Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 7, 2016

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ ကောင်စီ (သို့) ကြိုးလွတ်သွားသော ရုပ်သေးဆရာ - လက်စောင်းထက်


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အခန်းကဏ္ဍ မပါတော့သလို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အခန်းကဏ္ဍလည်း မပါတော့သဖြင့် ပြည်သူများရော ပြည်တွင်း ပြည်ပမှ နိုင်ငံရေး လေ့လာသူများကပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို အပါ ဆွဲခေါ်ပြီး နိုင်ငံရေးလောကထဲမှ ထွက်ခွာသွားပြီဟု ယုံကြည်ခဲ့ကြသည်။ သို့သော် အဖြစ်မှန်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နောက်ကွယ်မှ အာဏာကို ဆက်လက်ချုပ်ကိုင်မည့် အစီအစဉ် ပျက်ပြားခဲ့ရသည်ကိုမူ သိရှိသူ နည်းပေလိမ့်မည်။

နေပြည်တော်ရှိ ရုံးအမှတ် ၃၇ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးရုံး သွားရာလမ်းအနီး လမ်းထောင့်တွင် ဆောက်ထားသော မြေအောက် ကားရပ်နားကွင်းများပါ ပါသည့် အဆောက်အဦ တစ်ခုက မအောင်မြင်ခဲ့သော ဇာတ်ကွက် တစ်ခုအတွက် သက်သေပင်ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် တက်လာမည့် ကြံ့ခိုင်ရေး အစိုးရ အဖွဲ့ကို နောက်ကွယ်မှ ဆက်လက်ထိန်းချုပ်ရန် ထိုအဆောက်အဦကို ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဇာတ်ညွှန်းအတိုင်း အကောင်အထည် ပေါ်ခဲ့ပါက အစိုးရ ဖွဲ့ပြီးသည်နှင့် သမ္မတ၏ အခွင့်အာဏာဖြင့် အတိုင်ပင်ခံ ကောင်စီကို ဖွဲ့ခဲ့ပေလိမ့်မည်။ ထိုရုံးတွင် သမ္မတ အတိုင်ပင်ခံ ကောင်စီဟူသော ဆိုင်းဘုတ်တစ်ခုက ယခုအချိန်အထိ ခန့်ညားထယ်ဝါစွာ ရှိနေပေလိမ့်မည်။ ဇာတ်ညွှန်း လွဲမှားခဲ့သဖြင့် ထိုအတိုင်ပင်ခံ ကောင်စီအစား သမ္မတ အကြံပေးအဖွဲ့သာ ဖွဲ့စည်းလိုက်ရပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေတစ်ယောက် စာဖတ်သူကြီး ဘဝ ရောက်ခဲ့ရသည်။ သမ္မတ၏ နောက်ကွယ်မှ သူ၏တိုင်းပြည်ကို ဆက်လက် ကြိုးကိုင်ရန် ကြံစည်ထားမှုလည်း လူမသိသူမသိ ဇာတ်သိမ်းခဲ့ရသည်။ အဆိုပါ အဆောက်အဦမှာလည်း အစောင့်အရှောက် အနည်းငယ်ဖြင့် တံခါးပိတ်ထားရသော မည်သူမှ မသုံးသည့် (မသုံးရဲသည့်) အဆောက်အဦဘဝ ရောက်ခဲ့ရသည်။

အချိန်ယူ ရေးဆွဲထားသော  ဇာတ်ညွှန်းကို ဖျက်ခဲ့သူမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဖြစ်သည်။ တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ် စိုးဝင်းကို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူး ကြီးမောင်အေးတို့ တပ်မတော်မှ အနားယူသည့် စစ်ရာထူးခန့်ချုပ်ရုံး၏ အထူးအမိန့် ထွက်သည့်နေ့တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သူ့၏အစောင့်အရှောက် အားလုံးကို သက်ဆိုင်ရာ တပ်အသီးသီးသို့ ပြန်လွှတ်လိုက်သည်။ ထို့အပြင် နောက်တစ်နေ့တွင် အိမ်တော်ပါ လူယုံများကိုလည်း သူမွေးထားသော နွားများအပါအဝင် ပစ္စည်းများကို ဝေခြမ်းပေးပြီး လိုရာသွားခွင့်ပြုလိုက်သည် တတိယနေ့တွင် ဦးမောင်အေးသည် ကန့်ဘလူရှိ သူတို့မိသားစု တည်ထားသော ဘုရားသို့ သွားရောက်ပြီး ရဟန်းဘောင် ၀င်လိုက်တော့သည်။ နှစ်ပတ်ရဟန်း ၀တ်ပြီးသောအခါ ပူတာအိုသို့ နှစ်ပတ် သွားရောက် လည်ပတ်ပြန်သည်။ ထိုမှတစ်ဖန် ပြင်ဦးလွင်တွင် နှစ်ပတ်၊ လားရှိုးတွင် နှစ်ပတ်၊ မူဆယ်တွင် နှစ်ပတ်နေပြီး နေပြည်တော်သို့ လုံးဝလည်း ပြန်မလာသလို အဆက်အသွယ်လည်း မလုပ်တော့ပေ။ သူနှင့်ရင်းနှီးသူများကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ပြောခဲ့သော စကားတစ်ခွန်းမှာ မည်သည့်မီဒီယာမှ မသိခဲ့သဖြင့် သမိုင်းမတွင်ခဲ့သော်လည်း သမိုင်းဝင်လောက်သည့် စကားဖြစ်သည်။ မလွှဲမရှောင်သာလို့ သမိုင်းမှာ တစ်ခါမှားခဲ့ရပြီးပြီ။ နောက်ထပ်တော့ သမိုင်းမှာ အမှား မခံနိုင်တော့ဘူးဟု အတိုင်ပင်ခံ ကောင်စီတွင် မပါ၀င်လိုသည့် အပြင် ထိုကောင်စီ ဖွဲ့စည်းရေးကိုပါ ဆန့်ကျင်လိုက်သည့် စကားကို သူ့တပည့်များသို့ ပြောခဲ့သည်။ ထို့နောက် အပြောနှင့်အလုပ် ညီစွာပင် နေပြည်တော်မှဝေးရာသို့ ထွက်ခွာသွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးမပါပဲ အတိုင်ပင်ခံ ကောင်စီကို ဖွဲ့စည်းခဲ့ပါက သူ့အပေါ် အာဏာမက်လွန်းသူဟု တစ်နိုင်ငံလုံး၏ လက်ညှိုးထိုး ခံရမည်ကို သိသဖြင့် ချော်လဲရောထိုင် အဖြစ် အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရေးကို လက်လျှော့ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်ကြီး သန်းရွှေသည် အများမနှစ်သက်မည့် သူလုပ်လိုသည့် ကိစ္စများကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး လုပ်သယောင် အသံလွှင့်ပြီး အကောင်အထည်ဖော်လေ့ရှိသည်။ ယခု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး မပါသည့်အခါ လုပ်သမျှသည် သူ့လက်ချက်ဆိုသည်ကို လူအားလုံးက သိမြင်သွားလျှင် ညောင်မြစ်တူးရာမှ ပုတ်သင်ဥပေါ်မည့်ကိန်း ဆိုက်ပေလိမ့်မည်။ အမှန်စင်စစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မပါသော်လည်း အာဏာကို နောက်ကွယ်မှ ဆက်လက်ချုပ်ထိန်းထားရန် စနစ်တကျ ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းဖြစ်ခဲ့ပါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အစိုးရ အဖွဲ့ကို လိုသလို ကြိုးဆွဲနေပေလိမ့်ဦးမည်။ လွှတ်တော်မှာလည်း ကြံ့ခိုင်ရေး အမတ် အများစု ဖြစ်သဖြင့် သူ့ကို အာခံရဲမည် မဟုတ်။ ထိုအခါ ရုပ်ပြအစိုးရနှင့် ရုပ်ပြလွှတ်တော်သာ ဖြစ်နေပြီး အာဏာအဝဝမှာ သူ့လက်တွင်းတွင်သာ ရှိနေပေလိမ့်မည်။ သမီးတော်များကလည်း ယခင်ကအတိုင်း ပျော်ဆဲ မော်ဆဲ ဖြစ်ပေလိမ့်မည်။

ထိုဖွဲ့စည်းမည့် အတိုင်ပင်ခံ ကောင်စီတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်သုံးဦး စုစုပေါင်း ငါးဦးဖြင့် ဖွဲ့စည်းရန် အစီအစဉ်ရှိသည်။ ဥက္ကဋ္ဌနေရာ အတွက် ဦးသန်းရွှေ၊ ဒုဥက္ကဋ္ဌနေရာ အတွက် ဦးမောင်အေးတို့ဖြစ်ပြီး အဖွဲ့ဝင်သုံးဦးကို အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးများဖြစ်သော ဦးမောင်ဘို၊ ဦးရဲမြင့်၊ ဦးကျော်ဝင်းတို့ဖြင့် ဖွဲ့စည်းရန် ကြံရွယ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော်လည်း ဒုတိယ ဥက္ကဋ္ဌ လုပ်ရမည့်သူက ထိုအဖွဲ့ ဖွဲ့စည်းရေးကို ဆန့်ကျင်လိုက်သောအခါ ပြည်သူများ မသိလိုက်သော အဖွဲ့အစည်း တစ်ခုသည် မဖွဲ့စည်းမီ ပြည်ဖုံးကားချ ဇာတ်သိမ်းသွားရပေတော့သတည်း။

လက်စောင်းထက်
..............
ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအးေၾကာင့္ အေကာင္အထည္ မေပၚခဲ့ေသာ အတိုင္ပင္ခံ ေကာင္စီ (သို႔) ႀကိဳးလြတ္သြားေသာ ႐ုပ္ေသးဆရာ - လက္ေစာင္းထက္

၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပံု အေျခခံ ဥပေဒအရ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ၏ အခန္းက႑ မပါေတာ့သလို ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအး၏ အခန္းက႑လည္း မပါေတာ့သျဖင့္ ျပည္သူမ်ားေရာ ျပည္တြင္း ျပည္ပမွ ႏိုင္ငံေရး ေလ့လာသူမ်ားကပါ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ တစ္ေယာက္ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအးကို အပါ ဆြဲေခၚၿပီး ႏိုင္ငံေရးေလာကထဲမွ ထြက္ခြာသြားၿပီဟု ယံုၾကည္ခဲ့ၾကသည္။ သို႔ေသာ္ အျဖစ္မွန္မွာ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအးေၾကာင့္ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊသည္ ေနာက္ကြယ္မွ အာဏာကို ဆက္လက္ခ်ဳပ္ကိုင္မည့္ အစီအစဥ္ ပ်က္ျပားခဲ့ရသည္ကိုမူ သိရွိသူ နည္းေပလိမ့္မည္။

ေနျပည္ေတာ္ရွိ ႐ံုးအမွတ္ ၃၇ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း ၀န္ႀကီး႐ံုး သြားရာလမ္းအနီး လမ္းေထာင့္တြင္ ေဆာက္ထားေသာ ေျမေအာက္ ကားရပ္နားကြင္းမ်ားပါ ပါသည့္ အေဆာက္အဦ တစ္ခုက မေအာင္ျမင္ခဲ့ေသာ ဇာတ္ကြက္ တစ္ခုအတြက္ သက္ေသပင္ျဖစ္သည္။ ၂၀၁၀ ေရြးေကာက္ပြဲ အၿပီးတြင္ တက္လာမည့္ ႀကံ႕ခိုင္ေရး အစိုးရ အဖြဲ႕ကို ေနာက္ကြယ္မွ ဆက္လက္ထိန္းခ်ဳပ္ရန္ ထိုအေဆာက္အဦကို ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ဇာတ္ၫႊန္းအတိုင္း အေကာင္အထည္ ေပၚခဲ့ပါက အစိုးရ ဖြဲ႕ၿပီးသည္ႏွင့္ သမၼတ၏ အခြင့္အာဏာျဖင့္ အတိုင္ပင္ခံ ေကာင္စီကို ဖြဲ႕ခဲ့ေပလိမ့္မည္။ ထို႐ံုးတြင္ သမၼတ အတိုင္ပင္ခံ ေကာင္စီဟူေသာ ဆိုင္းဘုတ္တစ္ခုက ယခုအခ်ိန္အထိ ခန္႔ညားထယ္၀ါစြာ ရွိေနေပလိမ့္မည္။ ဇာတ္ၫႊန္း လြဲမွားခဲ့သျဖင့္ ထိုအတိုင္ပင္ခံ ေကာင္စီအစား သမၼတ အႀကံေပးအဖြဲ႕သာ ဖြဲ႕စည္းလိုက္ရၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊတစ္ေယာက္ စာဖတ္သူႀကီး ဘ၀ ေရာက္ခဲ့ရသည္။ သမၼတ၏ ေနာက္ကြယ္မွ သူ၏တိုင္းျပည္ကို ဆက္လက္ ႀကိဳးကိုင္ရန္ ႀကံစည္ထားမႈလည္း လူမသိသူမသိ ဇာတ္သိမ္းခဲ့ရသည္။ အဆိုပါ အေဆာက္အဦမွာလည္း အေစာင့္အေရွာက္ အနည္းငယ္ျဖင့္ တံခါးပိတ္ထားရေသာ မည္သူမွ မသံုးသည့္ (မသံုးရဲသည့္) အေဆာက္အဦဘ၀ ေရာက္ခဲ့ရသည္။

အခ်ိန္ယူ ေရးဆြဲထားေသာ  ဇာတ္ၫႊန္းကို ဖ်က္ခဲ့သူမွာ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအးျဖစ္သည္။ တပ္မေတာ္တြင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လိႈင္ကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္ စိုး၀င္းကို ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ခန္႔အပ္ကာ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊႏွင့္ ဒုတိယ ဗိုလ္ခ်ဳပ္မွဴး ႀကီးေမာင္ေအးတို႔ တပ္မေတာ္မွ အနားယူသည့္ စစ္ရာထူးခန္႔ခ်ဳပ္႐ံုး၏ အထူးအမိန္႔ ထြက္သည့္ေန႔တြင္ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအးသည္ သူ႔၏အေစာင့္အေရွာက္ အားလံုးကို သက္ဆိုင္ရာ တပ္အသီးသီးသို႔ ျပန္လႊတ္လိုက္သည္။ ထို႔အျပင္ ေနာက္တစ္ေန႔တြင္ အိမ္ေတာ္ပါ လူယံုမ်ားကိုလည္း သူေမြးထားေသာ ႏြားမ်ားအပါအ၀င္ ပစၥည္းမ်ားကို ေ၀ျခမ္းေပးၿပီး လိုရာသြားခြင့္ျပဳလိုက္သည္ တတိယေန႔တြင္ ဦးေမာင္ေအးသည္ ကန္႔ဘလူရွိ သူတို႔မိသားစု တည္ထားေသာ ဘုရားသို႔ သြားေရာက္ၿပီး ရဟန္းေဘာင္ ၀င္လိုက္ေတာ့သည္။ ႏွစ္ပတ္ရဟန္း ၀တ္ၿပီးေသာအခါ ပူတာအိုသို႔ ႏွစ္ပတ္ သြားေရာက္ လည္ပတ္ျပန္သည္။ ထိုမွတစ္ဖန္ ျပင္ဦးလြင္တြင္ ႏွစ္ပတ္၊ လား႐ိႈးတြင္ ႏွစ္ပတ္၊ မူဆယ္တြင္ ႏွစ္ပတ္ေနၿပီး ေနျပည္ေတာ္သို႔ လံုး၀လည္း ျပန္မလာသလို အဆက္အသြယ္လည္း မလုပ္ေတာ့ေပ။ သူႏွင့္ရင္းႏွီးသူမ်ားကို ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအး ေျပာခဲ့ေသာ စကားတစ္ခြန္းမွာ မည္သည့္မီဒီယာမွ မသိခဲ့သျဖင့္ သမိုင္းမတြင္ခဲ့ေသာ္လည္း သမိုင္း၀င္ေလာက္သည့္ စကားျဖစ္သည္။ မလႊဲမေရွာင္သာလို႔ သမိုင္းမွာ တစ္ခါမွားခဲ့ရၿပီးၿပီ။ ေနာက္ထပ္ေတာ့ သမိုင္းမွာ အမွား မခံႏိုင္ေတာ့ဘူးဟု အတိုင္ပင္ခံ ေကာင္စီတြင္ မပါ၀င္လိုသည့္ အျပင္ ထိုေကာင္စီ ဖြဲ႕စည္းေရးကိုပါ ဆန္႔က်င္လိုက္သည့္ စကားကို သူ႔တပည့္မ်ားသို႔ ေျပာခဲ့သည္။ ထို႔ေနာက္ အေျပာႏွင့္အလုပ္ ညီစြာပင္ ေနျပည္ေတာ္မွေ၀းရာသို႔ ထြက္ခြာသြားခဲ့သည္။

ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ အေနျဖင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေအးမပါပဲ အတိုင္ပင္ခံ ေကာင္စီကို ဖြဲ႕စည္းခဲ့ပါက သူ႔အေပၚ အာဏာမက္လြန္းသူဟု တစ္ႏိုင္ငံလံုး၏ လက္ၫိႈးထိုး ခံရမည္ကို သိသျဖင့္ ေခ်ာ္လဲေရာထိုင္ အျဖစ္ အတိုင္ပင္ခံ ေကာင္စီ ဖြဲ႕စည္းေရးကို လက္ေလွ်ာ့ခဲ့ျခင္း ျဖစ္သည္။ ထို႔အျပင္ ဗိုလ္ခ်ဳပ္ႀကီး သန္းေရႊသည္ အမ်ားမႏွစ္သက္မည့္ သူလုပ္လိုသည့္ ကိစၥမ်ားကို ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအး လုပ္သေယာင္ အသံလႊင့္ၿပီး အေကာင္အထည္ေဖာ္ေလ့ရွိသည္။ ယခု ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး ေမာင္ေအး မပါသည့္အခါ လုပ္သမွ်သည္ သူ႔လက္ခ်က္ဆိုသည္ကို လူအားလံုးက သိျမင္သြားလွ်င္ ေညာင္ျမစ္တူးရာမွ ပုတ္သင္ဥေပၚမည့္ကိန္း ဆိုက္ေပလိမ့္မည္။ အမွန္စင္စစ္ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊသည္ ဖြဲ႕စည္းပံု အေျခခံ ဥပေဒတြင္ မပါေသာ္လည္း အာဏာကို ေနာက္ကြယ္မွ ဆက္လက္ခ်ဳပ္ထိန္းထားရန္ စနစ္တက် ႀကံစည္ထားခဲ့ျခင္း ျဖစ္သည္။ အကယ္၍သာ အတိုင္ပင္ခံ ေကာင္စီ ဖြဲ႕စည္းျဖစ္ခဲ့ပါက ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊသည္ အစိုးရ အဖြဲ႕ကို လိုသလို ႀကိဳးဆြဲေနေပလိမ့္ဦးမည္။ လႊတ္ေတာ္မွာလည္း ႀကံ႕ခိုင္ေရး အမတ္ အမ်ားစု ျဖစ္သျဖင့္ သူ႔ကို အာခံရဲမည္ မဟုတ္။ ထိုအခါ ႐ုပ္ျပအစိုးရႏွင့္ ႐ုပ္ျပလႊတ္ေတာ္သာ ျဖစ္ေနၿပီး အာဏာအ၀၀မွာ သူ႔လက္တြင္းတြင္သာ ရွိေနေပလိမ့္မည္။ သမီးေတာ္မ်ားကလည္း ယခင္ကအတိုင္း ေပ်ာ္ဆဲ ေမာ္ဆဲ ျဖစ္ေပလိမ့္မည္။

ထိုဖြဲ႕စည္းမည့္ အတိုင္ပင္ခံ ေကာင္စီတြင္ ဥကၠ႒၊ ဒုဥကၠ႒ႏွင့္ အဖြဲ႕၀င္သံုးဦး စုစုေပါင္း ငါးဦးျဖင့္ ဖြဲ႕စည္းရန္ အစီအစဥ္ရွိသည္။ ဥကၠ႒ေနရာ အတြက္ ဦးသန္းေရႊ၊ ဒုဥကၠ႒ေနရာ အတြက္ ဦးေမာင္ေအးတို႔ျဖစ္ၿပီး အဖြဲ႕၀င္သံုးဦးကို အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးမ်ားျဖစ္ေသာ ဦးေမာင္ဘို၊ ဦးရဲျမင့္၊ ဦးေက်ာ္၀င္းတို႔ျဖင့္ ဖြဲ႕စည္းရန္ ႀကံရြယ္ခဲ့ေၾကာင္း စံုစမ္းသိရွိရသည္။ သို႔ေသာ္လည္း ဒုတိယ ဥကၠ႒ လုပ္ရမည့္သူက ထိုအဖြဲ႕ ဖြဲ႕စည္းေရးကို ဆန္႔က်င္လိုက္ေသာအခါ ျပည္သူမ်ား မသိလိုက္ေသာ အဖြဲ႕အစည္း တစ္ခုသည္ မဖြဲ႕စည္းမီ ျပည္ဖံုးကားခ် ဇာတ္သိမ္းသြားရေပေတာ့သတည္း။

လက္ေစာင္းထက္
http://www.tomorrow.com.mm/?q=articles%2F1721

No comments:

Post a Comment