Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 6, 2016

အလုပ်သမားများ၏ အချိန်ပိုဆင်းချိန် လိမ်လည်တင်ပြပါက ကျပ်သိန်း ၂၀ ဒဏ်ရိုက်မည်

ရန်ကုန်၊ ဧပြီ ၄
စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းပိုင်ရှင်များ၊ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနှင့် အစိုးရက သတ်မှတ်ထားသည့် အလုပ်ချိန်ပြင်ပ အချိန်ပိုခိုင်းစေလိုပါက အချိန်ပိုအလုပ်ချိန်နာရီကို တိကျမှန်ကန်စွာ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ဒဏ်ငွေကျပ်သိန်း ၂ဝ ပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။
“ဥပဒေပြင်ပြီးနောက် ပြစ်ဒဏ်တွေကို ဂရုစိုက်ပါ။ဒဏ်ကြေးက အရင် ကျပ်သုံးသောင်းလောက်ပဲရှိတာ။အခု သိန်း ၂ဝ ဖြစ်နေပြီ။ အလုပ်ရှင်တွေဘက်က အချိန်ပိုကို အတိကျ မတင်ပြတာတွေရှိတယ်။ ဒါကို လိမ်တင်ပြလို့ အရေးယူတာရှိပါတယ်”ဟု အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်ဝင်းက ဆိုသည်။
ဧပြီလ ၄ ရက်၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ အလုပ်သမားဥပဒေရေးရာ အသိပညာပေး ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
၁၉၅၁ ခုနှစ်အလုပ်ရုံများ အက်ဥပဒေကို ၂ဝ၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး ဥပဒေတွင် အလုပ်ရှင်များသည် အချိန်ပို လုပ်ကိုင်လိုလျှင် ဦးစီးဌာနသို့ ကြိုတင် ခွင့်ပြုချက်ယူရန်၊ ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း အချိန်ပို ခိုင်းစေရန်၊ အချိန်ပိုနာရီ တစ်ပတ်လျှင် ၁၂ နာရီထက် မပိုစေရန်၊အလုပ်သမားတစ်ဦးလျှင် တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီနှင့်တစ်ပတ်လျှင် အလုပ်ချိန် ၄၈ နာရီ သတ်မှတ်ထားကြောင်း ၂ဝ၁၆ ခုနှစ် ဆိုင်များနှင့်အလုပ် ဌာနများဥပဒေတွင် ဖော်ပြပါရှိသည်။
“ဥပဒေအသစ်ပြန်ပြင်ပြီးမှ အချိန်ပိုအလုပ်ချိန်ကို လိမ်လည်တင်ပြလို့ ဒဏ်ကြေး သိန်း ၂ဝ စီ အရေးယူဒဏ်ရိုက် လိုက်တယ်။ ပြစ်မှုကျူးလွန်တဲ့သူက မင်္ဂလာဒုံစက်မှုဇုန်ကပဲ အလုပ်ဌာန သုံးခုပါ” ဟု ဦးသူရိန်ဝင်းက ဆိုသည်။
အလုပ်ရုံမန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်သည် ၂ဝ၁၆ ခုနှစ် အလုပ်ရုံများ အက်ဥပဒေပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ပါက ပုဒ်မ-၈၅ အရ သုံးလထက်မပိုသော ထောင်ဒဏ်နှင့်ကျပ် သိန်း ၂ဝ အောက်မနည်းသော ငွေဒဏ်ကို ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
The voice
.......................
အလုပ္သမားမ်ား၏ အခ်ိန္ပုိဆင္းခ်ိန္ လိမ္လည္တင္ျပပါက က်ပ္သိန္း ၂၀ ဒဏ္ရုိက္မည္
--------------------------------------
ရန္ကုန္၊ ဧၿပီ ၄
စက္႐ုံ၊ အလုပ္႐ုံႏွင့္ ကုမၸဏီလုပ္ငန္းပိုင္ရွင္မ်ား၊ပုဂၢလိကလုပ္ငန္းရွင္မ်ားအေနႏွင့္ အစိုးရက သတ္မွတ္ထားသည့္ အလုပ္ခ်ိန္ျပင္ပ အခ်ိန္ပိုခိုင္းေစလိုပါက အခ်ိန္ပိုအလုပ္ခ်ိန္နာရီကို တိက်မွန္ကန္စြာ အလုပ္႐ုံႏွင့္အလုပ္သမား ဥပေဒ စစ္ေဆးေရးဦးစီးဌာနသို႔ တင္ျပရမည္ျဖစ္ၿပီး ဥပေဒပါ ျပ႒ာန္းခ်က္ကို ေဖာက္ဖ်က္ပါက ဒဏ္ေငြက်ပ္သိန္း ၂ဝ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း အဆိုပါဦးစီးဌာနထံမွ သိရသည္။
“ဥပေဒျပင္ၿပီးေနာက္ ျပစ္ဒဏ္ေတြကို ဂ႐ုစိုက္ပါ။ဒဏ္ေၾကးက အရင္ က်ပ္သုံးေသာင္းေလာက္ပဲရွိတာ။အခု သိန္း ၂ဝ ျဖစ္ေနၿပီ။ အလုပ္ရွင္ေတြဘက္က အခ်ိန္ပိုကို အတိက် မတင္ျပတာေတြရွိတယ္။ ဒါကို လိမ္တင္ျပလို႔ အေရးယူတာရွိပါတယ္”ဟု အလုပ္သမားဥပေဒ စစ္ေဆးေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသူရိန္ဝင္းက ဆိုသည္။
ဧၿပီလ ၄ ရက္၊ လိႈင္သာယာစက္မႈဇုန္ စီမံခန္႔ခြဲေရးေကာ္မတီ႐ုံး၊ ကေနာင္ခန္းမ အလုပ္သမားဥပေဒေရးရာ အသိပညာေပး ေဆြးေႏြးပြဲတြင္ ၎က အထက္ပါအတိုင္း ေျပာၾကားျခင္းျဖစ္သည္။
၁၉၅၁ ခုႏွစ္အလုပ္႐ုံမ်ား အက္ဥပေဒကို ၂ဝ၁၆ ခုႏွစ္တြင္ ျပင္ဆင္ခဲ့ၿပီး ဥပေဒတြင္ အလုပ္ရွင္မ်ားသည္ အခ်ိန္ပို လုပ္ကိုင္လိုလွ်င္ ဦးစီးဌာနသို႔ ႀကိဳတင္ ခြင့္ျပဳခ်က္ယူရန္၊ ဝန္ႀကီးဌာနက သတ္မွတ္ထားသည့္ စည္းကမ္းအတိုင္း အခ်ိန္ပို ခိုင္းေစရန္၊ အခ်ိန္ပိုနာရီ တစ္ပတ္လွ်င္ ၁၂ နာရီထက္ မပိုေစရန္၊အလုပ္သမားတစ္ဦးလွ်င္ တစ္ရက္လွ်င္ အလုပ္ခ်ိန္ ရွစ္နာရီႏွင့္တစ္ပတ္လွ်င္ အလုပ္ခ်ိန္ ၄၈ နာရီ သတ္မွတ္ထားေၾကာင္း ၂ဝ၁၆ ခုႏွစ္ ဆိုင္မ်ားႏွင့္အလုပ္ ဌာနမ်ားဥပေဒတြင္ ေဖာ္ျပပါရွိသည္။
“ဥပေဒအသစ္ျပန္ျပင္ၿပီးမွ အခ်ိန္ပိုအလုပ္ခ်ိန္ကို လိမ္လည္တင္ျပလို႔ ဒဏ္ေၾကး သိန္း ၂ဝ စီ အေရးယူဒဏ္႐ိုက္ လိုက္တယ္။ ျပစ္မႈက်ဴးလြန္တဲ့သူက မဂၤလာဒုံစက္မႈဇုန္ကပဲ အလုပ္ဌာန သုံးခုပါ” ဟု ဦးသူရိန္ဝင္းက ဆိုသည္။
အလုပ္႐ုံမန္ေနဂ်ာႏွင့္ လုပ္ငန္းပိုင္ရွင္သည္ ၂ဝ၁၆ ခုႏွစ္ အလုပ္႐ုံမ်ား အက္ဥပေဒပါျပ႒ာန္းခ်က္ကို ေဖာက္ဖ်က္ ပါက ပုဒ္မ-၈၅ အရ သုံးလထက္မပိုေသာ ေထာင္ဒဏ္ႏွင့္က်ပ္ သိန္း ၂ဝ ေအာက္မနည္းေသာ ေငြဒဏ္ကို ျပစ္ဒဏ္ခ်မွတ္ႏိုင္ေၾကာင္း အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာနထံမွ သိရသည္။
The voice

No comments:

Post a Comment