Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 5, 2016

အစိုးရတပ္ ကားတန္းကို တိုက္ခိုက္လို႔ လူ ၃၀ ေက်ာ္ ေသသြားတယ္လို႔ ရခိုင္တပ္ ေျပာ

 ေအေအ လက္နက္ကိုင္ တပ္နဲ႔ ဆက္စပ္မွု ရွိတယ္ ဆိုတဲ့ စြပ္စြဲမွု နဲ႔ အဖမ္းဆီး ခံထားရ သူေတြ ရခိုင္ ျပည္နယ္ ထဲမွာ အေယာက္ ၅၀ ေက်ာ္ ရွိေနၿပီ။
ေဖေဖၚဝါရီ ၄ ရက္ ေသာၾကာေန႔ ညေနပိုင္းက ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ၿမိဳ႕နယ္ ထဲမွာ အစိုးရ စစ္တပ္ ရဲ့ ကားတန္းကို ရခိုင္ လက္နက္ကိုင္ ေအေအတပ္ က ဆီးႀကိဳ တိုက္ခိုက္ ခဲ့ၿပီး တိုက္ပြဲ ၃ နာရီ ဝန္းက်င္ ျဖစ္ေပၚ ခဲ့တယ္ လို႔ ေအေအ တပ္ဘက္ က ေျပာပါတယ္။

အစိုးရ စစ္တပ္ ဘက္က လူ အေယာက္ ၃၀ ေက်ာ္ ေသဆုံး ခဲ့တာမွာ ဒုတပ္ရင္းမွုး အဆင့္ တစ္ေယာက္ လည္း ပါဝင္ တယ္ ဆိုၿပီး ေအေအ ဘက္က ေျပာေပမယ့္ အစိုးရ စစ္တပ္ ဘက္က အတည္ျပဳ ခ်က္ ေတာ့ မရရွိ ေသးပါဘူး။

မတ္လ ၁ ရက္ေန႔ က စၿပီး ႏွစ္ဘက္ ထိေတြ႕ ပစ္ခတ္မွု ေတြ ဆက္တိုက္ ျဖစ္ေနခဲ့တယ္ လို႔လည္း ေအေအေျပာခြင့္ရ ဦးခိုင္သုခ က ဆိုပါတယ္။

တခါ၊ ေအအ လက္နက္ကိုင္ တပ္နဲ႔ ဆက္စပ္မွု ရွိတယ္ ဆိုတဲ့ စြပ္စြဲမွု နဲ႔ အဖမ္းဆီး ခံထားရ သူေတြ ရခိုင္ ျပည္နယ္ ထဲမွာ အေယာက္ ၅၀ ေက်ာ္ ရွိေနၿပီ လို႔ ဘီဘီစီ သတင္းေထာက္ က ေျပာပါတယ္။

အဲဒီ့ ထဲက တခ်ိဳ႕လည္း ေထာင္ဒဏ္ ေတြ ခ်မွတ္ ခံခဲ့ ရတာ မွာ ၿပီးခဲ့တဲ့ ရက္ပိုင္း ကပဲ ဘူသီးေတာင္ ၿမိဳ႕နယ္ တရား႐ုံး ကေန လူ ၄ ဦး ကို မတရားသင္း အက္ဥပေဒ နဲ႔ ေထာင္ ၃ ႏွစ္ ခ် ခဲ့ ပါတယ္။

စစ္ေတြ နဲ႔ ေက်ာက္ေတာ္ ၿမိဳ႕ တရား႐ုံး ေတြ မွာလည္း ဒါဇင္ နဲ႔ ခ်ီ တဲ့ လူေတြ ကို ႐ုံးထုတ္ ေနၾက ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.......................................


 အေအေ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ။
ဖေဖေါ်ဝါရီ ၄ ရက် သောကြာနေ့ ညနေပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် ရဲ့ ကားတန်းကို ရခိုင် လက်နက်ကိုင် အေအေတပ် က ဆီးကြို တိုက်ခိုက် ခဲ့ပြီး တိုက်ပွဲ ၃ နာရီ ဝန်းကျင် ဖြစ်ပေါ် ခဲ့တယ် လို့ အေအေ တပ်ဘက် က ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က လူ အယောက် ၃၀ ကျော် သေဆုံး ခဲ့တာမှာ ဒုတပ်ရင်းမှုး အဆင့် တစ်ယောက် လည်း ပါဝင် တယ် ဆိုပြီး အေအေ ဘက်က ပြောပေမယ့် အစိုးရ စစ်တပ် ဘက်က အတည်ပြု ချက် တော့ မရရှိ သေးပါဘူး။

မတ်လ ၁ ရက်နေ့ က စပြီး နှစ်ဘက် ထိတွေ့ ပစ်ခတ်မှု တွေ ဆက်တိုက် ဖြစ်နေခဲ့တယ် လို့လည်း အေအေပြောခွင့်ရ ဦးခိုင်သုခ က ဆိုပါတယ်။

တခါ၊ အေအ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အဲဒီ့ ထဲက တချို့လည်း ထောင်ဒဏ် တွေ ချမှတ် ခံခဲ့ ရတာ မှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဘူသီးတောင် မြို့နယ် တရားရုံး ကနေ လူ ၄ ဦး ကို မတရားသင်း အက်ဥပဒေ နဲ့ ထောင် ၃ နှစ် ချ ခဲ့ ပါတယ်။

စစ်တွေ နဲ့ ကျောက်တော် မြို့ တရားရုံး တွေ မှာလည်း ဒါဇင် နဲ့ ချီ တဲ့ လူတွေ ကို ရုံးထုတ် နေကြ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment