Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 6, 2016

သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပြီး သမ္မတရုံး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရှင်းလင်းပြောကြားချက်

ဧရာဝတီ

တရုတ်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တဲ့ ကိစ္စကို ပြန်ပြီးတော့ Mention လုပ်ပါတယ်။

မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူလူထု ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်သွားမယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မူဝါဒ ၃ ချက်ကို ထောက်ခံတဲ့အကြောင်း ပြောပါတယ်။

၂ နိုင်ငံကြား စီမံကိန်းတွေ စီးပွားရေး လုပ်ငန်းတွေ နောက်ရင်းနှီးမြှပ်နှံမှုတွေနဲ့ ပတ်သက်လို့ လုပ်ချင်တာတွေ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ဟာတွေ ဆက်ပြီး လုပ်ချင်တာတွေ သူတို့မှာ ရှိတယ်လို့ ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက ဥပဒေတွေကို လေးစား လိုက်နာဖို့ ဒေသခံ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့ CSR ကို အထူးအားဖြင့် ဆောင်ရွက်ပေးဖို့ သူတို့က တရုတ်ကုမ္ပဏီတွေကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့ မြောက်ပိုင်းဒေသ၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေးတွေနဲ့ ပတ်သက်ပြီးတော့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တင်သွားဖို့ ၂ နိုင်ငံ နယ်စပ်တည်ငြိမ်ရေးမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပါပါတယ်။

သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံံကို ဖိတ်ကြားတဲ့အကြောင်း ပြောပါတယ်။

သမ္မတကြီးက တရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ သွားဖို့ သတ်မှတ်မယ်လို့ ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံဘက်က ဆက်လက်ပြီးတော့ ကူညီပေးဖို့ ပြောပါတယ်။

သမ္မတကြီး ပြောတာကတော့ မြန်မာပြည်သူတွေ တကယ်အကျိုးရှိတယ်ဆိုရင် တရုတ်နိုင်ငံအပါအဝင် ဘယ်နိုင်ငံမဆို ပူးပေါင်းဆောင်ရွက်သွားဖို့ လက်ကမ်းကြိုဆိုဖို့ အသင့်ရှိတယ်ဆိုတာ ပြောပါတယ်။

နောက်တရုတ်ဘက်က နောက်ဆုံးအချက်ပြောတာကတော့ တရုတ်သံရုံးတည်ဆောက်ဖို့အတွက် နေပြည်တော်ကို နှစ်နိုင်ငံ ချစ်ကြည်ရေးရဲ့ လက္ခဏာပေါ့။ အဲဒါဖြစ်အောင် တရုတ်နိုင်ငံက အစောဆုံးတည်ဆောက်ဖို့ အဲဒါကို ပြောပါတယ်။
...........
သမၼတ ဦးထင္ေက်ာ္ႏွင့္ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးတို႔ ေတြ႕ဆံုမႈအၿပီး သမၼတ႐ံုး ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး၏ ရွင္းလင္းေျပာၾကားခ်က္

ဧရာ၀တီ

တ႐ုတ္ဘက္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခဲ့တဲ့ ကိစၥကို ျပန္ၿပီးေတာ့ Mention လုပ္ပါတယ္။

ျမန္မာႏုိင္ငံ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ ျပည္သူလူထု ဘ၀ ဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိဖို႔နဲ႔ ကမာၻ႔ႏိုင္ငံ အားလံုးနဲ႔ ဆက္ဆံေရးေကာင္းေအာင္ ေဆာင္ရြက္သြားမယ္။ အထူးသျဖင့္ အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ေကာင္းမြန္ေအာင္ ေဆာင္ရြက္သြားမယ္ဆိုတဲ့ ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ မူ၀ါဒ ၃ ခ်က္ကို ေထာက္ခံတဲ့အေၾကာင္း ေျပာပါတယ္။

၂ ႏိုင္ငံၾကား စီမံကိန္းေတြ စီးပြားေရး လုပ္ငန္းေတြ ေနာက္ရင္းႏွီးျမွပ္ႏွံမႈေတြနဲ႔ ပတ္သက္လို႔ လုပ္ခ်င္တာေတြ ျမန္မာႏိုင္ငံမွာ လုပ္ေနတဲ့ ဟာေတြ ဆက္ၿပီး လုပ္ခ်င္တာေတြ သူတုိ႔မွာ ရွိတယ္လို႔ ေျပာပါတယ္။

တ႐ုတ္ကုမၸဏီေတြအေနနဲ႔ ျမန္မာႏုိင္ငံက ဥပေဒေတြကို ေလးစား လိုက္နာဖို႔ ေဒသခံ ျပည္သူေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ CSR ကို အထူးအားျဖင့္ ေဆာင္ရြက္ေပးဖို႔ သူတုိ႔က တ႐ုတ္ကုမၸဏီေတြကို ညႊန္ၾကားထားတယ္လို႔ ေျပာပါတယ္။

အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးနဲ႔ ပတ္သက္လို႔ ေျမာက္ပိုင္းေဒသ၊ နယ္စပ္ေဒသ တည္ၿငိမ္ေရး၊ နယ္စပ္ေဒသ စီမံခန္႔ခြဲေရးေတြနဲ႔ ပတ္သက္ၿပီးေတာ့ ၂ ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈေတြ ျမင့္တင္သြားဖို႔ ၂ ႏိုင္ငံ နယ္စပ္တည္ၿငိမ္ေရးမွာ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရး ပါပါတယ္။

သမၼတႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို တ႐ုတ္ႏုိင္ငံံကို ဖိတ္ၾကားတဲ့အေၾကာင္း ေျပာပါတယ္။

သမၼတႀကီးက တ႐ုတ္ခရီးစဥ္နဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တုိင္ပင္ၿပီးေတာ့ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပတဲ့အခ်ိန္မွာ သြားဖို႔ သတ္မွတ္မယ္လို႔ ေျပာပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ တ႐ုတ္ႏုိင္ငံဘက္က ဆက္လက္ၿပီးေတာ့ ကူညီေပးဖို႔ ေျပာပါတယ္။

သမၼတႀကီး ေျပာတာကေတာ့ ျမန္မာျပည္သူေတြ တကယ္အက်ိဳးရွိတယ္ဆိုရင္ တ႐ုတ္ႏုိင္ငံအပါအ၀င္ ဘယ္ႏိုင္ငံမဆို ပူးေပါင္းေဆာင္ရြက္သြားဖို႔ လက္ကမ္းႀကိဳဆိုဖို႔ အသင့္ရွိတယ္ဆိုတာ ေျပာပါတယ္။

ေနာက္တ႐ုတ္ဘက္က ေနာက္ဆံုးအခ်က္ေျပာတာကေတာ့ တ႐ုတ္သံ႐ံုးတည္ေဆာက္ဖို႔အတြက္ ေနျပည္ေတာ္ကို ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးရဲ႕ လကၡဏာေပါ့။ အဲဒါျဖစ္ေအာင္ တ႐ုတ္ႏိုင္ငံက အေစာဆံုးတည္ေဆာက္ဖို႔ အဲဒါကို ေျပာပါတယ္။

No comments:

Post a Comment