CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, March 16, 2016
စည္းလုံးေရးနဲ႔ တည္ၿငိမ္ေရး ေဖာ္ေဆာင္ဖုိ႔ ျမန္မာသမၼတသစ္ကုိ ကုလတုိက္တြန္း
ျမန္မာႏုိင္ငံမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဆုံး အရပ္သားသမၼတအျဖစ္ ဦးထင္ေက်ာ္ကုိ ျပည္ေထာင္စုလႊတ္ေတာ္က မတ္လ ၁၅ ရက္ေန႔မွာ တခဲနက္ ေရြးခ်ယ္ တင္ေျမႇာက္လုိက္ၾကတဲ့အေပၚ ႏုိင္ငံတကာရဲ႕ တုံ႔ျပန္မႈေတြ ဆက္လက္ ထြက္ေပၚလာေနတာမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ ဘန္ကီမြန္းကလည္း ၀မ္းေျမာက္ဂုဏ္ယူေၾကာင္း ေျပာၾကားလုိက္ၿပီး ျမန္မာႏုိင္ငံ စည္းလုံး ညီညြတ္ဖုိ႔အတြက္ အေရးပါတဲ့ ပုဂၢဳိလ္ေတြအားလုံး လက္တြဲေဆာင္ရြက္ၾကဖုိ႔ တုိက္တြန္းေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလုိက္ပါတယ္။
အလားတူပဲ EU နဲ႔ ျမန္မာအိမ္နီးခ်င္း ႏုိင္ငံေတြကလည္း ဦးထင္ေက်ာ္ သမၼတအျဖစ္ ေရြးခ်ယ္ တင္ေျမႇာက္ခံရတဲ့အေပၚ ၀မ္းေျမာက္ႀကိဳဆုိေၾကာင္း သေဘာထားေတြ ထုတ္ျပန္ခဲ့ၾကပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က စုစည္း တင္ျပထားပါတယ္။
ဦးထင္ေက်ာ္ ႏုိင္ငံေတာ္သမၼတအျဖစ္ ေရြးခ်ယ္ တင္ေျမႇာက္ခံရမႈအတြက္ ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ဘန္ကီမြန္းက ေျပာၾကားေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရပုဂၢဳိလ္ Stephane Dujarric က ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ ပုံမွန္သတင္းစာ ရွင္းလင္းပြဲအတြင္း ေျပာၾကားလုိက္ပါတယ္။
“၂၀၁၅ ႏို၀င္ဘာ ၈ ရက္ ႏုိင္ငံရဲ႕ သမိုင္း၀င္ ေရြးေကာက္ပဲြေတြအၿပီး လႊတ္ေတာ္ကေန ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ျမန္မာႏုိင္ငံရဲ႕ ပထမဆံုး အရပ္သား သမၼတကို ေရြးခ်ယ္ခဲ့တဲ့အတြက္ အတြင္းေရးမႉးခ်ဳပ္က ခ်ီးက်ဴးဂုဏ္ျပဳပါတယ္။ ဒါဟာ မၾကာခင္ သက္တမ္းကုန္ဆံုးေတာ့မယ့္ အစိုးရက အစပ်ိဳးခဲ့တဲ့ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈေတြကို ေရွး႐ႈေဆာင္ရြက္ႏုိင္မယ့္ ထူးျခားတဲ့ ေအာင္ျမင္မႈတရပ္လည္း ျဖစ္ပါတယ္။”
ဒါ့အျပင္ ျမန္မာႏုိင္ငံ စည္းလုံးညီညြတ္ေရးနဲ႔ တည္ၿငိမ္းေရးတုိ႔အတြက္ အေရးပါတဲ့ ပုဂၢဳိလ္ေတြအားလုံး ပူးေပါင္း ေဆာင္ရြက္ၾကဖုိ႔ အတြက္လည္း အတြင္းေရးမွဴးခ်ဳပ္ ဘန္ကီမြန္းက သမၼတသစ္ကို တုိက္တြန္း ေျပာၾကားလုိက္ေၾကာင္း Stephane Dujarric က ဆက္ေျပာပါတယ္။
“ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ဒီမိုကေရစီနဲ႔ အမ်ိဳးသားျပန္လည္ ရင္ၾကားေစ့ေရး လမ္းေၾကာင္းေပၚမွာ ခိုင္ခိုင္မာမာ ဆက္လက္ ေလွ်ာက္လွမ္းႏုိင္ၾကလိမ့္မယ္လို႔ အတြင္းေရးမႉးခ်ဳပ္က ေမွ်ာ္လင့္ပါတယ္။ အသြင္ကူးေျပာင္းေရးကာလရဲ႕ အထင္ကရက်လွတဲ့ အခုလို အခ်ိန္မ်ိဳးမွာ သမၼတအျဖစ္ ေရြးခ်ယ္ခံရသူ ဦးထင္ေက်ာ္နဲ႔အတူ တျခား အဓိကက်တဲ့ ေခါင္းေဆာင္ေတြအေနနဲ႔ ႏုိင္ငံရဲ႕ စည္းလံုးညီညြတ္ေရးနဲ႔ တည္ၿငိမ္ေရးကို အားျဖည့္ရာမွာ ေခ်ာေမြ႔ၿပီးေတာ့ ၿငိမ္းခ်မ္းစြာ ေဖာ္ေဆာင္ႏုိင္ေရးအတြက္ အားလံုး ပါ၀င္ လုပ္ေဆာင္ၾကဖို႔ကိုလည္း အတြင္းေရးမႉးခ်ဳပ္က တုိက္တြန္းပါတယ္။”
ျမန္မာႏုိင္ငံသူ၊ ႏုိင္ငံသားေတြအတြက္ ၿငိမ္းခ်မ္းေရး၊ ဖြံ႔ၿဖိဳးမႈ၊ လူ႔အခြင့္အေရး အေျခအေနနဲ႔ တရားဥပေဒ စုိးမုိးေရးတုိ႔အတြက္ လုပ္ေဆာင္ရာမွာလည္း ကုလသမဂၢအေနနဲ႔ ကူညီေဆာင္ရြက္ေပးသြားဖုိ႔ အဆင္သင့္ရွိတဲ့အေၾကာင္း အတြင္းေရးမွဴးခ်ဳပ္က ထပ္ေထာင္း အတည္ျပဳ ေျပာၾကားခဲ့တယ္လုိ႔ Stephane Dujarric က ထည့္သြင္း ေျပာဆုိသြားပါတယ္။
အလားတူပဲ EU - ဥေရာပသမဂၢအေနနဲ႔ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ဒီမုိကေရစီနည္းအရ ဦးထင္ေက်ာ္ သမၼတအျဖစ္ ေရြးခ်ယ္ တင္ေျမႇာက္ခံမႈအေပၚ ေႏြးေထြးစြာ ႀကိဳဆုိေၾကာင္း၊ ျမန္မာႏုိင္ငံရဲ႕ မိတ္ေဆြျဖစ္လည္းျဖစ္၊ ျပဳျပင္ေျပာင္းလဲေရးကုိ ေထာက္ခံ အားေပးသူလည္းျဖစ္တဲ့ EU အေနနဲ႔ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ ေရရွည္တည္တန္႔ၿပီး သာယာ၀ေျပာတဲ့ ႏုိင္ငံျဖစ္လာေရးအတြက္ သမၼတ ဦးထင္ေက်ာ္အပါအ၀င္ မၾကာခင္ ထြက္ေပၚလာမယ့္ အစုိးရသစ္နဲ႔အတူ လက္တြဲ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ဥေရာပမူ၀ါဒေရးရာနဲ႔ လုံၿခံဳေရးဆုိင္ရာ အႀကီးအကဲ Federica Mogherini ရဲ႕ ေျပာခြင့္ရအမ်ဳိးသမီး Maja Kocijancic က ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလုိက္ပါတယ္။
ျပင္သစ္ ႏုိင္ငံျခားေရး၀န္ႀကီး Jean-Marc Ayrault ကလည္း ဦးထင္ေက်ာ္ သမၼတအျဖစ္ ေရြးခ်ယ္ တင္ေျမႇာက္ခံရမႈအေပၚ ႀကိဳဆုိေၾကာင္းနဲ႔ လႊတ္ေတာ္က ေပးအပ္လုိက္တဲ့ အေရးပါတဲ့ တာ၀န္ေတြကုိ ထမ္းေဆာင္ေတာ့မယ့္ သူ႔အေနနဲ႔ ေအာင္ျမင္မႈေတြ ရရွိႏုိင္ေရးအတြက္ ဆုမြန္ေကာင္း ေတာင္းလုိက္ပါေၾကာင္း မတ္လ ၁၆ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ေရြးေကာက္ပြဲမွာ အျပတ္အသတ္ အႏုိင္ရၿပီးတဲ့ေနာက္ ဦးထင္ေက်ာ္ သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမႇာက္ခံရတာဟာ တုိင္းျပည္အတြင္းမွာ ျပဳျပင္ေျပာင္းလဲမႈေတြ ဆက္လက္ ျဖစ္ေပၚေနတယ္ဆုိတဲ့ ျပယုတ္ျဖစ္ေၾကာင္းလည္း ႏုိင္ငံျခားေရး၀န္ႀကီး Jean-Marc Ayrault ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အာဆီယံအဖြဲ႔၀င္ ႏုိင္ငံေတြျဖစ္ၾကတဲ့ အင္ဒုိနီးရွား၊ မေလးရွားနဲ႔ ကေမၻာဒီးယား ႏုိင္ငံေတြအျပင္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကလည္း ဦးထင္ေက်ာ္ သမၼတအျဖစ္ ေရြးခ်ယ္ တင္ေျမႇာက္ခံရမႈအေပၚ ခ်ီးက်ဴး ဂုဏ္ျပဳေၾကာင္း မေန႔က ေျပာဆုိခဲ့ၾကပါတယ္။
ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးးကလည္း ဦးထင္ေက်ာ္ သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမာက္ခံရမႈအတြက္ ဂုဏ္ယူ ၀မ္းေျမာက္ေၾကာင္း၊ ေရွ႕ဆက္လွမ္းရမယ့္ ကိစၥအရပ္ရပ္အတြက္ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီညြတ္ေရး၊ ဖြံ႔ၿဖိဳးတုိးတက္ေရးတုိ႔အတြက္ ဆက္လက္ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း မတ္လ ၁၅ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
ျမန္မာႏုိင္ငံရဲ႕ လႊတ္ေတာ္အတြင္း တပ္မေတာ္သား ကုိယ္စားလွယ္ ၂၅% ပါ၀င္ေနတာအျပင္ အေရးပါတဲ့ ၀န္ႀကီးဌာနေတြကုိ စစ္တပ္က ဆက္လက္ ခ်ဳပ္ကုိင္ထားဆဲ ျဖစ္တဲ့အတြက္ ျမန္မာႏုိင္ငံရဲ႕ အသြင္ကူးေျပာင္းေရး ကာလမွာ လူ႔အခြင့္အေရး အေျခအေန တုိးတက္ ေကာင္းမြန္ေရးအတြက္ တပ္မေတာ္ရဲ႕ ပါ၀င္ ေဆာင္ရြက္မႈဟာ အေရးပါတဲ့အခန္းက႑မွာ ရွိေနေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Yanghee Lee ကလည္း မတ္လ ၁၄ ရက္ေန႔က လူ႔အခြင့္အေရးေကာင္စီ ညီလာခံအတြင္း ျမန္မာႏုိင္ငံအေၾကာင္း အစီရင္ခံစာ တင္သြင္းတဲ့အထဲ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
ဦးထင္ေက်ာ္ဟာ ႏုိင္ငံေတာ္သမၼတအျဖစ္ မတ္လ ၃၁ ရက္ေန႔မွာ က်မ္းသစၥာက်ိန္ဆုိမွာ ျဖစ္ပါတယ္။ NLD အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္အေနနဲ႔ အစုိးရ၀န္ႀကီးဌာနေတြ စာရင္းကုိ ဒီကေန႔ ၾကာသပေတးေန႔မွာ လႊတ္ေတာ္ကုိ တင္သြင္းမွာျဖစ္ၿပီး အစုိးရ၀န္ႀကီးအဖြဲ႔ အမည္စာရင္းကုိေတာ့ ေရွ႕သီတင္းပတ္ထဲမွာ လႊတ္ေတာ္ကုိ တင္သြင္းသြားမွာ ျဖစ္ပါတယ္။
ကိုုေဇာ္၀င္းလႈိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၅ ရက်နေ့မှာ တခဲနက် ရွေးချယ် တင်မြှောက်လိုက်ကြတဲ့အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ဆက်လက် ထွက်ပေါ်လာနေတာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ စည်းလုံး ညီညွတ်ဖို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
အလားတူပဲ EU နဲ့ မြန်မာအိမ်နီးချင်း နိုင်ငံတွေကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့အပေါ် ၀မ်းမြောက်ကြိုဆိုကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။
ဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအတွက် ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။
“၂၀၁၅ နိုဝင်ဘာ ၈ ရက် နိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲတွေအပြီး လွှတ်တော်ကနေ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သား သမ္မတကို ရွေးချယ်ခဲ့တဲ့အတွက် အတွင်းရေးမှူးချုပ်က ချီးကျူးဂုဏ်ပြုပါတယ်။ ဒါဟာ မကြာခင် သက်တမ်းကုန်ဆုံးတော့မယ့် အစိုးရက အစပျိုးခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေးရှုဆောင်ရွက်နိုင်မယ့် ထူးခြားတဲ့ အောင်မြင်မှုတရပ်လည်း ဖြစ်ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်းရေးတို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ အတွက်လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတသစ်ကို တိုက်တွန်း ပြောကြားလိုက်ကြောင်း Stephane Dujarric က ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ပါတယ်။ အသွင်ကူးပြောင်းရေးကာလရဲ့ အထင်ကရကျလှတဲ့ အခုလို အချိန်မျိုးမှာ သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်နဲ့အတူ တခြား အဓိကကျတဲ့ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်ရေးကို အားဖြည့်ရာမှာ ချောမွေ့ပြီးတော့ ငြိမ်းချမ်းစွာ ဖော်ဆောင်နိုင်ရေးအတွက် အားလုံး ပါ၀င် လုပ်ဆောင်ကြဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။”
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုပ်ဆောင်ရာမှာလည်း ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ထပ်ထောင်း အတည်ပြု ပြောကြားခဲ့တယ်လို့ Stephane Dujarric က ထည့်သွင်း ပြောဆိုသွားပါတယ်။
အလားတူပဲ EU - ဥရောပသမဂ္ဂအနေနဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဒီမိုကရေစီနည်းအရ ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံမှုအပေါ် နွေးထွေးစွာ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်လည်းဖြစ်၊ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ အားပေးသူလည်းဖြစ်တဲ့ EU အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရေရှည်တည်တန့်ပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်လာရေးအတွက် သမ္မတ ဦးထင်ကျော်အပါအဝင် မကြာခင် ထွက်ပေါ်လာမယ့် အစိုးရသစ်နဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဥရောပမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ရဲ့ ပြောခွင့်ရအမျိုးသမီး Maja Kocijancic က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ကြိုဆိုကြောင်းနဲ့ လွှတ်တော်က ပေးအပ်လိုက်တဲ့ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်တော့မယ့် သူ့အနေနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ရေးအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း မတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးတဲ့နောက် ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ တိုင်းပြည်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်ဆိုတဲ့ ပြယုတ်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေအပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ချီးကျူး ဂုဏ်ပြုကြောင်း မနေ့က ပြောဆိုခဲ့ကြပါတယ်။
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးးကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရမှုအတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်း၊ ရှေ့ဆက်လှမ်းရမယ့် ကိစ္စအရပ်ရပ်အတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါ၀င်နေတာအပြင် အရေးပါတဲ့ ၀န်ကြီးဌာနတွေကို စစ်တပ်က ဆက်လက် ချုပ်ကိုင်ထားဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်ရေးအတွက် တပ်မတော်ရဲ့ ပါ၀င် ဆောင်ရွက်မှုဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မတ်လ ၁၄ ရက်နေ့က လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့အထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဦးထင်ကျော်ဟာ နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရဝန်ကြီးဌာနတွေ စာရင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပြီး အစိုးရဝန်ကြီးအဖွဲ့ အမည်စာရင်းကိုတော့ ရှေ့သီတင်းပတ်ထဲမှာ လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။
ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
စည္းလုံးေရးနဲ႔ တည္ၿငိမ္ေရး ေဖာ္ေဆာင္ဖုိ႔ ျမန္မာသမၼတသစ္ကုိ ကုလတုိက္တြန္း
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 16, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 16, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment