Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 19, 2016

လိပ္ကြ်န္းလူသတ္မႈအယူခံ ေနာက္ထပ္တလ တရား႐ုံးခြင့္ျပဳ


ထိုင္းႏုိင္ငံ ေကာ့ေတာင္ အပန္းေျဖကၽြန္းလို႔ေခၚတဲ့ လိပ္ကၽြန္းမွာ ၿဗိတိသွ်လူငယ္ ၂ ဦး သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္လုိ႔ ထုိင္းတရား႐ံုးက ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေသဒဏ္ေပးျခင္းခံရတဲ့ ျမန္မာေရြႊ႕ေျပာင္း လူငယ္ ၂ ဦးအတြက္ အယူခံကုိ ၅ ႀကိမ္ေျမာက္အျဖစ္ ေနာက္ထပ္တလ ရက္ထပ္တိုးေပးဖို႔ ျမန္မာသံ႐ံုးနဲ႔အတူ ထုိင္းေရွ႕ေနမ်ားေကာင္စီမွ တရားခံေတြရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြကေန ဧၿပီလ ၁၉ ရက္ေန႔က ေလွ်ာက္ထားရာမွာ ထုိင္းအယူခံတရား႐ံုးက ခြင့္ျပဳလိုက္ပါတယ္။ အျပည့္အစံုကို ဗြီအုိေအသတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏုိင္ငံ ေကာ့ေတာင္ အပန္းေျဖကၽြန္းလို႔ေခၚတဲ့ လိပ္ကၽြန္းမွာ ၿဗိတိသွ်လူငယ္ ၂ ဦး သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္လုိ႔ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းလုပ္သား ၂ ဦးကို ထုိင္းတရား႐ံုးက ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေသဒဏ္ခ်ၿပီးတ့ဲ ေနာက္မွာေတာ့ သူတို႔အတြက္ အယူခံကုိ တလခ်င္းအလိုက္ ရက္တုိးေပးဖို႔ ေတာင္းဆုိခဲ့ရာမွာ ၅ လေျမာက္အျဖစ္ ထုိင္းအယူခံတရား႐ံုးက ခြင့္ျပဳေပးခဲ့တာပါ။

တရားခံအျဖစ္ စြပ္စဲြခံထားရသူေတြကို စစ္ေဆးေမးျမန္းဖို႔အတြက္ အက်ဥ္းေထာင္တြင္းမွာ ျမန္မာနဲ႔ ထုိင္းတတ္ကၽြမ္းသူေတြကို ဘာသာျပန္ႏိုင္ဖို႔အတြက္ သူ႔ကုိ ဘန္ခ၀မ္အက်ဥ္းေထာင္ကေန ခြင့္မျပဳခဲ့တာေၾကာင့္ တရားခံေတြရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြဘက္က စစ္ေဆးေမးျမန္းမႈေတြ ထပ္လုပ္ႏိုင္ဖို႔အတြက္ ေနာက္ထပ္ ရက္တိုးရႏုိင္ဖို႔ စိီစဥ္ခဲ့တာပါ။ လာမယ့္ ေမလ ၂၃ ရက္ေန႔ထိ အယူခံေလွ်ာက္ႏိုင္ဖို႔ ထပ္တုိးၿပီး ခြင့္ျပဳခ့ဲရတဲ့အေျခအေနနဲ႔ ပတ္သက္လို႔ တရားခံေတြရဲ႕ အက်ိဳးေဆာင္ေရွ႕ေနလည္းျဖစ္တဲ့ ဦးေအာင္မ်ိဳးသန္႔ က အခုလို ေျပာပါတယ္။

“၂၃ ရက္ ၅ လ ၂၀၁၆ အထိ ၁ လ ရက္ထပ္တုိးရပါတယ္ခင္ဗ်။ အခုကေတာ့ အယူခံတင္ဖို႔ရက္ ထပ္တိုးေတာင္းတာေတာ့ ဒါနဲ႔ဆုိ ၅ ႀကိမ္ေျမာက္ေပါ့။ ၿပီးခဲ့တဲ့တပတ္တုန္းက ေရွ႕ေနမ်ားေကာင္စီနဲ႔ ဘာသာျပန္နဲ႔ အယူခံနဲ႔ ပတ္သက္တဲ့ တခ်ိဳ႕ အေၾကာင္းအရာေလးေတြကို တရားခံေတြနဲ႔ ေမးခ်င္တယ္ဆုိၿပီးေတာ့ ဘန္ခ၀မ္ေထာင္ကို သြားၾကပါတယ္။ အဲ့လိုသြားတဲ့အခ်ိန္မွာ ဘန္ခ၀မ္ေထာင္က တာ၀န္ရွိတဲ့ လူႀကီးေတြကေနၿပီးေတာ့ ထုိင္းေရွ႕ေနေတြကိုေတာ့ ေပး၀င္ခြင့္ျပဳၿပီးေတာ့ ဗမာဘာသာျပန္ကိုေတာ့ ေပး၀င္ခြင့္ မျပဳခဲ့ပါဘူး။ အဲ့လိုမျပဳတဲ့အတြက္လည္း စာတင္ခဲ့တယ္။ ထုိင္းေရွ႕ေနမ်ားေကာင္စီကေနၿပီးေတာ့ စတင္ခဲ့တာလည္း ရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ အဲ့လိုဟာက်ေတာ့ ကေလးေတြဆီမွာ ေမးမယ့္ဟာက ဗမာဘာသာကို ထုိင္းေရွ႕ေနမ်ားေကာင္စီနဲ႔ တိုက္႐ိုက္ ဘယ္လိုမွ မသိႏုိင္တ့ဲအတြက္ ဒါေၾကာင့္ ဘာသာျပန္ကိုေခၚတာကို ခြင့္မျပဳတဲ့အတြက္ေၾကာင့္မို႔ အဲဒီတုန္းက ေဆာင္ရြက္ရမယ့္ အခ်က္ေတြအားလံုးက ေဆာင္ရြက္ျခင္းမရွိႏုိင္ဘူး။ ဒါေၾကာင့္မို႔လို႔လဲ အခုလို အယူခံအခ်ိန္မွာ အခ်ိန္မီ မတင္ႏုိင္ဘူးဆုိတာ ျဖစ္သြားတာပါ။”

အယူခံတရား႐ံုးကေတာ့ ဒီလို အယူခံဖုိ႔ရက္ကို ထပ္တုိးေတာင္းဆုိမႈနဲ႔ ပတ္သက္လို႔ ေနာက္ဆံုးအႀကိမ္အျဖစ္ ခြင့္ျပဳခဲ့တယ္လုိ႔လည္း ဆက္ေျပာျပပါတယ္။

“တရား႐ံုးကလည္း ေျပာလိုက္ပါတယ္။ ဒီဟာက ေနာက္ဆံုးအႀကိမ္ ခြင့္ျပဳတာပါလို႔လည္း ေျပာလိုက္ပါတယ္။ ဒါေပမဲ့ အန္ကယ္လ္တို႔ဘက္က တင္ျပတဲ့ အေၾကာင္းရင္းကလည္း ခုနက ေျပာသလိုပါပဲ အခု ဒီလို ထပ္ၿပီး ရက္တုိးေတာင္းရျခင္း အေၾကာင္းရင္းဟာ ဥပေဒအရ ဘာသာျပန္ ေခၚသြားခြင့္ရွိတဲ့ကိစၥကို ေထာင္ကေနၿပီးေတာ့ ေခၚခြင့္မျပဳ ဘဲနဲ႔ တားဆီးတဲ့အတြက္ေၾကာင့္ လိုအပ္တဲ့အခ်က္ေတြ ေတာင္းဆိုလို႔မရခဲ့ဘူး။ ေဆြးေႏြးခြင့္မရခဲ့ဘူး။ ဒါေၾကာင့္မုိ႔လည္း ဒီလို ထပ္ၿပီးေတာ့ အယူခံေတာင္းတယ္လို႔ တင္ျပထားတာကိုး။ ဒါေၾကာင့္ တရား႐ံုးက လက္ခံတာပါ။ အဲဒါက အယူခံတရား႐ံုးေပါ့။”

အခုအယူခံရက္ ေနာက္ထပ္တလ တိုးရတဲ့အတြက္ တရားခံေတြျဖစ္တဲ့ ျမန္မာလူငယ္ ၂ ဦးကို စစ္ေဆးေမးျမန္းဖို႔အတြက္ ဘန္ခ၀မ္အက်ဥ္းေထာင္ကုိ ထပ္မံသြားေရာက္ဖုိ႔ ရွိေနၿပီး အက်ဥ္းေထာင္က ခြင့္ျပဳ မျပဳ အေျခအေနေတြေတာ့ မသိရေသးဘူးလို႔ ဆုိပါတယ္။

“အဲဒီအခါမွာ ဘာသာျပန္ေခၚၿပီးေတာ့ သြားမယ္။ ဒီတႀကိမ္လည္း တားဦးမလား၊ မတားဘူးလားေတာ့ မသိဘူး။ ဒါေပမဲ့ သက္ဆုိင္ရာေတြကိုေတာ့ ေရွ႕ေနမ်ားေကာင္စီက စာတင္ၿပီးပါၿပီ။ ဒီလိုမျဖစ္သင့္ဘူး၊ ဒါ ထုိင္းလူမ်ိဳးမဟုတ္ဘူး။ ဗမာတရားခံျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဗမာတရားခံတေယာက္ကို စကားေျပာဖို႔ဟာမွာ ဘာသာျပန္လိုတယ္ဆိုတဲ့အေၾကာင္းကို သူတုိ႔ကို တင္ျပၿပီးေတာ့ စာေရးထားပါၿပီ။”

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ခန္႔မွန္းေခ် ၄,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ လိပ္ကၽြန္းမွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔က လူသတ္မႈျဖစ္ပြားၿပီး ရက္ပိုင္းအတြင္းမွာပဲ ဖမ္းဆီးခံခဲ့ရတဲ့ ျမန္မာလူငယ္ ၂ ေယာက္ကေတာ့ သတ္ျဖတ္မႈက်ဳးလြန္ေၾကာင္း အေစာပုိင္းမွာေတာ့ ၀န္ခံေျပာဆုိခဲ့ေပမဲ့ ေနာက္ပုိင္းမွာေတာ့ ရဲေတြရဲ႕ ႏွိပ္စက္မႈေၾကာင့္ ေျဖာင့္ခ်က္ေပးခဲ့တာ ျဖစ္တဲ့အေၾကာင္း တရား႐ုံးမွာ ထြက္ဆုိခဲ့တာပါ။ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလကုန္ပိုင္းမွာ လူသတ္မႈနဲ႔ တရားစဲြဆုိခံခဲ့ရတဲ့ ျမန္မာလူငယ္ ၂ ဦးကိုေတာ့ တႏွစ္ေက်ာ္ၾကာ ထုိင္းႏိုင္ငံ ေကာ့စေမြ အက်ဥ္းေထာင္မွာ ဖမ္းဆီးထားၿပီး အခုေနာက္ဆုံး တရား႐ံုးကေန အမႈ ၇ မႈနဲ႔ အျမင့္ဆံုးျပစ္ဒဏ္အျဖစ္ ေသဒဏ္ေပးခဲ့ၿပီး ဘန္ခ၀မ္အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားပါတယ္။ သူတုိ႔လြတ္ေျမာက္ေရးနဲ႔ တရားမွ်တစြာ စီရင္ႏုိင္ဖို႔အတြက္ ျမန္မာႏိုင္ငံတ၀ွမ္း ဆႏၵျပပဲြေတြ အႀကီးအက်ယ္ ျဖစ္ပြားခဲ့ၿပီး ရခိုင္ျပည္နယ္တြင္းက ၿမိဳ႕နယ္ ၁၅ ၿမိဳ႕ကလည္း လူထုအင္အား ၁ သိန္းခန္႔ ထုိင္းဘုရင္မင္းျမတ္နဲ႔ ထိုင္းအစိုးရကို လက္မွတ္ေရးထိုးထားတဲ့ ေမတၱာရပ္ခံစာတေစာင္လည္း ေပးပုိ႔ထားပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................


ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ပေးခြင်းခံရတဲ့ မြန်မာရွွှေ့ပြောင်း လူငယ် ၂ ဦးအတွက် အယူခံကို ၅ ကြိမ်မြောက်အဖြစ် နောက်ထပ်တလ ရက်ထပ်တိုးပေးဖို့ မြန်မာသံရုံးနဲ့အတူ ထိုင်းရှေ့နေများကောင်စီမှ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေကနေ ဧပြီလ ၁၉ ရက်နေ့က လျှောက်ထားရာမှာ ထိုင်းအယူခံတရားရုံးက ခွင့်ပြုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂ ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့ နောက်မှာတော့ သူတို့အတွက် အယူခံကို တလချင်းအလိုက် ရက်တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာ ၅ လမြောက်အဖြစ် ထိုင်းအယူခံတရားရုံးက ခွင့်ပြုပေးခဲ့တာပါ။

တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို စစ်ဆေးမေးမြန်းဖို့အတွက် အကျဉ်းထောင်တွင်းမှာ မြန်မာနဲ့ ထိုင်းတတ်ကျွမ်းသူတွေကို ဘာသာပြန်နိုင်ဖို့အတွက် သူ့ကို ဘန်ခဝမ်အကျဉ်းထောင်ကနေ ခွင့်မပြုခဲ့တာကြောင့် တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေဘက်က စစ်ဆေးမေးမြန်းမှုတွေ ထပ်လုပ်နိုင်ဖို့အတွက် နောက်ထပ် ရက်တိုးရနိုင်ဖို့ စိီစဉ်ခဲ့တာပါ။ လာမယ့် မေလ ၂၃ ရက်နေ့ထိ အယူခံလျှောက်နိုင်ဖို့ ထပ်တိုးပြီး ခွင့်ပြုခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦးအောင်မျိုးသန့် က အခုလို ပြောပါတယ်။

“၂၃ ရက် ၅ လ ၂၀၁၆ အထိ ၁ လ ရက်ထပ်တိုးရပါတယ်ခင်ဗျ။ အခုကတော့ အယူခံတင်ဖို့ရက် ထပ်တိုးတောင်းတာတော့ ဒါနဲ့ဆို ၅ ကြိမ်မြောက်ပေါ့။ ပြီးခဲ့တဲ့တပတ်တုန်းက ရှေ့နေများကောင်စီနဲ့ ဘာသာပြန်နဲ့ အယူခံနဲ့ ပတ်သက်တဲ့ တချို့ အကြောင်းအရာလေးတွေကို တရားခံတွေနဲ့ မေးချင်တယ်ဆိုပြီးတော့ ဘန်ခဝမ်ထောင်ကို သွားကြပါတယ်။ အဲ့လိုသွားတဲ့အချိန်မှာ ဘန်ခဝမ်ထောင်က တာဝန်ရှိတဲ့ လူကြီးတွေကနေပြီးတော့ ထိုင်းရှေ့နေတွေကိုတော့ ပေးဝင်ခွင့်ပြုပြီးတော့ ဗမာဘာသာပြန်ကိုတော့ ပေးဝင်ခွင့် မပြုခဲ့ပါဘူး။ အဲ့လိုမပြုတဲ့အတွက်လည်း စာတင်ခဲ့တယ်။ ထိုင်းရှေ့နေများကောင်စီကနေပြီးတော့ စတင်ခဲ့တာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အဲ့လိုဟာကျတော့ ကလေးတွေဆီမှာ မေးမယ့်ဟာက ဗမာဘာသာကို ထိုင်းရှေ့နေများကောင်စီနဲ့ တိုက်ရိုက် ဘယ်လိုမှ မသိနိုင်တဲ့အတွက် ဒါကြောင့် ဘာသာပြန်ကိုခေါ်တာကို ခွင့်မပြုတဲ့အတွက်ကြောင့်မို့ အဲဒီတုန်းက ဆောင်ရွက်ရမယ့် အချက်တွေအားလုံးက ဆောင်ရွက်ခြင်းမရှိနိုင်ဘူး။ ဒါကြောင့်မို့လို့လဲ အခုလို အယူခံအချိန်မှာ အချိန်မီ မတင်နိုင်ဘူးဆိုတာ ဖြစ်သွားတာပါ။”

အယူခံတရားရုံးကတော့ ဒီလို အယူခံဖို့ရက်ကို ထပ်တိုးတောင်းဆိုမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့တယ်လို့လည်း ဆက်ပြောပြပါတယ်။

“တရားရုံးကလည်း ပြောလိုက်ပါတယ်။ ဒီဟာက နောက်ဆုံးအကြိမ် ခွင့်ပြုတာပါလို့လည်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ အန်ကယ်လ်တို့ဘက်က တင်ပြတဲ့ အကြောင်းရင်းကလည်း ခုနက ပြောသလိုပါပဲ အခု ဒီလို ထပ်ပြီး ရက်တိုးတောင်းရခြင်း အကြောင်းရင်းဟာ ဥပဒေအရ ဘာသာပြန် ခေါ်သွားခွင့်ရှိတဲ့ကိစ္စကို ထောင်ကနေပြီးတော့ ခေါ်ခွင့်မပြု ဘဲနဲ့ တားဆီးတဲ့အတွက်ကြောင့် လိုအပ်တဲ့အချက်တွေ တောင်းဆိုလို့မရခဲ့ဘူး။ ဆွေးနွေးခွင့်မရခဲ့ဘူး။ ဒါကြောင့်မို့လည်း ဒီလို ထပ်ပြီးတော့ အယူခံတောင်းတယ်လို့ တင်ပြထားတာကိုး။ ဒါကြောင့် တရားရုံးက လက်ခံတာပါ။ အဲဒါက အယူခံတရားရုံးပေါ့။”

အခုအယူခံရက် နောက်ထပ်တလ တိုးရတဲ့အတွက် တရားခံတွေဖြစ်တဲ့ မြန်မာလူငယ် ၂ ဦးကို စစ်ဆေးမေးမြန်းဖို့အတွက် ဘန်ခဝမ်အကျဉ်းထောင်ကို ထပ်မံသွားရောက်ဖို့ ရှိနေပြီး အကျဉ်းထောင်က ခွင့်ပြု မပြု အခြေအနေတွေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အဲဒီအခါမှာ ဘာသာပြန်ခေါ်ပြီးတော့ သွားမယ်။ ဒီတကြိမ်လည်း တားဦးမလား၊ မတားဘူးလားတော့ မသိဘူး။ ဒါပေမဲ့ သက်ဆိုင်ရာတွေကိုတော့ ရှေ့နေများကောင်စီက စာတင်ပြီးပါပြီ။ ဒီလိုမဖြစ်သင့်ဘူး၊ ဒါ ထိုင်းလူမျိုးမဟုတ်ဘူး။ ဗမာတရားခံဖြစ်တဲ့အတွက်ကြောင့်မို့ ဗမာတရားခံတယောက်ကို စကားပြောဖို့ဟာမှာ ဘာသာပြန်လိုတယ်ဆိုတဲ့အကြောင်းကို သူတို့ကို တင်ပြပြီးတော့ စာရေးထားပါပြီ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှုကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ၀န်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ရ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခဝမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ သူတို့လွတ်မြောက်ရေးနဲ့ တရားမျှတစွာ စီရင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၁၅ မြို့ကလည်း လူထုအင်အား ၁ သိန်းခန့် ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းအစိုးရကို လက်မှတ်ရေးထိုးထားတဲ့ မေတ္တာရပ်ခံစာတစောင်လည်း ပေးပို့ထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment