နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးကျော်တင်

နိုင်ငံခြားရေးဝန်ကြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ လုပ်ဆောင်ရမယ့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးကျော်တင်ကို ခန့်အပ်လိုက်ပါတယ်။

‪ကိုယ်ရေးအကျဉ်း‬
ဦးကျော်တင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ NLD ပါတီနဲ့ တစိုက်မတ်မတ် လက်တွဲလုပ်ကိုင်ခဲ့တာ ၂၇ ခန့်ရှိပြီဖြစ်ပြီး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း ဆောမြို့နယ် NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ရပြီး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယအကြိမ်ထပ်မံရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)