Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 5, 2016

အစိုးရသစ္မွာ NLD လူနည္းစုသာ ပါမည္

ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းထိန္ ၊ ေဒါက္တာေဇာ္ျမင့္ေမာင္ နဲ႔ ေဒါက္တာမ်ိဳးေအာင္ ျပည္သူ႔ လႊတ္ေတာ္အစည္းအေဝး တက္ေရာက္လာစဥ္ ။ (မတ္ ၁၊ ၂၀၁၆)
NLD အစိုးရအဖဲြ႔ ကို ျပင္ပပုဂၢိဳလ္ အမ်ားစုနဲ႔ ဖဲြ႔စည္းမွာျဖစ္ၿပီး လက္ရွိ ဝန္ႀကီးဌာနေတြ အနက္ (၁၀) ခု ေက်ာ္ကိုလည္း ဖ်က္သိမ္းမွာျဖစ္တယ္လို႔ ပါတီ ထိပ္တန္းေခါင္းေဆာင္တဦးက မေန႔ကေျပာဆိုလိုက္ပါတယ္။ NLD အေနနဲ႔ သမၼတေရြးခ်ယ္မယ့္ကိစၥ အပါအ၀င္ ျပည္ေထာင္စုအစိုးရ၊ တိုင္းနဲ႔ျပည္နယ္ အစိုးရ အဖဲြ႔ေတြမွာ ပါဝင္မယ့္ ပုဂၢိဳလ္စာရင္းေတြကို မတ္လ (၆)ရက္ေန႔မွာ အၿပီးသတ္ ေၾကညာမွာျဖစ္တယ္လို႔လည္း ဆုိပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံုကိုေျပာျပမွာပါ။

အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD က ဦးေဆာင္ ဖဲြ႔စည္းမယ့္ ျပည္ေထာင္စုအစိုးရ အပါအဝင္ ျပည္နယ္နဲ႔ တိုင္း အစိုးရအဖဲြ႔ေတြနဲ႔ ပတ္သက္လို႔ ဥကၠ႒ ေဒၚေအာင္ဆန္း စုၾကည္ နဲ႔ NLD ထိပ္ပိုင္းေခါင္းေဆာင္ တခ်ဳိ႕ ေနျပည္ေတာ္က ႏွင္းဆီစံအိမ္မွာ မေန႔ ေသာၾကာေန႔က ေဆြးေႏြးခဲ့ၾကတာပါ။

အစိုးရအဖဲြ႔မွာ NLD ပါတီဝင္ နည္းနည္းပဲရွိမွာျဖစ္ၿပီး အမ်ားစုက ပညာရွင္ေတြနဲ႔ အျခား ပါတီဝင္တခ်ဳိ႕လည္း ပါဝင္မွာျဖစ္တယ္လို႔ ပါတီရဲ႕ထိပ္ပိုင္းေခါင္းေဆာင္ လည္းျဖစ္၊ ေျပာခြင့္ရပုဂၢိဳလ္လည္းျဖစ္တဲ့ ဦးဝင္းထိန္က ေဆြးေႏြးပဲြအၿပီး သတင္းေထာက္ေတြနဲ႔ေတြ႔ဆံုရာမွာေျပာသြားပါတယ္။ ဒါေပမဲ့ ဝန္ႀကီးေတြရဲ႕ အမည္စာရင္း အၿပီးသတ္ကိုေတာ့ မတ္လ (၆)ရက္ေန႔ ျပဳလုပ္မယ့္ NLD ဗဟို အလုပ္ အမႈေဆာင္ေဆြးေႏြးပဲြမွာ ထုတ္ျပန္ေၾကညာမွာျဖစ္တယ္လို႔ အခုလိုေျပာသြားပါတယ္။

" က်ေနာ္တို႔အခု ျပည္ေထာင္စုအဆင့္မွာ ပါမယ့္ဝန္ႀကီးေတြရဲ႕ ဖြဲ႔စည္းပံုမွာ က်ေနာ္တို႔ NLD က ပုဂၢိဳလ္ေတြလည္း ပါမယ္။ ပညာရွင္ေတြလည္းပါမယ္။ တျခားပါတီေတြလည္း ပါမယ္။ ဆိုေတာ့ က်ေနာ္တို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဝင္ ျပည္ေထာင္စုအဆင့္က လူနည္းစုေတာင္ ျဖစ္ႏုိင္တယ္။ ၃၀% နဲ႔ ၄၀% ၾကားေလာက္ပဲပါမယ္။ ဒါေပမဲ့  က်ေနာ္တို႔ အဲ့ဒီ့အေရအတြက္ကိုေတာ့ ၆ရက္ေန႔မွ သတ္မွတ္ၿပီးေတာ့ ေၾကညာႏုိင္ ပါမယ္။"

ဒါ့အျပင္ ဝန္ႀကီးဌာနေတြကိုလည္း ျပန္လည္ ဖဲြ႔စည္းမွာျဖစ္တာေၾကာင့္ အရင္ ဝန္ႀကီး ဌာနေပါင္း (၃၆)ခုထဲကေန (၁၀) ခုေက်ာ္ေလာက္ကို ျဖဳတ္ဖို႔ စီစဥ္ထားေၾကာင္း ဦးဝင္းထိန္ကဆိုပါတယ္။

" သမၼတ႐ံုးမွာ ဝန္ႀကီး ေျခာက္ခုရွိတယ္ အဲ့ေျခာက္ခုက ဝန္ႀကီးဌာနက တခုတည္းျဖစ္ သြားလိမ့္မယ္။ ၃၀ရွိတယ္။ ၃၀က ၂၀ေလာက္က်န္မယ္။ တူတာ တူတာ ေပါင္းမယ္ ဥပမာဆိုပါေတာ့ဗ်ာ ရထားပို႔ေဆာင္ေရး၊ ကုန္းလမ္းပို႔ေဆာင္ေရး ၊ ေလေၾကာင္းပို႔ေဆာင္ေရး၊ ေရေၾကာင္းပို႔ေဆာင္ေရး ဒါေတြက က်ေနာ္တို႔ တဖြဲ႔တည္း လုပ္လို႔ရတယ္။ အဲ့သလိုလုပ္ႏုိင္ေအာင္လည္း က်ေနာ္တို႔ အရည္အခ်င္းရွိတဲ့ ပုဂၢိဳလ္ေတြ ေရြးထားၿပီးၿပီ။ အဲ့ဒီ့ေတာ့ ဝန္ႀကီးဌာနက ၂၁၊ ၂၂ အဲ့သေလာက္ပဲ ရွိေတာ့မယ္။ အရင္တုန္းကလို ၃၆ခုေတာ့ ရွိမွာမဟုတ္ေတာ့ဘူး။ သို႔ေသာ္ အဲ့သလို ဝန္ႀကီးဌာနေတြ ေပါင္းလိုက္လို႔မို႔လို႔ ပိုလာတဲ့ဝန္ထမ္းေတြရွိမယ္။ သို႔ေသာ္ အဲ့ဒီ့ဝန္ထမ္းေတြဟာ သူတို႔ရဲ႕ ေနရာအတြက္ ပူစရာမလိုဘူး။ သူတို႔အတြက္ ဘယ္ေနရာခ်ထားမယ္ဆုိတာ နဂိုကတည္းက စဥ္းစားထားၿပီးသား။ ခ်ထားစရာေနရာေတြလည္း ရွိတယ္။ "

တခါ အမ်ားစိတ္၀င္စားေနတဲ့ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ အစိုးရအဖဲြ႔ေတြအတြက္ ၀န္ႀကီးခ်ဳပ္ ဘယ္သူက ခန္႔အပ္မလဲဆိုတဲ့အပိုင္းမွာေတာ့ ရခိုင္ျပည္နယ္မွာ NLD အမတ္ ဦးညီပုကို ဝန္ႀကီးခ်ဳပ္ အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ က ေရြးခ်ယ္ထားတယ္ လို႔ ဦး၀င္းထိန္ကဆိုပါတယ္။

" ဆိုေတာ့ တုိင္းနဲ႔ျပည္နယ္အစိုးရကို ဝန္ႀကီးခ်ဳပ္ က်ေနာ္တို႔က ခန္႔မယ္။ NLD က ခန္႔မယ္။ သို႔ေသာ္လည္းပဲ ရွမ္းလို ရခိုင္လို ေနရာေတြမွာ ရွမ္းပါတီကလူေတြကိုလည္း ပဲ ဝန္ႀကီးေနရာေတြ ေပးၿပီးေတာ့ ခန္႔မယ္။ ရခုိင္ဝန္ႀကီးခ်ဳပ္ကို ဦးညီပု ရာ ထားတယ္ ဆုိတာ နဂိုကတည္းက က်ေနာ္တို႔ အႏိုင္ရပါတီကလည္းျဖစ္တယ္။ ဖြဲ႔စည္းပံုအေျခခံနဲ႔လည္း ညီတယ္။ ဒါေၾကာင့္မို႔လို႔ ဦးညီပုကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္က ေရြးခ်ယ္ၿပီးၿပီ။ သို႔ေသာ္ အဲ့ဒီ့မွာ တျခားပါတီေတြရွိတယ္။ တျခားပါတီက ပုဂၢိဳလ္ေတြကိုေရာ အရည္အခ်င္းရွိတဲ့ ပုဂၢိဳလ္ေတြကိုေရာ ရခုိင္ျပည္နယ္ ဝန္ႀကီးအဖြဲ႔မွာ သူတို႔ကို ထည့္ၿပီး စဥ္းစားထားတာရွိပါတယ္။"

NLD က တင္ေျမႇာက္မယ့္ သမၼတ ဘယ္သူျဖစ္လာမလဲဆိုတာနဲ႔ပတ္သက္လို႕ေတာ့ အမ်ားကခန္႔မွန္းထားတဲ့ အမည္စာရင္းေတြထဲမွာ NLD နာယက သူရဦးတင္ဦးက မျဖစ္ႏိုင္ဘူးလို႔ ဦးဝင္းထိန္က သတင္းဌာနတခုကို အခိုင္အမာေျပာၾကားခဲ့ပါတယ္။

မတ္လ (၁၀)ရက္ေန႔ လႊတ္ေတာ္မွာ NLD က တင္သြင္းမယ့္ ဒုသမၼတေလာင္း အမည္စာရင္းေတြထဲမွာ လက္ရွိ ထိပ္ဆံုးက ခန္႔မွန္းခံထားရသူေတြကေတာ့ ဦးထင္ေက်ာ္နဲ႔ ေဒါက္တာ မ်ဳိးေအာင္တို႔နွစ္ဦးျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးလံုး ဟာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ စိတ္ႀကိဳက္ေရြးခ်ယ္ထားသူေတြအျဖစ္ လူအမ်ားက ယူဆထားပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...................................


ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာမျိုးအောင် ပြည်သူ့ လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ။ (မတ် ၁၊ ၂၀၁၆)
NLD အစိုးရအဖွဲ့ ကို ပြင်ပပုဂ္ဂိုလ် အများစုနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး လက်ရှိ ဝန်ကြီးဌာနတွေ အနက် (၁၀) ခု ကျော်ကိုလည်း ဖျက်သိမ်းမှာဖြစ်တယ်လို့ ပါတီ ထိပ်တန်းခေါင်းဆောင်တဦးက မနေ့ကပြောဆိုလိုက်ပါတယ်။ NLD အနေနဲ့ သမ္မတရွေးချယ်မယ့်ကိစ္စ အပါအဝင် ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့တွေမှာ ပါဝင်မယ့် ပုဂ္ဂိုလ်စာရင်းတွေကို မတ်လ (၆)ရက်နေ့မှာ အပြီးသတ် ကြေညာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင် ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရ အပါအဝင် ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် တချို့ နေပြည်တော်က နှင်းဆီစံအိမ်မှာ မနေ့ သောကြာနေ့က ဆွေးနွေးခဲ့ကြတာပါ။

အစိုးရအဖွဲ့မှာ NLD ပါတီဝင် နည်းနည်းပဲရှိမှာဖြစ်ပြီး အများစုက ပညာရှင်တွေနဲ့ အခြား ပါတီဝင်တချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာပြောသွားပါတယ်။ ဒါပေမဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်း အပြီးသတ်ကိုတော့ မတ်လ (၆)ရက်နေ့ ပြုလုပ်မယ့် NLD ဗဟို အလုပ် အမှုဆောင်ဆွေးနွေးပွဲမှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။

" ကျနော်တို့အခု ပြည်ထောင်စုအဆင့်မှာ ပါမယ့်ဝန်ကြီးတွေရဲ့ ဖွဲ့စည်းပုံမှာ ကျနော်တို့ NLD က ပုဂ္ဂိုလ်တွေလည်း ပါမယ်။ ပညာရှင်တွေလည်းပါမယ်။ တခြားပါတီတွေလည်း ပါမယ်။ ဆိုတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်က လူနည်းစုတောင် ဖြစ်နိုင်တယ်။ ၃၀% နဲ့ ၄၀% ကြားလောက်ပဲပါမယ်။ ဒါပေမဲ့  ကျနော်တို့ အဲ့ဒီ့အရေအတွက်ကိုတော့ ၆ရက်နေ့မှ သတ်မှတ်ပြီးတော့ ကြေညာနိုင် ပါမယ်။"

ဒါ့အပြင် ဝန်ကြီးဌာနတွေကိုလည်း ပြန်လည် ဖွဲ့စည်းမှာဖြစ်တာကြောင့် အရင် ဝန်ကြီး ဌာနပေါင်း (၃၆)ခုထဲကနေ (၁၀) ခုကျော်လောက်ကို ဖြုတ်ဖို့ စီစဉ်ထားကြောင်း ဦးဝင်းထိန်ကဆိုပါတယ်။

" သမ္မတရုံးမှာ ဝန်ကြီး ခြောက်ခုရှိတယ် အဲ့ခြောက်ခုက ဝန်ကြီးဌာနက တခုတည်းဖြစ် သွားလိမ့်မယ်။ ၃၀ရှိတယ်။ ၃၀က ၂၀လောက်ကျန်မယ်။ တူတာ တူတာ ပေါင်းမယ် ဥပမာဆိုပါတော့ဗျာ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ၊ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တဖွဲ့တည်း လုပ်လို့ရတယ်။ အဲ့သလိုလုပ်နိုင်အောင်လည်း ကျနော်တို့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရွေးထားပြီးပြီ။ အဲ့ဒီ့တော့ ဝန်ကြီးဌာနက ၂၁၊ ၂၂ အဲ့သလောက်ပဲ ရှိတော့မယ်။ အရင်တုန်းကလို ၃၆ခုတော့ ရှိမှာမဟုတ်တော့ဘူး။ သို့သော် အဲ့သလို ဝန်ကြီးဌာနတွေ ပေါင်းလိုက်လို့မို့လို့ ပိုလာတဲ့ဝန်ထမ်းတွေရှိမယ်။ သို့သော် အဲ့ဒီ့ဝန်ထမ်းတွေဟာ သူတို့ရဲ့ နေရာအတွက် ပူစရာမလိုဘူး။ သူတို့အတွက် ဘယ်နေရာချထားမယ်ဆိုတာ နဂိုကတည်းက စဉ်းစားထားပြီးသား။ ချထားစရာနေရာတွေလည်း ရှိတယ်။ "

တခါ အများစိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေအတွက် ၀န်ကြီးချုပ် ဘယ်သူက ခန့်အပ်မလဲဆိုတဲ့အပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ NLD အမတ် ဦးညီပုကို ဝန်ကြီးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်ထားတယ် လို့ ဦးဝင်းထိန်ကဆိုပါတယ်။

" ဆိုတော့ တိုင်းနဲ့ပြည်နယ်အစိုးရကို ဝန်ကြီးချုပ် ကျနော်တို့က ခန့်မယ်။ NLD က ခန့်မယ်။ သို့သော်လည်းပဲ ရှမ်းလို ရခိုင်လို နေရာတွေမှာ ရှမ်းပါတီကလူတွေကိုလည်း ပဲ ဝန်ကြီးနေရာတွေ ပေးပြီးတော့ ခန့်မယ်။ ရခိုင်ဝန်ကြီးချုပ်ကို ဦးညီပု ရာ ထားတယ် ဆိုတာ နဂိုကတည်းက ကျနော်တို့ အနိုင်ရပါတီကလည်းဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံနဲ့လည်း ညီတယ်။ ဒါကြောင့်မို့လို့ ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ပြီးပြီ။ သို့သော် အဲ့ဒီ့မှာ တခြားပါတီတွေရှိတယ်။ တခြားပါတီက ပုဂ္ဂိုလ်တွေကိုရော အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုရော ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့မှာ သူတို့ကို ထည့်ပြီး စဉ်းစားထားတာရှိပါတယ်။"

NLD က တင်မြှောက်မယ့် သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့တော့ အများကခန့်မှန်းထားတဲ့ အမည်စာရင်းတွေထဲမှာ NLD နာယက သူရဦးတင်ဦးက မဖြစ်နိုင်ဘူးလို့ ဦးဝင်းထိန်က သတင်းဌာနတခုကို အခိုင်အမာပြောကြားခဲ့ပါတယ်။

မတ်လ (၁၀)ရက်နေ့ လွှတ်တော်မှာ NLD က တင်သွင်းမယ့် ဒုသမ္မတလောင်း အမည်စာရင်းတွေထဲမှာ လက်ရှိ ထိပ်ဆုံးက ခန့်မှန်းခံထားရသူတွေကတော့ ဦးထင်ကျော်နဲ့ ဒေါက်တာ မျိုးအောင်တို့နှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံး ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသူတွေအဖြစ် လူအများက ယူဆထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment