Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

ကၽြန္မနဲ႔ ကၽြန္မရဲ႕သက္ရိွ Hero (သို႔) Living Icon

သံသာ၀င္း‬

မမီလိုက္ေပမယ့္ ငယ္စဥ္ကတည္းက နားရည္၀ေအာင္ ၾကားခဲ့ သိခဲ့ရတဲ့ နာမည္၊ ေက်ာင္းစာေပေတြက ေၾကညက္ေနေအာင္ သင္ၾကားေပး လိုက္တဲ့ သမိုင္းအေၾကာင္းေတြေၾကာင့္ “ဗိုလ္ခ်ဳပ္ေအာင္ဆန္း” ဆိုတာ ကၽြန္မရဲ႕ စိတ္ကူးထဲက တစ္ဦးတည္းေသာ “သမိုင္းသူရဲေကာင္း”၊ “သက္မဲ့ Hero”တစ္ေယာက္ေပါ့။ “ဗိုလ္ခ်ဳပ္သမီး”ဆိုတာ ၾကား႐ံုနဲ႔တင္ အန္တီက ကၽြန္မရဲ႕ စိတ္တစ္၀က္ေလာက္ကို အလိုလိုသိမ္းပိုက္ ထားၿပီးၿပီ။ ႏိုင္ငံေရး ဆိုတာ ဘာမွန္ လံုး၀မသိခ်ိန္မွာ ဒါဟာ သူမကို ေလးစားရျခင္းရဲ႕ ပထမအစ။ “ဗိုလ္ခ်ဳပ္သမီး” မို႔လို႔။

“ေအာင္ဆန္းစုၾကည္” ဆိုတဲ့ နာမည္ကို ေသေသခ်ာခ်ာရင္းႏွီးခဲ့တာက ကၽြန္မ အျဖဴအစိမ္း၀တ္ ေက်ာင္းသူဘ၀။ ၁၉၈၈ အေရးအခင္းျဖစ္ ေတာ့ ေရႊတိဂံုဘုရားေတာင္ဘက္မုခ္မွာ “ေဒၚေအာင္ဆန္းစုၾကည္”က လူထုကို ပထမဆံုး မိန္႔ခြန္းေျပာမယ္ဆိုတဲ့သတင္းေတြ ၾကားေတာ့ ကၽြန္မရဲ႕ စိတ္ကူးထဲက ဗိုလ္ခ်ဳပ္သမီးဆိုတာကို အရမ္းေတြ႕ခ်င္ခဲ့တာ ဘယ္လိုမွ တားလို႔မရ။ အိမ္ကို အႀကိမ္ႀကိမ္ ပူဆာ၊ ေနာက္ဆံုး ဘယ္လိုမွတားမရေတာ့ ကၽြန္မအေမကိုယ္တိုင္ ကားနဲ႔လိုက္ပို႔ရတဲ့အထိ။ လူေတြမ်ား တိုးလို႔ မေပါက္ေတာ့ လံုး၀မျမင္ခဲ့လိုက္ရဘူး။ အဲဒီမွာ အန္တီ့ကို စိတ္၀င္စားမႈက ပိုၿပီးျမင့္တက္ခဲ့တယ္။ ေနာက္ပိုင္း အန္တီ အက်ယ္ခ်ဳပ္က်သြားတဲ့ သတင္းေလာက္ပဲ ၾကားလိုက္ရတယ္။

၁၉၉၅ ခုႏွစ္မွာ အန္တီ အက်ယ္ခ်ဳပ္က ျပန္လြတ္လာတဲ့အခ်ိန္ ... ကၽြန္မ ဆယ္တန္းေအာင္ၿပီးသြားၿပီ။ စေန၊ တနဂၤေႏြရဲ႕ညေနဆိုရင္ ကၽြန္မနဲ႔ ကၽြန္မအစ္ကို “၅၄”ျခံေရွ႕ကို ေရာက္ေနၿပီ။ အန္တီ မိန္႔ခြန္းေျပာတယ္ဆိုလို႔။ အျပင္မွာ ပထမဦးဆံုးအႀကိမ္ အန္တီ့ကို အေ၀းကေန စေတြ႕ဖူးတဲ့အခ်ိန္။ အဲဒီမွာ ပထမဦးဆံုး သတိထားမိတာက အန္တီ့ရဲ႕ ျပတ္သားတဲ့အသံနဲ႔ စူးရွတဲ့ မ်က္လံုးေတြ။ ေနာက္ပိုင္းေတာ့ အန္တီ့ကို ေတြ႕ဖူးခ်င္တာထက္ အန္တီ့ရဲ႕ တန္ဖိုးရွိတဲ့စကားေတြ၊ မိန္႔ခြန္းေတြကို နားေထာင္ခ်င္လာတယ္။ အန္တီ့အေၾကာင္း ေျပာရရင္ေတာ့ အမ်ားႀကီးေပါ့။

အဲဒီအခ်ိန္မွာ ေလးစားမိတာက “ဗိုလ္ခ်ဳပ္သမီး” မဟုတ္ေတာ့ဘူး။ “ေဒၚေအာင္ဆန္းစုၾကည္”ဆိုတဲ့ အမ်ဳိးသမီးကို ျဖစ္သြားၿပီ။ မိန္႔ခြန္းထဲ မွာ ေတြ႕ရတဲ့ အန္တီ့ရဲ႕စိတ္ဓာတ္နဲ႔ အန္တီ့ရဲ႕ ပညာေတြ၊ တိုင္းျပည္ အေပၚထားတဲ့ မွန္ကန္တဲ့ ေစတနာေတြ၊ အမွန္နဲ႔အမွား ကို ျပတ္ျပတ္သားသား ေ၀ဖန္ေထာက္ျပရဲတဲ့သတၱိေတြ အမ်ားႀကီးပါပဲ။ အမွန္အတိုင္း ၀န္ခံရရင္ အန္တီ့အေၾကာင္း စိတ္၀င္စားျခင္းကေန ကိုယ့္ႏိုင္ငံအေရးကို စၿပီးစိတ္၀င္စားလာတယ္။

အဲဒီအခ်ိန္မွာ ႏိုင္ငံေရးဆိုတာ ေၾကာက္စရာေကာင္းတယ္လို႔ ထင္တဲ့လူေတြ၊ ေက်ာင္းစာကိုသာ စိတ္၀င္စားတဲ့ သူငယ္ခ်င္းေတြၾကားမွာ ကၽြန္မကေတာ့ ထူးဆန္းေနသလိုလို၊ Internet ေတြထဲမွာ အန္တီနဲ႔ ပတ္သက္သမွ်ေတြ ေလ့လာတယ္။ ဒီလိုနဲ႔ “ေဒၚေအာင္ဆန္းစုၾကည္” ဆိုတာ ကၽြန္မရဲ႕Inspiration ျဖစ္လာတယ္။

၁၉၉၆ ခုႏွစ္ရဲ႕ မနက္ခင္းတစ္ခုက ကၽြန္မဘ၀ရဲ႕ အႀကီးမားဆံုး အမွတ္တရတစ္ခုျဖစ္ခဲ့တယ္။ “ခြပ္ေဒါင္း ၀ိညာဥ္” နဲ႔ “၈၈ ေတာ္လွန္ေရးနဲ႔ စြန္႔လႊတ္ျခင္း” ဆိုတဲ့ အစိုးရဆန္႔က်င္တဲ့ သီခ်င္းႏွစ္ပုဒ္ကို ဦး၀င္းေမာ္ (ေရႊသံစဥ္)က ဦးစီးၿပီး သြင္းယူခဲ့တယ္။ မိဘေတြ မသိေအာင္ ကၽြန္မနဲ႔ ကၽြန္မအစ္ကိုလည္း ပါ၀င္သီဆိုခဲ့တယ္။ ကၽြန္မရဲ႕ ညီမငယ္ေလးက အန္တီ့ကိုေပးဖို႔ ကက္ဆက္ကာဗာေလးကို သူ႔ရဲ႕ ကြန္ပ်ဴတာေလးနဲ႔ ဖန္တီးၿပီး ထုတ္တယ္။ ႏိုင္ငံျခားသတင္းဌာနေတြရဲ႕ ေရဒီယုိအစီအစဥ္ေတြမွာ အဲဒီသီခ်င္းေတြကို လႊင့္ၾကတယ္။ ဦး၀င္းေမာ္ ေထာင္က်တယ္။ ကၽြန္မတို႔ေမာင္ႏွမေတြ ေထာင္ထဲ မေရာက္႐ံုတစ္မည္ အႀကိမ္ႀကိမ္ စစ္ေဆးေမးျမန္းခံရတယ္။ ကြန္ပ်ဴတာေလးလည္း သိမ္းဆည္းခံရတယ္။ ကၽြန္မတို႔အသက္အရြယ္နဲ႔ေတာ့ အဲဒီအေတြ႕အႀကံဳက ေတာ္ေတာ္ေၾကာက္ စရာေကာင္းခဲ့တယ္။ ေဒၚေအာင္ဆန္းစုၾကည္ မေျပာနဲ႔၊ NLD ပါတီ၀င္ တစ္ေယာက္ကို လက္ဆြဲႏႈတ္ဆက္႐ံုေလာက္နဲ႔တင္ ေထာင္ထဲ ထည့္ပစ္ႏိုင္တဲ့ ဆိုးရြားတဲ့ စစ္အာဏာရွင္စနစ္တစ္ခုေအာက္မွာ ပညာေရးမၿပီးျပတ္ေသးတဲ့ သူတို႔သားသမီးေတြရဲ႕ ဘ၀ေတြကို Risk ယူရေလာက္ေအာင္ေတာ့ မိဘေတြက ခြင့္မျပဳခဲ့ဘူး။ ဒီအျဖစ္အပ်က္ ကေလး ကေတာင္ ကၽြန္မတို႔ကို တုန္လႈပ္ေစခဲ့ရင္ မိန္းမသားတစ္ဦးအေနနဲ႔ သူ႔ဘ၀၊ သူ႔မိသားစုကို စြန္႔လႊတ္ၿပီး မေၾကာက္မရြံ႕ မတုန္မလႈပ္ ဘဲ တိုင္းျပည္ အတြက္ ေပးဆပ္ရဲတဲ့ အန္တီ့ရဲ႕ စိတ္ဓာတ္အားက ဘယ္လိုစိတ္မ်ဳိးလဲ လို႔ ေတြးမိလာတယ္။ သူမဟာ ကၽြန္မရဲ႕ ၿပဳိင္ဘက္မရွိတဲ့ စံျပလူသား တစ္ဦးပါပဲ။ ခဏေလး ခ်ဳိးႏွိမ္ခဲ့ရတဲ့ အဲဒီအခ်ိန္ေတြက ကၽြန္မ အတြက္ေတာ့ ႏိုင္ငံ့အေၾကာင္းနဲ႔ အန္တီ့အေၾကာင္းကို ပိုစိတ္၀င္စား လာေအာင္ တြန္းပို႔ေပးလိုက္သလိုပါပဲ။

၂၀၁၂ ခုႏွစ္က အန္တီ အက်ယ္ခ်ဳပ္က ထပ္လြတ္ၿပီးေနာက္ ပိုင္း ေတာင္ဒဂံုမွာရွိတဲ့ ေဒၚျဖဴျဖဴသင္းရဲ႕ AIDS ေရာဂါရွင္ေတြ ကို ေစာင့္ေရွာက္တဲ့ ေဂဟာေလးကို သြားေရာက္အားေပးတာကို အမွတ္တရ မွတ္မိေနခဲ့တယ္။ အန္တီေရာက္ၿပီး သိပ္မၾကာခင္မွာ ဦးေက်ာ္သူ နဲ႔ ေဒၚျမင့္ျမင့္ခင္ေဖတုိ႔က ဦးေဆာင္ၿပီး ဒံေပါက္နဲ႔ ေရခဲမုန္႔ေတြ အလွဴေပး ဖုိ႔သြားေတာ့ ကၽြန္မနဲ႔ ကိုအနဂၢလည္း တတ္ႏိုင္သေလာက္ ခြန္အားေပးဖုိ႔ ဆိုၿပီး လိုက္သြားၿပီး ပါ၀င္ခဲ့တယ္။ အဲဒီအလွဴရဲ႕ အက်ဳိးဆက္ကေတာ့ ကၽြန္မတို႔ႏွစ္ေယာက္ အႏုပညာအလုပ္ေတြ ေခတၱပိတ္ခံရတယ္။ ကၽြန္မဘ၀မွာ မေမ့ႏိုင္တဲ့ ေနာက္အမွတ္တရတစ္ခု။ အန္တီသြားခဲ့တဲ့ ေနရာေတြဆို သြားခ်င္မိတယ္။ အန္တီေျပာတဲ့ စကားေတြဆို ဂ႐ုတစိုက္ နားေထာင္မိတယ္။ သူမဟာ ကၽြန္မတို႔ႏိုင္ငံရဲ႕ တစ္ဦးတည္းေသာ ယံုၾကည္အားကိုးရာ လူထုေခါင္းေဆာင္ တစ္ေယာက္ ဆိုတာ ကၽြန္မအတြက္ ပိုေသခ်ာခဲ့တယ္။

“ျပည္သူေတြမပါဘဲနဲ႔ ဘာကိစၥမွ မၿပီးျပတ္ မေအာင္ျမင္ႏိုင္ဘူး”လို႔ အန္တီ့မိန္႔ခြန္းေတြထဲမွာ အျမဲပါတယ္။ ကၽြန္မကလည္း ျပည္သူ ထဲက ျပည္သူတစ္ေယာက္ျဖစ္တဲ့အတြက္ တတ္ႏိုင္တဲ့ဘက္က အျမဲ ကူညီအားျဖည့္ေပးခ်င္ပါတယ္။ ပညာေရးမွာပဲျဖစ္ျဖစ္၊ အလုပ္အကိုင္ အခြင့္အလမ္းေတြမွာပဲျဖစ္ျဖစ္ အျမဲေခ်ာင္ထိုးခံထားရတဲ့ ျမန္မာ အမ်ဳိးသမီးေတြဘက္က အန္တီက အျမဲရပ္တည္ေပးခဲ့တယ္။ ႏိုင္ငံေရး အခင္းအက်င္းေတြမွာ အမ်ဳိးသမီးေတြကို ဦးစားေပး ေရြးခ်ယ္တယ္။ အမ်ဳိးသမီးေတြမွာ အင္အားရွိတယ္ဆိုတာ သူကိုယ္တိုင္က သက္ေသထူခဲ့ တယ္။ “ကၽြန္မတို႔အမ်ဳိးသမီးေတြမွာ အရည္အခ်င္းရွိတယ္ဆိုတာ ယံုၾကည္ တယ္၊ ႐ုန္းကန္ႏိုင္တဲ့ အရည္အခ်င္းဆိုတာ နည္းတဲ့ အရည္အခ်င္း မဟုတ္ဘူး” ဆိုတဲ့ အန္တီ့ရဲ႕ စကားသံေတြက ကၽြန္မတို႔ အမ်ဳိးသမီးထု အတြက္ ခြန္အားျဖစ္ေစပါတယ္။

၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲမတုိင္မီက ထုတ္ေ၀တဲ့ “လြတ္လပ္ျမင့္မားေတးသံမ်ား” ဆိုတဲ့ မ်ဳိးခ်စ္စိတ္ဓာတ္ရွင္သန္ေရး သီခ်င္းေခြမွာ အမ်ဳိးသမီးေတြ ေရွ႕ထြက္သီဆိုတဲ့ သီခ်င္းေလးကို ကၽြန္မ ဥာဏ္စြမ္းရွိသေလာက္ ေရးသားသီဆိုခဲ့တယ္။ “သံမဏိလိုစိတ္ဓာတ္ အမွန္တရားအတြက္ ေရွ႕ဆက္၊ တို႔သမိုင္းကို ေရးမယ္” အဲဒီသီခ်င္းထဲက စာသားေတြက အန္တီ့ကို ကိုယ္စားျပဳခဲ့တယ္။ အမ်ဳိးသမီးေတြ တန္းတူအခြင့္အေရးနဲ႔ ဖိႏွိပ္ခံဘ၀က လြတ္ေျမာက္ေရးအတြက္လည္း “အမ်ဳိးသမီးေတြ ေရွ႕တက္”ဆိုတဲ့သီခ်င္း ေနာက္တစ္ပုဒ္ ေရးသားခဲ့တယ္။

အမွန္အတိုင္း၀န္ခံရရင္ ကၽြန္မသီခ်င္းေရးတဲ့ ပညာရွင္မဟုတ္ပါဘူး။ ကၽြမ္းလည္း မကၽြမ္းက်င္ပါဘူး။ ဒါေပမဲ့ အန္တီ့ရဲ႕ လႊမ္းမိုးမႈက ကၽြန္မအေပၚ ဘယ္ေလာက္မ်ားသလဲဆိုရင္ စာသားေလးေတြနဲ႔ သီခ်င္းေလးေတြ ဖန္တီးခ်င္လာတဲ့အထိပါပဲ။ ကၽြန္မတို႔ႏိုင္ငံရဲ႕ အႀကီးမားဆံုး ႏိုင္ငံေရး အခ်ဳိးအေကြ႕တစ္ခုျဖစ္တဲ့ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအတြက္ “NLD ႏိုင္ရမည္ ” လို႔ အစျပဳတဲ့ “ခြပ္ေဒါင္းမာန္ခ်ီ NLD” သီခ်င္းေလးကို ဖန္တီးျဖစ္ႏိုင္ျခင္းက ကၽြန္မအတြက္ ဘာနဲ႔မွ မလဲႏိုင္တဲ့ ၀မ္းသာပီတိပါ။ မဲဆြယ္စည္း႐ံုးေရးကာလတစ္ေလွ်ာက္မွာ အဲဒီသီခ်င္းေလး ရဲ႕ ေအာင္ျမင္မႈအင္အားက လူေတာ္ေတာ္မ်ားမ်ားရဲ႕ ႏိုင္ငံေရးစိတ္ ကို ႂကြေစခဲ့တယ္။ ဆြဲေဆာင္သိမ္းသြင္းႏိုင္ခဲ့တယ္။ “ NLD ႏိုင္ရ မည္၊ ျပည္သူ႔ပါတီ ႏိုင္ရမည္” ဆိုတဲ့အတိုင္း ကၽြန္မတုိ႔အေနနဲ႔ တကယ္လည္း ျပတ္ျပတ္သားသား အႏိုင္ရခဲ့တယ္။ ကၽြန္မစိတ္ထဲမွာေတာ့ အန္တီ့အတြက္ ကၽြန္မအေနနဲ႔ ဒီသီခ်င္းေလးနဲ႔ ထိုက္ထိုက္တန္တန္ ျပန္ လည္ေပးဆပ္ခဲ့တယ္၊ တာ၀န္ေက်ခဲ့တယ္လို႔ ခံစားရတဲ့ အသိက ဘာနဲ႔မွမလဲႏိုင္တဲ့ ၀မ္းသာပီတိပါ။ ကၽြန္မဘ၀ရဲ႕ ေနာက္ထပ္ အမွတ္တရတစ္ခုပါ။

၂၇ ႏွစ္ဆိုတဲ့ ရွည္လ်ားတဲ့အခ်ိန္ကာလတစ္ခုကို ၾကံ့ၾကံ့ခံႏိုင္တဲ့ စိတ္စြမ္းအားနဲ႔ တိုင္းျပည္အေရး၊ ဒီမိုကေရစီအေရးကို တစိုက္မတ္မတ္ သစၥာရွိရွိ စြမ္းေဆာင္ႏိုင္ဖို႔ဆိုတာ ေတာ္႐ံုသမာဓိနဲ႔ မရႏိုင္ပါဘူး။ အန္တီဟာ သမာဓိအားေကာင္းသူ၊ စြမ္းအားေတြရွိသူ၊ ေမတၱာအျပည့္ရိွသူ၊ လြတ္လပ္ျခင္း၊ ၿငိမ္းခ်မ္းျခင္းနဲ႔ တရားမွ်တျခင္းရဲ႕ “သေကၤတ”၊ ကၽြန္မတို ႔ႏိုင္ငံအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ရွားရွားပါးပါး ေခါင္းေဆာင္ပါပဲ။

တိမ္ျမဳပ္ေပ်ာက္ကြယ္ေခ်ာင္ထိုးခံထားရတဲ့ ကၽြန္မတို႔ႏိုင္ငံဟာ အမ်ဳိးသမီးတစ္ေယာက္ရဲ႕ စြမ္းေဆာင္မႈေၾကာင့္ ကမၻာ့အလယ္ မွာ ျပန္လည္မ်က္ႏွာပြင့္ၿပီး စိတ္၀င္စားစရာတစ္ခု ျဖစ္လာတယ္။ ကေမာက္ကမျဖစ္ေနတဲ့ ျမန္မာ့ႏိုင္ငံေရးကို ၿငိမ္းခ်မ္းေရးအသြင္နဲ႔ ဒီမိုကေရစီအကူးအေျပာင္းကို ညင္သာစြာ ကိုင္တြယ္ႏိုင္ခဲ့တယ္။

ကၽြန္မတို႔ႏိုင္ငံမွာ ဒီလိုအရည္အခ်င္းရွိတဲ့ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ရွိေနတဲ့အတြက္ ဂုဏ္ယူတယ္။ အဲဒီေခါင္းေဆာင္ဟာ အမ်ဳိးသမီးတစ္ဦးျဖစ္ေနတဲ့အတြက္ ပိုၿပီးဂုဏ္ယူတယ္။ ဂုဏ္ယူမဆံုးကေတာ့ အဲဒီအမ်ဳိးသမီးဟာ ကၽြန္မဘ၀ရဲ႕ပထမဆံုး သက္ရွိ “Hero ” ကၽြန္မရဲ႕ “ေဒၚေအာင္ဆန္းစုၾကည္” ျဖစ္ေနလို႔ပါပဲ။

#သံသာ၀င္း

"လူထုရဲ႕ေခါင္းေဆာင္အတြက္ သူတို႔ရင္ထဲမွစကားမ်ား"
Eternal Light Magazine
March 2016
၅ႏွစ္ျပည့္အထူးထုတ္
.....................
" ကျွန်မနဲ့ ကျွန်မရဲ့သက်ရှိ Hero (သို့) Living Icon "

‪#သံသာဝင်း‬

မမီလိုက်ပေမယ့် ငယ်စဉ်ကတည်းက နားရည်ဝအောင် ကြားခဲ့ သိခဲ့ရတဲ့ နာမည်၊ ကျောင်းစာပေတွေက ကြေညက်နေအောင် သင်ကြားပေး လိုက်တဲ့ သမိုင်းအကြောင်းတွေကြောင့် “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ ကျွန်မရဲ့ စိတ်ကူးထဲက တစ်ဦးတည်းသော “သမိုင်းသူရဲကောင်း”၊ “သက်မဲ့ Hero”တစ်ယောက်ပေါ့။ “ဗိုလ်ချုပ်သမီး”ဆိုတာ ကြားရုံနဲ့တင် အန်တီက ကျွန်မရဲ့ စိတ်တစ်ဝက်လောက်ကို အလိုလိုသိမ်းပိုက် ထားပြီးပြီ။ နိုင်ငံရေး ဆိုတာ ဘာမှန် လုံးဝမသိချိန်မှာ ဒါဟာ သူမကို လေးစားရခြင်းရဲ့ ပထမအစ။ “ဗိုလ်ချုပ်သမီး” မို့လို့။

“အောင်ဆန်းစုကြည်” ဆိုတဲ့ နာမည်ကို သေသေချာချာရင်းနှီးခဲ့တာက ကျွန်မ အဖြူအစိမ်းဝတ် ကျောင်းသူဘဝ။ ၁၉၈၈ အရေးအခင်းဖြစ် တော့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ “ဒေါ်အောင်ဆန်းစုကြည်”က လူထုကို ပထမဆုံး မိန့်ခွန်းပြောမယ်ဆိုတဲ့သတင်းတွေ ကြားတော့ ကျွန်မရဲ့ စိတ်ကူးထဲက ဗိုလ်ချုပ်သမီးဆိုတာကို အရမ်းတွေ့ချင်ခဲ့တာ ဘယ်လိုမှ တားလို့မရ။ အိမ်ကို အကြိမ်ကြိမ် ပူဆာ၊ နောက်ဆုံး ဘယ်လိုမှတားမရတော့ ကျွန်မအမေကိုယ်တိုင် ကားနဲ့လိုက်ပို့ရတဲ့အထိ။ လူတွေများ တိုးလို့ မပေါက်တော့ လုံးဝမမြင်ခဲ့လိုက်ရဘူး။ အဲဒီမှာ အန်တီ့ကို စိတ်ဝင်စားမှုက ပိုပြီးမြင့်တက်ခဲ့တယ်။ နောက်ပိုင်း အန်တီ အကျယ်ချုပ်ကျသွားတဲ့ သတင်းလောက်ပဲ ကြားလိုက်ရတယ်။

၁၉၉၅ ခုနှစ်မှာ အန်တီ အကျယ်ချုပ်က ပြန်လွတ်လာတဲ့အချိန် ... ကျွန်မ ဆယ်တန်းအောင်ပြီးသွားပြီ။ စနေ၊ တနင်္ဂနွေရဲ့ညနေဆိုရင် ကျွန်မနဲ့ ကျွန်မအစ်ကို “၅၄”ခြံရှေ့ကို ရောက်နေပြီ။ အန်တီ မိန့်ခွန်းပြောတယ်ဆိုလို့။ အပြင်မှာ ပထမဦးဆုံးအကြိမ် အန်တီ့ကို အဝေးကနေ စတွေ့ဖူးတဲ့အချိန်။ အဲဒီမှာ ပထမဦးဆုံး သတိထားမိတာက အန်တီ့ရဲ့ ပြတ်သားတဲ့အသံနဲ့ စူးရှတဲ့ မျက်လုံးတွေ။ နောက်ပိုင်းတော့ အန်တီ့ကို တွေ့ဖူးချင်တာထက် အန်တီ့ရဲ့ တန်ဖိုးရှိတဲ့စကားတွေ၊ မိန့်ခွန်းတွေကို နားထောင်ချင်လာတယ်။ အန်တီ့အကြောင်း ပြောရရင်တော့ အများကြီးပေါ့။

အဲဒီအချိန်မှာ လေးစားမိတာက “ဗိုလ်ချုပ်သမီး” မဟုတ်တော့ဘူး။ “ဒေါ်အောင်ဆန်းစုကြည်”ဆိုတဲ့ အမျိုးသမီးကို ဖြစ်သွားပြီ။ မိန့်ခွန်းထဲ မှာ တွေ့ရတဲ့ အန်တီ့ရဲ့စိတ်ဓာတ်နဲ့ အန်တီ့ရဲ့ ပညာတွေ၊ တိုင်းပြည် အပေါ်ထားတဲ့ မှန်ကန်တဲ့ စေတနာတွေ၊ အမှန်နဲ့အမှား ကို ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြရဲတဲ့သတ္တိတွေ အများကြီးပါပဲ။ အမှန်အတိုင်း ၀န်ခံရရင် အန်တီ့အကြောင်း စိတ်ဝင်စားခြင်းကနေ ကိုယ့်နိုင်ငံအရေးကို စပြီးစိတ်ဝင်စားလာတယ်။

အဲဒီအချိန်မှာ နိုင်ငံရေးဆိုတာ ကြောက်စရာကောင်းတယ်လို့ ထင်တဲ့လူတွေ၊ ကျောင်းစာကိုသာ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်မကတော့ ထူးဆန်းနေသလိုလို၊ Internet တွေထဲမှာ အန်တီနဲ့ ပတ်သက်သမျှတွေ လေ့လာတယ်။ ဒီလိုနဲ့ “ဒေါ်အောင်ဆန်းစုကြည်” ဆိုတာ ကျွန်မရဲ့Inspiration ဖြစ်လာတယ်။

၁၉၉၆ ခုနှစ်ရဲ့ မနက်ခင်းတစ်ခုက ကျွန်မဘဝရဲ့ အကြီးမားဆုံး အမှတ်တရတစ်ခုဖြစ်ခဲ့တယ်။ “ခွပ်ဒေါင်း ၀ိညာဉ်” နဲ့ “၈၈ တော်လှန်ရေးနဲ့ စွန့်လွှတ်ခြင်း” ဆိုတဲ့ အစိုးရဆန့်ကျင်တဲ့ သီချင်းနှစ်ပုဒ်ကို ဦးဝင်းမော် (ရွှေသံစဉ်)က ဦးစီးပြီး သွင်းယူခဲ့တယ်။ မိဘတွေ မသိအောင် ကျွန်မနဲ့ ကျွန်မအစ်ကိုလည်း ပါ၀င်သီဆိုခဲ့တယ်။ ကျွန်မရဲ့ ညီမငယ်လေးက အန်တီ့ကိုပေးဖို့ ကက်ဆက်ကာဗာလေးကို သူ့ရဲ့ ကွန်ပျူတာလေးနဲ့ ဖန်တီးပြီး ထုတ်တယ်။ နိုင်ငံခြားသတင်းဌာနတွေရဲ့ ရေဒီယိုအစီအစဉ်တွေမှာ အဲဒီသီချင်းတွေကို လွှင့်ကြတယ်။ ဦးဝင်းမော် ထောင်ကျတယ်။ ကျွန်မတို့မောင်နှမတွေ ထောင်ထဲ မရောက်ရုံတစ်မည် အကြိမ်ကြိမ် စစ်ဆေးမေးမြန်းခံရတယ်။ ကွန်ပျူတာလေးလည်း သိမ်းဆည်းခံရတယ်။ ကျွန်မတို့အသက်အရွယ်နဲ့တော့ အဲဒီအတွေ့အကြုံက တော်တော်ကြောက် စရာကောင်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့၊ NLD ပါတီဝင် တစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ရုံလောက်နဲ့တင် ထောင်ထဲ ထည့်ပစ်နိုင်တဲ့ ဆိုးရွားတဲ့ စစ်အာဏာရှင်စနစ်တစ်ခုအောက်မှာ ပညာရေးမပြီးပြတ်သေးတဲ့ သူတို့သားသမီးတွေရဲ့ ဘဝတွေကို Risk ယူရလောက်အောင်တော့ မိဘတွေက ခွင့်မပြုခဲ့ဘူး။ ဒီအဖြစ်အပျက် ကလေး ကတောင် ကျွန်မတို့ကို တုန်လှုပ်စေခဲ့ရင် မိန်းမသားတစ်ဦးအနေနဲ့ သူ့ဘဝ၊ သူ့မိသားစုကို စွန့်လွှတ်ပြီး မကြောက်မရွံ့ မတုန်မလှုပ် ဘဲ တိုင်းပြည် အတွက် ပေးဆပ်ရဲတဲ့ အန်တီ့ရဲ့ စိတ်ဓာတ်အားက ဘယ်လိုစိတ်မျိုးလဲ လို့ တွေးမိလာတယ်။ သူမဟာ ကျွန်မရဲ့ ပြိုင်ဘက်မရှိတဲ့ စံပြလူသား တစ်ဦးပါပဲ။ ခဏလေး ချိုးနှိမ်ခဲ့ရတဲ့ အဲဒီအချိန်တွေက ကျွန်မ အတွက်တော့ နိုင်ငံ့အကြောင်းနဲ့ အန်တီ့အကြောင်းကို ပိုစိတ်ဝင်စား လာအောင် တွန်းပို့ပေးလိုက်သလိုပါပဲ။

၂၀၁၂ ခုနှစ်က အန်တီ အကျယ်ချုပ်က ထပ်လွတ်ပြီးနောက် ပိုင်း တောင်ဒဂုံမှာရှိတဲ့ ဒေါ်ဖြူဖြူသင်းရဲ့ AIDS ရောဂါရှင်တွေ ကို စောင့်ရှောက်တဲ့ ဂေဟာလေးကို သွားရောက်အားပေးတာကို အမှတ်တရ မှတ်မိနေခဲ့တယ်။ အန်တီရောက်ပြီး သိပ်မကြာခင်မှာ ဦးကျော်သူ နဲ့ ဒေါ်မြင့်မြင့်ခင်ဖေတို့က ဦးဆောင်ပြီး ဒံပေါက်နဲ့ ရေခဲမုန့်တွေ အလှူပေး ဖို့သွားတော့ ကျွန်မနဲ့ ကိုအနဂ္ဂလည်း တတ်နိုင်သလောက် ခွန်အားပေးဖို့ ဆိုပြီး လိုက်သွားပြီး ပါ၀င်ခဲ့တယ်။ အဲဒီအလှူရဲ့ အကျိုးဆက်ကတော့ ကျွန်မတို့နှစ်ယောက် အနုပညာအလုပ်တွေ ခေတ္တပိတ်ခံရတယ်။ ကျွန်မဘဝမှာ မမေ့နိုင်တဲ့ နောက်အမှတ်တရတစ်ခု။ အန်တီသွားခဲ့တဲ့ နေရာတွေဆို သွားချင်မိတယ်။ အန်တီပြောတဲ့ စကားတွေဆို ဂရုတစိုက် နားထောင်မိတယ်။ သူမဟာ ကျွန်မတို့နိုင်ငံရဲ့ တစ်ဦးတည်းသော ယုံကြည်အားကိုးရာ လူထုခေါင်းဆောင် တစ်ယောက် ဆိုတာ ကျွန်မအတွက် ပိုသေချာခဲ့တယ်။

“ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မပြီးပြတ် မအောင်မြင်နိုင်ဘူး”လို့ အန်တီ့မိန့်ခွန်းတွေထဲမှာ အမြဲပါတယ်။ ကျွန်မကလည်း ပြည်သူ ထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် တတ်နိုင်တဲ့ဘက်က အမြဲ ကူညီအားဖြည့်ပေးချင်ပါတယ်။ ပညာရေးမှာပဲဖြစ်ဖြစ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေမှာပဲဖြစ်ဖြစ် အမြဲချောင်ထိုးခံထားရတဲ့ မြန်မာ အမျိုးသမီးတွေဘက်က အန်တီက အမြဲရပ်တည်ပေးခဲ့တယ်။ နိုင်ငံရေး အခင်းအကျင်းတွေမှာ အမျိုးသမီးတွေကို ဦးစားပေး ရွေးချယ်တယ်။ အမျိုးသမီးတွေမှာ အင်အားရှိတယ်ဆိုတာ သူကိုယ်တိုင်က သက်သေထူခဲ့ တယ်။ “ကျွန်မတို့အမျိုးသမီးတွေမှာ အရည်အချင်းရှိတယ်ဆိုတာ ယုံကြည် တယ်၊ ရုန်းကန်နိုင်တဲ့ အရည်အချင်းဆိုတာ နည်းတဲ့ အရည်အချင်း မဟုတ်ဘူး” ဆိုတဲ့ အန်တီ့ရဲ့ စကားသံတွေက ကျွန်မတို့ အမျိုးသမီးထု အတွက် ခွန်အားဖြစ်စေပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက ထုတ်ဝေတဲ့ “လွတ်လပ်မြင့်မားတေးသံများ” ဆိုတဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး သီချင်းခွေမှာ အမျိုးသမီးတွေ ရှေ့ထွက်သီဆိုတဲ့ သီချင်းလေးကို ကျွန်မ ဉာဏ်စွမ်းရှိသလောက် ရေးသားသီဆိုခဲ့တယ်။ “သံမဏိလိုစိတ်ဓာတ် အမှန်တရားအတွက် ရှေ့ဆက်၊ တို့သမိုင်းကို ရေးမယ်” အဲဒီသီချင်းထဲက စာသားတွေက အန်တီ့ကို ကိုယ်စားပြုခဲ့တယ်။ အမျိုးသမီးတွေ တန်းတူအခွင့်အရေးနဲ့ ဖိနှိပ်ခံဘဝက လွတ်မြောက်ရေးအတွက်လည်း “အမျိုးသမီးတွေ ရှေ့တက်”ဆိုတဲ့သီချင်း နောက်တစ်ပုဒ် ရေးသားခဲ့တယ်။

အမှန်အတိုင်းဝန်ခံရရင် ကျွန်မသီချင်းရေးတဲ့ ပညာရှင်မဟုတ်ပါဘူး။ ကျွမ်းလည်း မကျွမ်းကျင်ပါဘူး။ ဒါပေမဲ့ အန်တီ့ရဲ့ လွှမ်းမိုးမှုက ကျွန်မအပေါ် ဘယ်လောက်များသလဲဆိုရင် စာသားလေးတွေနဲ့ သီချင်းလေးတွေ ဖန်တီးချင်လာတဲ့အထိပါပဲ။ ကျွန်မတို့နိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံရေး အချိုးအကွေ့တစ်ခုဖြစ်တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် “NLD နိုင်ရမည် ” လို့ အစပြုတဲ့ “ခွပ်ဒေါင်းမာန်ချီ NLD” သီချင်းလေးကို ဖန်တီးဖြစ်နိုင်ခြင်းက ကျွန်မအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ၀မ်းသာပီတိပါ။ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်မှာ အဲဒီသီချင်းလေး ရဲ့ အောင်မြင်မှုအင်အားက လူတော်တော်များများရဲ့ နိုင်ငံရေးစိတ် ကို ကြွစေခဲ့တယ်။ ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့တယ်။ “ NLD နိုင်ရ မည်၊ ပြည်သူ့ပါတီ နိုင်ရမည်” ဆိုတဲ့အတိုင်း ကျွန်မတို့အနေနဲ့ တကယ်လည်း ပြတ်ပြတ်သားသား အနိုင်ရခဲ့တယ်။ ကျွန်မစိတ်ထဲမှာတော့ အန်တီ့အတွက် ကျွန်မအနေနဲ့ ဒီသီချင်းလေးနဲ့ ထိုက်ထိုက်တန်တန် ပြန် လည်ပေးဆပ်ခဲ့တယ်၊ တာဝန်ကျေခဲ့တယ်လို့ ခံစားရတဲ့ အသိက ဘာနဲ့မှမလဲနိုင်တဲ့ ၀မ်းသာပီတိပါ။ ကျွန်မဘဝရဲ့ နောက်ထပ် အမှတ်တရတစ်ခုပါ။

၂၇ နှစ်ဆိုတဲ့ ရှည်လျားတဲ့အချိန်ကာလတစ်ခုကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်စွမ်းအားနဲ့ တိုင်းပြည်အရေး၊ ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် သစ္စာရှိရှိ စွမ်းဆောင်နိုင်ဖို့ဆိုတာ တော်ရုံသမာဓိနဲ့ မရနိုင်ပါဘူး။ အန်တီဟာ သမာဓိအားကောင်းသူ၊ စွမ်းအားတွေရှိသူ၊ မေတ္တာအပြည့်ရှိသူ၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ တရားမျှတခြင်းရဲ့ “သင်္ကေတ”၊ ကျွန်မတို ့နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ ရှားရှားပါးပါး ခေါင်းဆောင်ပါပဲ။

တိမ်မြုပ်ပျောက်ကွယ်ချောင်ထိုးခံထားရတဲ့ ကျွန်မတို့နိုင်ငံဟာ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ကမ္ဘာ့အလယ် မှာ ပြန်လည်မျက်နှာပွင့်ပြီး စိတ်ဝင်စားစရာတစ်ခု ဖြစ်လာတယ်။ ကမောက်ကမဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးကို ငြိမ်းချမ်းရေးအသွင်နဲ့ ဒီမိုကရေစီအကူးအပြောင်းကို ညင်သာစွာ ကိုင်တွယ်နိုင်ခဲ့တယ်။

ကျွန်မတို့နိုင်ငံမှာ ဒီလိုအရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ရှိနေတဲ့အတွက် ဂုဏ်ယူတယ်။ အဲဒီခေါင်းဆောင်ဟာ အမျိုးသမီးတစ်ဦးဖြစ်နေတဲ့အတွက် ပိုပြီးဂုဏ်ယူတယ်။ ဂုဏ်ယူမဆုံးကတော့ အဲဒီအမျိုးသမီးဟာ ကျွန်မဘဝရဲ့ပထမဆုံး သက်ရှိ “Hero ” ကျွန်မရဲ့ “ဒေါ်အောင်ဆန်းစုကြည်” ဖြစ်နေလို့ပါပဲ။

#သံသာဝင်း

"လူထုရဲ့ခေါင်းဆောင်အတွက် သူတို့ရင်ထဲမှစကားများ"
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်

No comments:

Post a Comment