Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 19, 2016

ရဝမ္ရုိးရာ မေနာပြဲေတာ္ စတင္က်င္းပ

ရ၀မ္ တိုင္းရင္းသူမ်ား
ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕ ဒုတၳန္ရပ္ကြက္မွာ ၅ ရက္ၾကာက်င္းပမယ့္ "ဒဘူအဇီးေခါင္" လို႔ေခၚတဲ႔ ႏိုင္ငံလံုးဆိုင္ရာ ရဝမ္တိုင္းရင္းသားရိုးရာ မေနာပြဲေတာ္ကို ဒီေန႔ စတင္ က်င္းပပါတယ္။

တစ္ႏုိင္ငံလံုးက ရဝမ္လူမ်ိဳးေတြရဲ႕ စည္းလံုးညီညႊတ္မႈကိုျပတဲ့ ရိုးရာမေနာပြဲေတာ္ ျဖစ္တယ္လို႔ ပြဲေတာ္ကို တက္ေရာက္ေနတဲ့ ကခ်င္ျပည္နယ္အစိုးရအဖဲြ႔ ရဝမ္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးရမ္နန္းဖုန္က ေျပာပါတယ္။

"ပြဲေတာ္ရဲ႕နာမည္ကေတာ့ ဒဘူအဇီးေခါင္လို႔ ေခၚတယ္၊ ဝမ္းေျမာက္ဝမ္းသာျခင္းနဲ႔ အကပြဲလို႔ အဓိပၸါယ္ ရပါတယ္၊ ရဝမ္လူမ်ိဳးတို႔ရဲ႕စည္းလံုးညီညြတ္ျခင္းရဲ႕အားမာန္ကိုျပတဲ့ အဓိကရည္ရြယ္ခ်က္ျဖစ္ပါတယ္၊ ရဝမ္လူမ်ိဳးေတြရဲ႕ရိုးရာမေနာပြဲလို႔ ေခၚပါတယ္၊ ဒီျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ရဝမ္ေတြစုစည္းၿပီးမွ လုပ္တဲ့ပြဲျဖစ္တဲ့အတြက္ေၾကာင့္ ထူးျခားဆံုး၊ အႀကီးက်ယ္ဆံုးလို႔လဲ ေျပာလို႔ရပါတယ္"

ပြဲေတာ္က်င္းပတဲ႔ ရဝမ္ရိုးရာ မေနာကြင္းမွာ ဒီေန႔မနက္က ဆုေတာင္းပြဲျပဳလုပ္ခဲ႔ၿပီး မနက္ျဖန္မွာ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ နဲ႔ လႊတ္ေတာ္ဥကၠ႒တို႔က ပဲြေတာ္ကို တက္ေရာက္ဖြင့္လွစ္ေပးမွာ ျဖစ္ပါတယ္။ ရ၀မ္တုိင္းရင္းသားရိုးရာ မေနာပဲြေတာ္ကို လာမယ့္ ဧၿပီလ ၂၃ ရက္ေန႔အထိ က်င္းပမွာျဖစ္ပါတယ္။

အဲ႔ဒီ ရိုးရာမေနာပြဲေတာ္ကို ျမစ္ႀကီးနား၊ တႏိုင္း၊ ဝိုင္းေမာ္၊ ပူတာအို စတဲ့ၿမိဳ႕နယ္ေတြနဲ႔ ျမန္မာႏုိင္ငံအႏံ႔ွမွာ ေနထိုင္ တဲ့ ရဝမ္တိုင္းရင္းသားေတြ တက္ေရာက္ၾကပါတယ္။

ကခ်င္မ်ိဳးႏြယ္စု ၆ ခုထဲမွာပါတဲ့ ရဝမ္ တိုင္းရင္းသားေတြဟာ မခ်မ္းေဘာ၊ ေခါင္လန္ဖူး စတဲ့ ပူတာအိုခရိုင္အတြင္းမွာ အမ်ားဆံုးေနထိုင္ၾကၿပီး အခုလို "ဒဘူအဇီးေခါင္" ရိုးရာမေနာပြဲကို လြန္ခဲ့တဲ့၂၀၀၀ ခုႏွစ္က တစ္ႀကိမ္က်င္းပခဲ့ ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.......................................


ရဝမ် တိုင်းရင်းသူများ
ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်မှာ ၅ ရက်ကြာကျင်းပမယ့် "ဒဘူအဇီးခေါင်" လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ရဝမ်တိုင်းရင်းသားရိုးရာ မနောပွဲတော်ကို ဒီနေ့ စတင် ကျင်းပပါတယ်။

တစ်နိုင်ငံလုံးက ရဝမ်လူမျိုးတွေရဲ့ စည်းလုံးညီညွှတ်မှုကိုပြတဲ့ ရိုးရာမနောပွဲတော် ဖြစ်တယ်လို့ ပွဲတော်ကို တက်ရောက်နေတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရမ်နန်းဖုန်က ပြောပါတယ်။

"ပွဲတော်ရဲ့နာမည်ကတော့ ဒဘူအဇီးခေါင်လို့ ခေါ်တယ်၊ ဝမ်းမြောက်ဝမ်းသာခြင်းနဲ့ အကပွဲလို့ အဓိပ္ပါယ် ရပါတယ်၊ ရဝမ်လူမျိုးတို့ရဲ့စည်းလုံးညီညွတ်ခြင်းရဲ့အားမာန်ကိုပြတဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်၊ ရဝမ်လူမျိုးတွေရဲ့ရိုးရာမနောပွဲလို့ ခေါ်ပါတယ်၊ ဒီမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရဝမ်တွေစုစည်းပြီးမှ လုပ်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် ထူးခြားဆုံး၊ အကြီးကျယ်ဆုံးလို့လဲ ပြောလို့ရပါတယ်"

ပွဲတော်ကျင်းပတဲ့ ရဝမ်ရိုးရာ မနောကွင်းမှာ ဒီနေ့မနက်က ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး မနက်ဖြန်မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့က ပွဲတော်ကို တက်ရောက်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ရဝမ်တိုင်းရင်းသားရိုးရာ မနောပွဲတော်ကို လာမယ့် ဧပြီလ ၂၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

အဲ့ဒီ ရိုးရာမနောပွဲတော်ကို မြစ်ကြီးနား၊ တနိုင်း၊ ဝိုင်းမော်၊ ပူတာအို စတဲ့မြို့နယ်တွေနဲ့ မြန်မာနိုင်ငံအနှံ့မှာ နေထိုင် တဲ့ ရဝမ်တိုင်းရင်းသားတွေ တက်ရောက်ကြပါတယ်။

ကချင်မျိုးနွယ်စု ၆ ခုထဲမှာပါတဲ့ ရဝမ် တိုင်းရင်းသားတွေဟာ မချမ်းဘော၊ ခေါင်လန်ဖူး စတဲ့ ပူတာအိုခရိုင်အတွင်းမှာ အများဆုံးနေထိုင်ကြပြီး အခုလို "ဒဘူအဇီးခေါင်" ရိုးရာမနောပွဲကို လွန်ခဲ့တဲ့၂၀၀၀ ခုနှစ်က တစ်ကြိမ်ကျင်းပခဲ့ ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment