတာပါ...
09 ဆိုတော့ ၉ ပတ်မှာထုတ်လုပ်ထားတာကြောင့်...
၂ လပိုင်းအကုန် ၃ လပိုင်းအစလောက်မှာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်...

(၂) ပုံထဲမှာ နောက်ဘက်ရှိ အနီရောင်မျဉ်းတားထားသော...
11 ဆိုတာကတော့ ထုတ်လုပ်တဲ့ ခုနှစ်ကိုဖော်ပြထားတာပါ...
ဒါကတော့အရေးကြီးပါတယ်...
ခုပုံပါတာယာဟာ ၅ နှစ်ကျော်သက်တမ်းရှိပြီမို့ ခရီးဝေးမောင်နှင်ရန်...
ကီလို ၈၀ ကျော်အောင်မောင်းနှင်ရန်မသင့်တော့ပါ...
သက်တမ်း ၃ နှစ်အထက်တာယာများဟာ ခရီးဝေးသွားတဲ့အခါ...
ယခုလို အရမ်းပူတဲ့ ရာသီဥတုမှ လုံခြုံစိတ်ချရမှု့မရှိတော့တာကြောင့်...
တာယာအသစ်လဲသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်...

(၃) တာယာလေထိုးရာမှာ နိုက်ထရိုဂျင်တစ်မျိုးတည်းကိုသာ...
အသုံးပြုသင့်ပါတယ်...
နိုက်ထရိုဂျင်ဟာ ခရီးဝေးသွားသောအခါမှာ သာမာန်လေလောက်မပူသလို...
လေပေါင်တက်လာတာမရှိပါဘူး...
နောက်တာယာအတွင်းသားကြံခိုင်မှု့ကိုလည်းအကူအညီပေးပါတယ်...
တာယာကို ရိုးရိုးသာမာန်လေထိုးမယ်ဆိုရင်...
အခုလို အရမ်းပူတဲ့ရာသီမှာ ခရီးဝေးသွားတဲ့အခါ တာယာလေပါင်တက်ပြီး...
တာယာပွင့်တဲ့ ပြဿနာမျိုးရှိတတ်တာကြောင့်...
ရိုးရိုးလေမထိုးဘဲ နိုက်ထရိုဂျင်ကိုသာထိုးဖို့ရန်အကြံပြုလိုပါတယ်...
အိမ်သုံးကားငယ်တွေဟာ လေပေါင် (၃၀) ပတ်လည်လောက်သာ...
ထားသင့်ပါတယ်ခင်ဗျာ...

ကျွန်တော်မနေ့က ကားစမ်းမောင်းရင်း တာယာလေများလို့...
လေနည်းနည်းလျှော့လိုက်တာမှာ တာယာထဲကထွက်လာတဲ့လေဟာ...
လက်ကို ရေနွေးပူနဲ့ ပက်လိုက်သလိုကိုပူပါတယ်...
ဒီကားဟာ မြို့တွင်းမှာမောင်းတာ နာရီဝက်ကျော်လောက်သာရှိပါသေးတယ်...
ဒါကြောင့် ခရီးဝေးမောင်းရင် ခုလိုရာသီမှာ တာယာအရမ်းပူမှာဖြစ်တာကြောင့်...
တာယာကြံ့ခိုင်ရေးသတိပြုကြပါလို့...
စေတနာဖြင့်ရေးသားလိုက်ရပါတယ်ခင်ဗျာ...

မိတ်ဆွေများ အန္တာရာယ်ကင်းပြီး ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ...

ကိုတိုး (အွန်လိုင်းကားဝပ်ရှော့)
WK Auto Mechanic Car Service
ခြံအမှတ် ၁၉ (င) ချစ်ရိပ်မွန်လမ်း...
YTU ကျောင်းဘေး...ကြို့ကုန်း...
(၃) ရပ်ကွက် မရမ်းကုန်းမြို့နယ်။
ဖုန်း...၀၉ ၂၆၁ ၂၀၀ ၂၆၁

‪Toetar‬ Atoe
....................



အသုံးပြုသင့်ပါတယ်...
ထားသင့်ပါတယ်ခင်ဗျာ...



ဖုန်း...၀၉ ၂၆၁ ၂၀၀ ၂၆၁

‪Toetar‬ Atoe

No comments:

Post a Comment