Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 24, 2016

ရခုိင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေနရာ ဦးညီပုကုိသာ ခန္႔အပ္မယ္လုိ႔ NLD ေျပာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို မတ္လ ၂၄ ရက္ေန႔က ေတြ႔ရစဥ္။ Photo:Myo Thant Khaing/RFA
ရခုိင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ အန္အယ္လ္ဒီပါတီ ကိုယ္စားလွယ္ ဦးညီပုကိုသာ ခန္႔အပ္မွာျဖစ္ၿပီး အစိုးရအဖဲြ႔မွာ ANP ပါတီဝင္ေတြနဲ႔ ပညာရွင္ေတြလည္း ပါဝင္မယ္လို႔ အန္အယ္လ္ဒီပါတီရဲ႕ အတြင္းေရးမွဴးအဖဲြ႔ဝင္ ဦးဝင္းထိန္ က ေျပာပါတယ္။

ANP ပါတီ ကိုယ္စားလွယ္ ၂၂ ဦးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အန္အယ္လ္ဒီပါတီ တာဝန္ရွိသူေတြ ဒီေန႔ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာမွာ ေတြ႔ဆံုခဲ့တာျဖစ္ၿပီး ေတြ႔ဆံုပဲြအၿပီးမွာ ဦးဝင္းထိန္က ေျပာတာျဖစ္ ပါတယ္။

"အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ပုဂၢိဳလ္ေတြနဲ႔ ပူးတြဲၿပီးေတာ့ ရခိုင္ျပည္နယ္ တိုးတက္ေရးကို ဘယ္လိုနည္း နဲ႔ အနာဂတ္မွာ လုပ္မလဲဆိုတာကို သေဘာတူလိုက္တာေပါ့၊ သူတို႔နဲ႔ က်ေနာ္တို႔ ေဆြးေႏြးၾကမယ္ ၊ ျပႆနာေပၚလာရင္ ေဆြးေႏြးၿပီးေတာ့မွ ျပႆနာကိုအေျဖရွာမယ္၊ အထူးသျဖင့္ ရခိုင္မွာ အခု ျပႆနာျဖစ္ေနတဲ့ ဘာသာေရးျပႆနာေတြ၊ စီပြားေရးျပႆနာေတြ၊ လူမႈေရးျပႆနာေတြအားလံုးကို ႏွစ္ဖက္ညွိၿပီးေတာ့မွ အေျဖရွာဖို႔ သေဘာတူလိုက္တာပဲ၊ ျပည္နယ္အစိုးရနဲ႔ဖြဲ႔စည္းဖို႔ကေတာ့ က်ေနာ္တို႔လည္း ဖြဲ႔စည္းပံုအရလုပ္တဲ့အခါမွာ ဦးညီပုက ဝန္ႀကီးခ်ဳပ္ျဖစ္မယ္ဆိုတာလည္း ေျပာထားၿပီးၿပီ၊ ေနာက္လာမယ့္ အစိုးရအဖြဲ႔မွာ ANP ကလည္းပါမယ္၊ ရွမ္းပညာရွင္ေတြလည္းပါမယ္၊ NLD ပဲ မဟုတ္ဘူးဆိုတဲ့အေၾကာင္းေတာ့ ရွင္းရွင္း လင္းလင္းေျပာခဲ့ၿပီးပါၿပီ"

ရခိုင္ျပည္နယ္အစိုးရအဖဲြ႔ ဖဲြ႔စည္းေရးကိစၥအတြက္ ေဆြးေႏြးတာ ေျပလည္မႈမရေသးေပမယ့္ ထပ္မံေတြ႔ဆံုေဆြးေႏြး သြားဖို႔ရွိေၾကာင္း ရခိုင္အမ်ဳိးသားပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"အဓိကေတာ့ ျပည္နယ္အစိုးရျပႆနာပဲ၊ ဆႏၵေတြလည္း ေဖာ္ထုတ္တယ္၊ ANP ကလည္း ေၾကညာခ်က္ ထုတ္တယ္၊ အဲ့ဒီေၾကညာခ်က္ေၾကာင့္ အကြဲအၿပဲေတြျဖစ္ကုန္တယ္၊ က်ေနာ္တို႔ ပါတီအတြက္ေရာ NLD ေရာ၊ လာမယ့္ အစိုးရအတြက္ေရာ ဒီကိစၥဟာ တကယ္အေရးအေၾကာင္းပါ၊ အဓိက ျပည္နယ္ အစိုးရဖြဲ႔စည္းေရး၊ ျပႆနာျဖစ္ေနတာက အဲ့ဒီကိစၥပဲ၊ ျပည္နယ္အစိုးရဖြဲ႔စည္းေရးကို က်ေနာ္တို႔ဘက္က ညွိႏိႈင္းဖို႔ေတာင္းဆိုတယ္၊ အခုက သူကလက္ခံတယ္၊ ဘယ္ေန႔ေတြ႔မယ္ဆိုတာေျပာတယ္၊ ေနာက္အပတ္ မွာ ေတြ႔မယ္ဆိုတာေျပာတယ္၊ အဲ့ဒီမွာ အေျဖတစ္ခုရတယ္"

လာမယ့္ သတင္းပတ္ထဲမွာ ထပ္မံေတြ႔ဆံုေဆြးေႏြးၾကမယ္လို႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

ANP ပါတီဟာ ျပည္သူ႔လႊတ္ေတာ္မွာ ကိုယ္စားလွယ္ ၁၂ ဦး၊ အမ်ဳိးသားလႊတ္ေတာ္မွာ ၁ဝ ဦး၊ ျပည္နယ္လႊတ္ေတာ္ မွာ ၂၂ ဦး စုစုေပါင္း ၄၄ ဦး အႏုိင္ရရွိထားတာျဖစ္ၿပီး ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ျပည္နယ္အစိုးရအဖဲြ႔ကို ဦးေဆာင္ ဖဲြ႔စည္းခြင့္ရွိဖို႔ ေတာင္းဆုိထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo:Myo Thant Khaing/RFA
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးညီပုကိုသာ ခန့်အပ်မှာဖြစ်ပြီး အစိုးရအဖွဲ့မှာ ANP ပါတီဝင်တွေနဲ့ ပညာရှင်တွေလည်း ပါဝင်မယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

ANP ပါတီ ကိုယ်စားလှယ် ၂၂ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ ဒီနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန်က ပြောတာဖြစ် ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေနဲ့ ပူးတွဲပြီးတော့ ရခိုင်ပြည်နယ် တိုးတက်ရေးကို ဘယ်လိုနည်း နဲ့ အနာဂတ်မှာ လုပ်မလဲဆိုတာကို သဘောတူလိုက်တာပေါ့၊ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးကြမယ် ၊ ပြဿနာပေါ်လာရင် ဆွေးနွေးပြီးတော့မှ ပြဿနာကိုအဖြေရှာမယ်၊ အထူးသဖြင့် ရခိုင်မှာ အခု ပြဿနာဖြစ်နေတဲ့ ဘာသာရေးပြဿနာတွေ၊ စီပွားရေးပြဿနာတွေ၊ လူမှုရေးပြဿနာတွေအားလုံးကို နှစ်ဖက်ညှိပြီးတော့မှ အဖြေရှာဖို့ သဘောတူလိုက်တာပဲ၊ ပြည်နယ်အစိုးရနဲ့ဖွဲ့စည်းဖို့ကတော့ ကျနော်တို့လည်း ဖွဲ့စည်းပုံအရလုပ်တဲ့အခါမှာ ဦးညီပုက ဝန်ကြီးချုပ်ဖြစ်မယ်ဆိုတာလည်း ပြောထားပြီးပြီ၊ နောက်လာမယ့် အစိုးရအဖွဲ့မှာ ANP ကလည်းပါမယ်၊ ရှမ်းပညာရှင်တွေလည်းပါမယ်၊ NLD ပဲ မဟုတ်ဘူးဆိုတဲ့အကြောင်းတော့ ရှင်းရှင်း လင်းလင်းပြောခဲ့ပြီးပါပြီ"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးကိစ္စအတွက် ဆွေးနွေးတာ ပြေလည်မှုမရသေးပေမယ့် ထပ်မံတွေ့ဆုံဆွေးနွေး သွားဖို့ရှိကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"အဓိကတော့ ပြည်နယ်အစိုးရပြဿနာပဲ၊ ဆန္ဒတွေလည်း ဖော်ထုတ်တယ်၊ ANP ကလည်း ကြေညာချက် ထုတ်တယ်၊ အဲ့ဒီကြေညာချက်ကြောင့် အကွဲအပြဲတွေဖြစ်ကုန်တယ်၊ ကျနော်တို့ ပါတီအတွက်ရော NLD ရော၊ လာမယ့် အစိုးရအတွက်ရော ဒီကိစ္စဟာ တကယ်အရေးအကြောင်းပါ၊ အဓိက ပြည်နယ် အစိုးရဖွဲ့စည်းရေး၊ ပြဿနာဖြစ်နေတာက အဲ့ဒီကိစ္စပဲ၊ ပြည်နယ်အစိုးရဖွဲ့စည်းရေးကို ကျနော်တို့ဘက်က ညှိနှိုင်းဖို့တောင်းဆိုတယ်၊ အခုက သူကလက်ခံတယ်၊ ဘယ်နေ့တွေ့မယ်ဆိုတာပြောတယ်၊ နောက်အပတ် မှာ တွေ့မယ်ဆိုတာပြောတယ်၊ အဲ့ဒီမှာ အဖြေတစ်ခုရတယ်"

လာမယ့် သတင်းပတ်ထဲမှာ ထပ်မံတွေ့ဆုံဆွေးနွေးကြမယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ANP ပါတီဟာ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁ဝ ဦး၊ ပြည်နယ်လွှတ်တော် မှာ ၂၂ ဦး စုစုပေါင်း ၄၄ ဦး အနိုင်ရရှိထားတာဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့်ရှိဖို့ တောင်းဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment