Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

အစုိးရတပ္ႏွင့္ KIA စီစီ၀မ္ ေတာင္ကုန္း ေပၚ တုိက္ပြဲျဖစ္


ယေန႔ မတ္ ၂၄ ညေနပုိင္းတြင္ အစုိးရ တပ္မ ၉၉ ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ ၆ တပ္ရင္း ၃၇ တုိ႔ၾကား ရွမ္းျပည္ေျမာက္ပုိင္း ဒဘန္ေတာင္ (စီစီ၀မ္ေတာင္ကုန္း) ေပၚ တုိက္ပြဲျဖစ္ပြားခဲ့ပါသည္။

တုိက္ပြဲ ျဖစ္ပြားခဲ့ေသာေနရာသည္ ယခင္ ဗမာျပည္ ကြန္ျမဴနစ္ပါတီ (ဗကပ) စီစီဝမ္ေတာင္ကုန္း (ကခ်င္လို Da Bang Bum) ျဖစ္ျပီး ယင္းသည္ နမ္ေတာင္း ႏွင့္ မုန္းေဘာ္ ၾကားတြင္ တည္ရွိသည္။

အစုိးရ တပ္မ ၉၉ စစ္ေၾကာင္းတစ္ခုသည္ နမ္ေတာင္းဘက္မွ မုန္းေဘာ္သုိ႔ တက္လာစဥ္ KIA တပ္မဟာ ၆ အတြင္းရွိ အသစ္ဖြဲ႔စည္းလုိက္သည့္ တပ္ရင္း ၃၇ တပ္ဖြဲ႕က ဗံုးျဖင့္ သံုးၾကိမ္ေဖာက္ခြဲျပီးေနာက္ အျပန္အလွန္ ပစ္ခတ္မႈ အခ်ိန္တို ျဖစ္ပြားခဲ့ေၾကာင္း KIA တပ္မဟာ ၆ အရာရွိ တစ္ဦး ကခ်င္သတင္းဌာန KNG ကုိေျပာသည္။

တုိက္ခုိ္က္မႈတြင္ အစုိးရတပ္မွ ေသဆုံး ထိခိုက္မႈ ၇ ဦးခန္႔ ရွိႏိုင္ေၾကာင္း ေရွ႕တန္း သတင္းေပးပုိ႔ခ်က္ကုိ အေျခခံျပီး KIA တပ္မဟာ ၆ အရာရွိမွ ဆက္ဆိုသည္။

လြန္ခဲ့သည့္ ေဖေဖာ္ဝါရီ လကုန္ပုိင္း ရွမ္းျပည္ေျမာက္ပုိင္းတြင္ အသစ္ဖြဲ႔စည္းတုိးခ်ဲ႕လုိက္သည့္ KIA တပ္မဟာ ၆ ကုိ အစုိးရမွ ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း ထုတ္ျပန္လုိက္ျပီးေနာက္ ယင္းေဒသသုိ႔ အစုိးရတပ္ အင္အား ၃၀၀၀ ေက်ာ္ခန္႔ ေရာက္ရွိေနျပီ ျဖစ္ေၾကာင္း ကခ်င္သတင္းဌာန KNG မွ စုံစမ္းသိရသည္။

ျမန္မာ့ တပ္မေတာ္ထဲ တပ္မ စုစုေပါင္း ၁၀ ခုရွိသည့္အနက္ ၅ ခုျဖစ္သည့္ တပ္မ ၁၁၊ ၅၅၊ ၆၆၊ ၈၈ ႏွင့္ ၉၉ တုိ႔သည္ ယခု KIA တပ္မဟာ ၆ နယ္ေျမ မုန္းကုိ၊ မုန္းေဘာ္၊ ပန္ဆုိင္း (ၾကဴကုတ္)ႏွင့္ မုန္းစီ ေဒသမ်ားတြင္ စစ္ေရး လႈပ္ရွားေနျပီ ျဖစ္သည္။

Kachin News Group - Burmese
http://burmese.kachinnews.com
................


ယနေ့ မတ် ၂၄ ညနေပိုင်းတွင် အစိုးရ တပ်မ ၉၉ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၇ တို့ကြား ရှမ်းပြည်မြောက်ပိုင်း ဒဘန်တောင် (စီစီဝမ်တောင်ကုန်း) ပေါ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သောနေရာသည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) စီစီဝမ်တောင်ကုန်း (ကချင်လို Da Bang Bum) ဖြစ်ပြီး ယင်းသည် နမ်တောင်း နှင့် မုန်းဘော် ကြားတွင် တည်ရှိသည်။

အစိုးရ တပ်မ ၉၉ စစ်ကြောင်းတစ်ခုသည် နမ်တောင်းဘက်မှ မုန်းဘော်သို့ တက်လာစဉ် KIA တပ်မဟာ ၆ အတွင်းရှိ အသစ်ဖွဲ့စည်းလိုက်သည့် တပ်ရင်း ၃၇ တပ်ဖွဲ့က ဗုံးဖြင့် သုံးကြိမ်ဖောက်ခွဲပြီးနောက် အပြန်အလှန် ပစ်ခတ်မှု အချိန်တို ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ ၆ အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောသည်။

တိုက်ခို်က်မှုတွင် အစိုးရတပ်မှ သေဆုံး ထိခိုက်မှု ရ ဦးခန့် ရှိနိုင်ကြောင်း ရှေ့တန်း သတင်းပေးပို့ချက်ကို အခြေခံပြီး KIA တပ်မဟာ ၆ အရာရှိမှ ဆက်ဆိုသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် အသစ်ဖွဲ့စည်းတိုးချဲ့လိုက်သည့် KIA တပ်မဟာ ၆ ကို အစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ယင်းဒေသသို့ အစိုးရတပ် အင်အား ၃၀၀၀ ကျော်ခန့် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကချင်သတင်းဌာန KNG မှ စုံစမ်းသိရသည်။

မြန်မာ့ တပ်မတော်ထဲ တပ်မ စုစုပေါင်း ၁၀ ခုရှိသည့်အနက် ၅ ခုဖြစ်သည့် တပ်မ ၁၁၊ ၅၅၊ ၆၆၊ ၈၈ နှင့် ၉၉ တို့သည် ယခု KIA တပ်မဟာ ၆ နယ်မြေ မုန်းကို၊ မုန်းဘော်၊ ပန်ဆိုင်း (ကြူကုတ်)နှင့် မုန်းစီ ဒေသများတွင် စစ်ရေး လှုပ်ရှားနေပြီ ဖြစ်သည်။

Kachin News Group - Burmese
http://burmese.kachinnews.com

No comments:

Post a Comment