Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

NLD သမၼတေလာင္း ဘယ္သူေတြ ျဖစ္လာနိုင္သလဲ

ဦးထင္ေက်ာ္၊ ေဒါက္တာတင္မ်ိဳးဝင္းနဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ရဲ့ အမည္ေတြက လူေျပာအမ်ားဆုံး ျဖစ္ေန။
နိုင္ငံေတာ္ သမၼတနဲ႔ ဒုတိယ သမၼတေတြကို လႊတ္ေတာ္က မတ္လ ၁၀ ရက္ေန႔မွာ အမည္စာရင္း တင္သြင္းေရြးခ်ယ္ ၾကေတာ့မွာပါ။ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ေတြကေတာ့ အေႏွးနဲ႔ အျမန္ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္လာရမွာပါလို႔ ေျပာပါတယ္။

ဒါေပမယ့္ အေျခခံဥပေဒ အကန႔္အသတ္ေတြေၾကာင့္ မတ္လ ၁၀ ရက္ေန႔ အမည္စာရင္း တင္သြင္းတဲ့အခါ သူ႔အမည္ ပါလာဖို႔ေတာ့ မလြယ္ေသးတဲ့ အေနအထား ရွိပါတယ္။

ဒါဆို အဲန္အယ္ဒီ ဘက္က ဘယ္သူေတြကို သမၼတေလာင္း အျဖစ္ အမည္စာရင္း တင္လာနိုင္ပါသလဲ။

ေလာေလာဆယ္ လူေတြ ထင္ေၾကးေပးမွု အမ်ားဆုံး ရွိေနတာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပုဂၢိဳလ္ေရး အထူးရင္းႏွီးမွုရွိၿပီး မိသားစု မိတ္ေဆြလည္း ျဖစ္တဲ့ ဦးထင္ေက်ာ္၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ဆရာဝန္လည္းျဖစ္၊ အဲန္အယ္ဒီက်န္းမာေရး ေကာ္မီတီဝင္လည္း ျဖစ္သူ ေဒါက္တာ တင္မ်ိဳးဝင္းနဲ႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အလုပ္အမွုေဆာင္အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးေအာင္တို႔ ျဖစ္ပါတယ္။

ဦးထင္ေက်ာ္ဟာ ဆရာႀကီးမင္းသုဝဏ္ရဲ့ သားျဖစ္ၿပီး၊ ကြယ္လြန္ၿပီျဖစ္တဲ့ အဲန္အယ္ဒီ ဗဟိုအလုပ္အမွုေဆာင္ ဦးလြင္ရဲ့ သားမက္လည္းျဖစ္ပါတယ္။ သူ႔ဇနီးသည္ ေဒၚစုစုလြင္ကလည္း အဲန္အယ္ဒီ သုံးခြၿမိဳ႕နယ္က ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ပါတယ္။

ေဒါက္တာ တင္မ်ိဳးဝင္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ မိသားစုဆရာဝန္ အျဖစ္ ႏွစ္ေပါင္းမ်ားစြာ တာဝန္ယူခဲ့သူ ျဖစ္ပါတယ္။

ေဒါက္တာမ်ိဳးေအာင္ ကေတာ့ အဲန္အယ္ဒီ စတင္ တည္ေထာင္ၿပီးစ အခ်ိန္ကတည္းက ပါဝင္ခဲ့ၿပီး အခုေလာေလာဆယ္မွာ အာဏာလႊဲေျပာင္း ရယူေရး အစီအစဥ္ေတြ အတြက္ အစိုးရနဲ႔ ညႇိႏွိုင္းေဆြးေႏြးရာမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ဘက္က ကိုယ္စားလွယ္ တစ္ဦး အျဖစ္ ပါဝင္ ေဆာင္ရြက္ေနသူ ျဖစ္ပါတယ္။

ဒီအမည္စာရင္းကို အဲန္အယ္ဒီ ဘက္က တရားဝင္ ထုတ္ျပန္တာမ်ိဳး မဟုတ္သလို အတည္ျပဳထားတာလည္း မရွိပါဘူး။ သတင္းသမား အမ်ားရဲ့ ခန္႔မွန္းခ်က္နဲ႔ ပါတီတြင္းက ထြက္လာတဲ့ သတင္းစကားမ်ား အရ ထင္ေၾကးအေပးခံရဆုံး လူမ်ားအျဖစ္ ထင္ရွားေနၾကတာသာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

..........................................


ဦးထင်ကျော်၊ ဒေါက်တာတင်မျိုးဝင်းနဲ့ ဒေါက်တာမျိုးအောင်တို့ရဲ့ အမည်တွေက လူပြောအများဆုံး ဖြစ်နေ။
နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေကို လွှတ်တော်က မတ်လ ၁၀ ရက်နေ့မှာ အမည်စာရင်း တင်သွင်းရွေးချယ် ကြတော့မှာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကတော့ အနှေးနဲ့ အမြန် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရမှာပါလို့ ပြောပါတယ်။

ဒါပေမယ့် အခြေခံဥပဒေ အကန့်အသတ်တွေကြောင့် မတ်လ ၁၀ ရက်နေ့ အမည်စာရင်း တင်သွင်းတဲ့အခါ သူ့အမည် ပါလာဖို့တော့ မလွယ်သေးတဲ့ အနေအထား ရှိပါတယ်။

ဒါဆို အဲန်အယ်ဒီ ဘက်က ဘယ်သူတွေကို သမ္မတလောင်း အဖြစ် အမည်စာရင်း တင်လာနိုင်ပါသလဲ။

လောလောဆယ် လူတွေ ထင်ကြေးပေးမှု အများဆုံး ရှိနေတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး အထူးရင်းနှီးမှုရှိပြီး မိသားစု မိတ်ဆွေလည်း ဖြစ်တဲ့ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန်လည်းဖြစ်၊ အဲန်အယ်ဒီကျန်းမာရေး ကော်မီတီဝင်လည်း ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့ ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်ပြီး၊ ကွယ်လွန်ပြီဖြစ်တဲ့ အဲန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးလွင်ရဲ့ သားမက်လည်းဖြစ်ပါတယ်။ သူ့ဇနီးသည် ဒေါ်စုစုလွင်ကလည်း အဲန်အယ်ဒီ သုံးခွမြို့နယ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဒေါက်တာ တင်မျိုးဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာမျိုးအောင် ကတော့ အဲန်အယ်ဒီ စတင် တည်ထောင်ပြီးစ အချိန်ကတည်းက ပါဝင်ခဲ့ပြီး အခုလောလောဆယ်မှာ အာဏာလွှဲပြောင်း ရယူရေး အစီအစဉ်တွေ အတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ် တစ်ဦး အဖြစ် ပါဝင် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဒီအမည်စာရင်းကို အဲန်အယ်ဒီ ဘက်က တရားဝင် ထုတ်ပြန်တာမျိုး မဟုတ်သလို အတည်ပြုထားတာလည်း မရှိပါဘူး။ သတင်းသမား အများရဲ့ ခန့်မှန်းချက်နဲ့ ပါတီတွင်းက ထွက်လာတဲ့ သတင်းစကားများ အရ ထင်ကြေးအပေးခံရဆုံး လူများအဖြစ် ထင်ရှားနေကြတာသာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment