Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ဝင္ငါးဦး အမည္စာရင္း ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္ျပ


ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝး က်င္းပေနစဥ္ (ဆင္ဟြာ)
    ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

    ႏိုင္ငံေတာ္ သမၼတအျဖစ္ ေရြးခ်ယ္ တင္ေျမႇာက္ခံရသူသည္ ယေန႔ မတ္လ ၂၅ ရက္တြင္ ျပည္ေထာင္စု လႊတ္ေတာ္သို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ဝင္ ငါးဦး အမည္စာရင္းကို တင္ျပလာေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးမန္းဝင္းခိုင္သန္းက ေၾကညာသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္  ဥကၠ႒ အျဖစ္ ဦးလွသိန္း အပါအဝင္ အဖြဲ႔ဝင္မ်ားအျဖစ္ ဦးေအာင္ျမင့္ ၊ ဦးစိုးရယ္၊ ဦးထြန္းခင္ ႏွင့္ ဦးလွတင့္ တို႔ျဖင့္ ဖြဲ႔စည္းရန္ ယေန႔ ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္ျပေၾကာင္း ၎က ေၾကညာသည္။

အဆိုပါ တင္ျပလာေသာ အမည္စာရင္းမ်ားႏွင့္ ပတ္သက္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ကန္႔ကြက္ ေဆြးေႏြးရန္ ရွိပါက မတ္လ ၂၆ ရက္ေန႔ ညေနတြင္ ျပည္ေထာင္စု လႊတ္ေတာ္ရံုးသို႔ အမည္စာရင္း တင္သြင္းရမည္ ျဖစ္ၿပီး ယင္း ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အမည္စာရင္းႏွင့္ ပတ္သက္ၿပီး မတ္လ ၂၈ ရက္ေန႔တြင္ ျပည္ေထာင္စု လႊတ္ေတာ္၌ ျပန္လည္ ေဆြးေႏြးမည္ ျဖစ္သည္။

ယေန႔ ျပည္ေထာင္စု လႊတ္ေတာ္သို႔ တက္ေရာက္ရန္ ရွိသည့္ ကိုယ္စားလွယ္ ၆၅၃ ဦးရွိရာ ၆၄၆ ဦး တက္ေရာက္သည္။

(Xinhua)
http://www.xinhuamyanmar.com
............................

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူသည် ယနေ့ မတ်လ ၂၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ငါးဦး အမည်စာရင်းကို တင်ပြလာကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ အဖြစ် ဦးလှသိန်း အပါအဝင် အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့် ၊ ဦးစိုးရယ်၊ ဦးထွန်းခင် နှင့် ဦးလှတင့် တို့ဖြင့် ဖွဲ့စည်းရန် ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကြောင်း ၎င်းက ကြေညာသည်။

အဆိုပါ တင်ပြလာသော အမည်စာရင်းများနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးရန် ရှိပါက မတ်လ ၂၆ ရက်နေ့ ညနေတွင် ပြည်ထောင်စု လွှတ်တော်ရုံးသို့ အမည်စာရင်း တင်သွင်းရမည် ဖြစ်ပြီး ယင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမည်စာရင်းနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ပြန်လည် ဆွေးနွေးမည် ဖြစ်သည်။

ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရန် ရှိသည့် ကိုယ်စားလှယ် ၆၅၃ ဦးရှိရာ ၆၄၆ ဦး တက်ရောက်သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment