Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 19, 2016

လိႈင္သာယာၿမိဳ႕နယ္၊ စြန္႔ပစ္အမိႈက္ပံုအတြင္းမွ က်ည္ဆံမ်ားေတြ႕ရွိ


ရန္ကုန္၊ ဧၿပီ ၁၉

၁၈.၄.၂၀၁၆ ရက္ေန႔ ၂၁၄၅ အခ်ိန္တြင္ လိႈင္သာယာၿမိဳ႕နယ္၊ ကုလားႀကီးစု
ေက်းရြာ၊ ထိန္ပင္သုသာန္ ၀င္းအတြင္းရွိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ
ေရးေကာ္မတီ၊ ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာန စြန္႔ပစ္အမိႈက္
ပံုတြင္ က်ည္ဆံမ်ားေတြ႕ရွိေၾကာင္း သတင္းအရလိႈင္သာယာၿမိဳ႕မ ရဲစခန္းမွ
တပ္ဖဲြ႕၀င္မ်ားက သြားေရာက္စစ္ေဆးခဲ့ၿပီး အဆိုပါက်ည္ဆံမ်ားႏွင့္
ပတ္သက္၍ အမ်ိဳးအစားအတည္ျပဳစစ္ေဆးႏိုင္ရန္ နယ္ေျမခံအမွတ္(၅၃၂)
ေျချမန္တပ္ရင္းသို႔ အေၾကာင္းၾကားခဲ့ပါသည္။

ထိုသုိ႔အတည္ျပဳစစ္ေဆးခဲ့ရာ ၇.၆၂ G3 က်ည္ ၄၀ ေတာင့္၊ ၇.၆၂AK 47
က်ည္ ၂ ေတာင့္၊ ၅.၅၆MA Series က်ည္ ၁၉ ေတာင့္၊ ၅.၅၆M16 က်ည္၂၃
ေတာင့္၊ 9MM က်ည္ ၄၈ ေတာင့္၊ .၃၀ကာဘိုင္က်ည္ ၁၁ ေတာင့္၊ .၃၀၃
မီလီမီတာပို႔က်ည္ ၂ေတာင့္၊ ၉၁ လက္ပစ္ဗံုး (Fuse မပါ) ၁ လံုး၊ လက္ပစ္
ဗံုး(Fuse)၃ ခု၊ 9မီလီမီတာ BA 94 စတင္းက်ည္ေဘာက္ ၁ခု၊ ကာဘိုင္က်ည္
ေဘာက္ ၂ ခု၊ ၅.၅၆(၃၅)ေတာင့္၀င္က်ည္ေဘာက္ ၁ခု၊ ၅.၅၆ (၂၀)ေတာင့္၀င္
က်ည္ေဘာက္ ၁ခုတို႔ျဖစ္ေၾကာင္း သိရွိရပါသည္။

၎လက္ပစ္ဗံုး၊ က်ည္ဆံမ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာသို႔ ေပးပို႔အပ္ႏွံသြား
မည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice

....................................

ရန်ကုန်၊ ဧပြီ ၁၉

၁၈.၄.၂၀၁၆ ရက်နေ့ ၂၁၄၅ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစု
ကျေးရွာ၊ ထိန်ပင်သုသာန် ၀င်းအတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန စွန့်ပစ်အမှိုက်
ပုံတွင် ကျည်ဆံများတွေ့ရှိကြောင်း သတင်းအရလှိုင်သာယာမြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါကျည်ဆံများနှင့်
ပတ်သက်၍ အမျိုးအစားအတည်ပြုစစ်ဆေးနိုင်ရန် နယ်မြေခံအမှတ်(၅၃၂)
ခြေမြန်တပ်ရင်းသို့ အကြောင်းကြားခဲ့ပါသည်။

ထိုသို့အတည်ပြုစစ်ဆေးခဲ့ရာ ရ.၆၂ G3 ကျည် ၄၀ တောင့်၊ ရ.၆၂AK 47
ကျည် ၂ တောင့်၊ ၅.၅၆MA Series ကျည် ၁၉ တောင့်၊ ၅.၅၆M16 ကျည်၂၃
တောင့်၊ 9MM ကျည် ၄၈ တောင့်၊ .၃၀ကာဘိုင်ကျည် ၁၁ တောင့်၊ .၃၀၃
မီလီမီတာပို့ကျည် ၂တောင့်၊ ၉၁ လက်ပစ်ဗုံး (Fuse မပါ) ၁ လုံး၊ လက်ပစ်
ဗုံး(Fuse)၃ ခု၊ 9မီလီမီတာ BA 94 စတင်းကျည်ဘောက် ၁ခု၊ ကာဘိုင်ကျည်
ဘောက် ၂ ခု၊ ၅.၅၆(၃၅)တောင့်ဝင်ကျည်ဘောက် ၁ခု၊ ၅.၅၆ (၂၀)တောင့်ဝင်
ကျည်ဘောက် ၁ခုတို့ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းလက်ပစ်ဗုံး၊ ကျည်ဆံများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ပေးပို့အပ်နှံသွား
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice

No comments:

Post a Comment