Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

ဝန္ႀကီးဌာန ( ၂၁) ခုသာ NLDအစိုးရထားရွိမည္

သတင္း  ျပည္တြင္း  ႏိုင္ငံေရး
မင္းမင္း

ေနျပည္ေတာ္(မတ္လ ၁၇ရက္)။ ။ သမၼတဦးသိန္းစိန္အစိုးရလက္ထက္တြင္ ဝန္ႀကီးဌာန(၃၆)ခု ထားရွိခဲ့ရာမွ လာမည့္ဧၿပီလ (၁)ရက္တြင္ စတင္တာဝန္ထမ္းေဆာင္မည့္ NLDအစိုးရက ဝန္ႀကီးဌာန(၂၁)ခုကိုသာ ထားရွိမည္ဟု ျပည္ေထာင္စုလႊတ္ေတာ္နာယက မန္းဝင္းခိုင္သန္းက ေၾကျငာလိုက္သည္။

ဝန္ႀကီးဌာန ၂၁ခုႏွင့္ ဝန္ႀကီးဦးေရ (၁၈)ဦးတို႔ကိုသာထားရွိမည္ဟု မန္းဝင္းခိုင္သန္းက ဆိုသည္။

ႏုိင္ငံေတာ္သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ျခင္းခံရေသာ ဦးထင္ေက်ာ္ကတင္ျပေသာ ျပည္ေထာင္စုအစိုးရဝန္ႀကီးဌာနအေရအတြက္၊ အမည္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးဦးေရသတ္မွတ္ျခင္းတို႔ကို မတ္လ ၁၇ရက္ကျပဳလုပ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ မန္းဝင္းခိုင္သန္းက လႊတ္ေတာ္တြင္ တင္ျပလိုက္ျခင္းျဖစ္သည္။

လႊတ္ေတာ္အမတ္မ်ားအေနျဖင့္ ယင္းကိစၥအေပၚေဆြးေႏြးလိုပါက မနက္ျဖန္ မတ္လ ၁၈ရက္တြင္ ေဆြးေႏြးမည္ဟု မန္းဝင္းခိုင္သန္းက ေျပာသည္။

ထားရွိမည့္ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားမွာ
၁) ႏုိင္ငံျခားေရးဝန္ႀကီးဌာန
၂) စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန
၃) ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန
၄) ယဥ္ေက်းမႈႏွင့္ သာသနာေရးဝန္ႀကီးဌာန
၅) သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္းထိန္းသိမ္းေရးဝန္ႀကီးဌာန
၆) လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန
၇) အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန
၈) စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန
၉) စက္မႈဝန္ႀကီးဌာန
၁၀) က်န္းမာေရးဝန္ႀကီးဌာန
၁၁) ပညာေရးဝန္ႀကီးဌာန
၁၂)  ေဆာက္လုပ္ေရးဝန္ႀကီးဌာန
၁၃) လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန
၁၄) ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန
၁၅) စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန
၁၆) ျပန္ၾကားေရးဝန္ႀကီးဌာန
၁၇) တုိင္းရင္းသားေရးရာဝန္ႀကီးဌာန
၁၈) သမၼတ႐ံုးဝန္ႀကီးဌာန
၁၉) ကာကြယ္ေရးဝန္ႀကီးဌာန
၂၀) ျပည္ထဲေရးဝန္ႀကီးဌာန
၂၁) နယ္စပ္ေရးရာဝန္ႀကီးဌာနတို႔ ျဖစ္သည္။

- See more at: http://mizzimaburmese.com/article/12412#sthash.3vZ7hikF.dpuf
.....................
ဝန်ကြီးဌာန ( ၂၁) ခုသာ NLDအစိုးရထားရှိမည်
သတင်း  ပြည်တွင်း  နိုင်ငံရေး
မင်းမင်း

နေပြည်တော်(မတ်လ ၁၇ရက်)။ ။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဝန်ကြီးဌာန(၃၆)ခု ထားရှိခဲ့ရာမှ လာမည့်ဧပြီလ (၁)ရက်တွင် စတင်တာဝန်ထမ်းဆောင်မည့် NLDအစိုးရက ဝန်ကြီးဌာန(၂၁)ခုကိုသာ ထားရှိမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာလိုက်သည်။

ဝန်ကြီးဌာန ၂၁ခုနှင့် ဝန်ကြီးဦးရေ (၁၈)ဦးတို့ကိုသာထားရှိမည်ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်ကတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေသတ်မှတ်ခြင်းတို့ကို မတ်လ ၁၇ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မန်းဝင်းခိုင်သန်းက လွှတ်တော်တွင် တင်ပြလိုက်ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များအနေဖြင့် ယင်းကိစ္စအပေါ်ဆွေးနွေးလိုပါက မနက်ဖြန် မတ်လ ၁၈ရက်တွင် ဆွေးနွေးမည်ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ထားရှိမည့် ပြည်ထောင်စုဝန်ကြီးဌာနများမှာ
၁) နိုင်ငံခြားရေးဝန်ကြီးဌာန
၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၄) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန
၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉) စက်မှုဝန်ကြီးဌာန
၁၀) ကျန်းမာရေးဝန်ကြီးဌာန
၁၁) ပညာရေးဝန်ကြီးဌာန
၁၂)  ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆) ပြန်ကြားရေးဝန်ကြီးဌာန
၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈) သမ္မတရုံးဝန်ကြီးဌာန
၁၉) ကာကွယ်ရေးဝန်ကြီးဌာန
၂၀) ပြည်ထဲရေးဝန်ကြီးဌာန
၂၁) နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ဖြစ်သည်။

- See more at: http://mizzimaburmese.com/article/12412#sthash.3vZ7hikF.dpuf

No comments:

Post a Comment