Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

ေဒၚစုသမၼတ ျဖစ္ဖို႔ NLD ယံုၾကည္ဆဲ


ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ေရးကို အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ဆက္ၿပီး ႀကိဳးပမ္းသြားမွာ ျဖစ္တယ္ ဒါေပမယ့္လည္း အမ်ိဳးသားရင္ၾကားေစ႔ေရးနဲ႔ ျပည္သူလူထု အက်ိဳးစီးပြား မထိခိုက္ေစတဲ႔ နည္းလမ္းေတြနဲ႔ သတိထား လုပ္ေဆာင္သြားမယ္လို႔ ပါတီေျပာခြင့္ရက ေျပာဆိုလုိက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္လာႏုိင္ေရး အလားအလာနဲ႔ လႊတ္ေတာ္အမတ္ေတြကို ပါတီဘက္က စည္းကမ္းထိန္းသိမ္းမယ့္ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး NLD ေျပာခြင့္ရ ဦး၀င္းထိန္ကို မသိဂၤ ီထိုက္ ဆက္သြယ္ေမးျမန္းထားပါတယ္။

မသိဂၤ ီထိုက္။ ။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္လာမယ့္ အလားအလာ ေသခ်ာသေလာက္ရွိၿပီလားရွင့္။ အဲဒီအေျခအေန သိခ်င္ပါတယ္။

ဦး၀င္းထိန္။ ။ ဒီလိုေလ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ဖို႕က က်ေနာ္တို႔ရဲ႕ အဆံုးစြန္ေသာ ရည္မွန္းခ်က္ပဲ။ အဆံုးစြန္ေသာ ရည္မွန္းခ်က္ဆိုေတာ့ ရတဲ့နည္းနဲ႔ က်ေနာ္တို႔ ႀကိဳးစားမွာ။ ဘယ္လို ႀကိဳးစားမလဲ ဆိုတာ ခင္ဗ်ားတို႔ၾကည့္လိုက္။ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲတုန္းက က်ေနာ္တို႔က UG ပံုစံနဲ႔ လွဳပ္ရွားတဲ့ ပါတီဘ၀ကေနၿပီးေတာ့ တရား၀င္ ပါတီေတြျဖစ္လာတယ္။ အဲလိုမ်ိဳးပဲ အခု ၂၀၁၅ ေရြးေကာက္ပြဲမွာ က်ေနာ္တို႔ အျပတ္အသတ္ႏိုင္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ဖို႕က အလားအလာေကာင္းတယ္။ သို႔ေသာ္လည္း အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ ဒီ ျပည္သူလူထုကို မနစ္နာေစတဲ့၊ မနာက်င္ေစတဲ့ ျပည္သူလူထုအက်ိဳးရွိမယ့္ နည္းလမ္းေတြကို ေရြးၿပီးလုပ္တယ္။ လုပ္မယ္။ လုပ္တဲ႔ အခါမွာ ေဒၚေအာင္ဆန္းစုၾကည္က သမၼတျဖစ္ဖို႔က အေႏွးနဲ႔ အျမန္ျဖစ္ဖို႔က က်ေနာ္တို႔ရဲ႕ ရည္မွန္းခ်က္ပဲ။ မျဖစ္ျဖစ္ေအာင္လုပ္မွာပါ။

မသိဂၤ ီထိုက္။ ။ ခုနက အန္ကယ္ေျပာသလိုေပါ့ေနာ္ အေႏွးနဲ႔ အျမန္ျဖစ္မယ္ဆိုေတာ့ မၾကာခင္ကဘဲေဒၚခင္၀ိုင္းၾကည္တို႔ ဦးေဆာင္ၿပီးေတာ့ ၅၉ (စ) မျပင္ဖို႔ဆိုေတာ့ ၅၉ (စ) ဆိုတာကလည္း လူတိုင္းသိတဲ့ ကိစၥပါပဲ ဒါ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ဖို႔ အဓိက တားဆီးထားတဲ့ အေၾကာင္းအရာဆိုၿပီးေတာ့ အဲေတာ့ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ မျဖစ္ေစလိုတဲ့ အင္အားစုေလးတခုဆိုတာလည္း ရွိေနႏိုင္ေတာ့ ဒီအေပၚမွာေကာ အန္ကယ္တို႔အေနနဲ႔ ဘယ္ေလာက္ထိ ထည့္သြင္းစဥ္းစားထားပါသလဲရွင့္။

ဦး၀င္းထိန္။ ။ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ မျဖစ္ေရးဆိုတဲ့ အင္အားစုက က်ေနာ္တို႔ ေရြးေကာက္ပြဲ စံေတြနဲ႔ ျပန္ၾကည့္လိုက္။ ၂၀၁၅ ေရြးေကာက္ပြဲမွာ က်ေနာ္တို႔ ၈၀ ရာခိုင္ႏႈန္းေလာက္ ႏိုင္တဲ့အခါမွာ ၂၀ ရာခိုင္ႏႈန္းကက်ေနာ္တို႔ကို မဲမေပးဘူးေပါ့။အဲဒီေတာ့ ေဒၚခင္၀ိုင္းၾကည္တို႔လုပ္တဲ့ ပုဒ္မ ၅၉ ကိုေထာက္ခံတယ္ ေဒၚေအာင္ဆန္းစုၾကည္က သမၼတမျဖစ္ေရးဆိုတဲ့ လႈပ္ရွားမႈဟာ ၁၀၀ ပံု ပံလို႔ရွိရင္ ၂၀ ရာခိုင္ႏႈန္းဘဲ ရွိမွာပါ။ ဒီသေဘာ က်ေနာ္ေျပာလို႔ရတယ္။

မသိဂၤ ီထိုက္။ ။အဲဒီေတာ့ ဒီ အတားအဆီးေတြကို လြယ္လြယ္ကူကူ ျဖတ္ေက်ာ္ႏိုင္မယ့္ အေနအထားေရာ ရွိပါသလားရွင့္။

ဦး၀င္းထိန္။ ။ ဒီလို က်ေနာ္တို႔က အမ်ားစုႏိုင္တယ္။ ႏိုင္တဲ့အတြက္ေၾကာင့္ မို႔လို႔ မည္သည့္ ဆံုးျဖတ္ခ်က္မ်ိဳးမဆို လႊတ္ေတာ္မွာက်ေနာ္တို႔က အမ်ားစုနဲ႔ လုပ္လို႔ရတယ္။ သို႔ေသာ္ ခုန က်ေနာ္ေျပာသလိုေပါ့ အမ်ိဳးသား ရင္ၾကားေစ႔ေရးရယ္၊ ျပည္သူလူထုကို နစ္နာေအာင္မလုပ္ခ်င္တဲ့ လမ္းေၾကာင္းကို ေရြးမွာျဖစ္တဲ့အတြက္ေၾကာင့္ မို႔လို႔ ဒါျပည္သူ႔လူထုက က်ေနာ္တို႔ ေရြးခ်ယ္မႈကို အားမလို အားမရ ျဖစ္ေကာင္းျဖစ္မယ္။ သို႔ေသာ္လည္း က်ေနာ္တို႔ ႏိုင္ငံေရး ရည္မွန္းခ်က္က ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရး ရည္မွန္းခ်က္က ပ်က္မသြားပါဘူးဆိုတာ ေျပာခ်င္တာပါ။

မသိဂၤ ီထိုက္။ ။ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ႏိုင္ငံျခားေရး၀န္ႀကီးေလာက္ယူၿပီးေတာ့ အစိုးရကို ထိန္းေက်ာင္းႏိုင္မယ္၊ ဒီလိုမ်ိဳးေျပာဆို မႈေတြအေပၚမွာေကာ ဒီပါတီရဲ႕သေဘာထား ဘယ္လုိရွိပါသလဲရွင့္။

ဦး၀င္းထိန္။ ။ ဒီလိုေလ စာေရးဆရာ မင္းသိခၤ စကားနဲ႔ ေျပာရမယ္ဆိုရင္ အလကားရတဲ့ဟာေတြကို ေဖာခ်င္းေသာခ်င္းေပးေနၾကတာ။ အလကားရတယ္ဆိုတာက ဘာလဲဆိုရင္ ထင္ျမင္ခ်က္ေတြ။ အဲဒီ ထင္ျမင္ခ်က္ဆိုတဲ႔ အလကားရတဲ့ဟာေတြကို ေဖာခ်င္းေသာခ်င္းေပးေနၾကတယ္။ သူတို႔ ေျပာခ်င္ရာ ေျပာလို႔ ရပါတယ္လို႔ က်ေနာ္တို႔က အဲလိုပဲ အေၾကာင္းျပန္ခ်င္တယ္ခင္ဗ်ာ။

မသိဂၤ ီထိုက္။ ။ဟုတ္ကဲ့ပါ အန္ကယ္။ေနာက္တခုကေတာ့ အန္ကယ္တို႔လည္း ဒီကေန႔ဒီ လႊတ္ေတာ္အမတ္ေတြကို တိုင္ႏိုင္ၿပီဆိုၿပီးေတာ့ အန္ကယ္တို႔လည္း ေကာ္မတီဖြဲ႔ၿပီးေတာ့ အဖြဲ႔ဖြဲ႔ၿပီးေတာ့ ေျပာထားတာရွိပါတယ္။ ေနာက္ ဒီတိုက္တိုက္ဆိုင္ဆိုင္ပဲ မေန႔က ဒီ ေရႊးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဦးတင္ေအး ကလည္း ေရြးေကာက္ခံ လႊတ္ေတာ္အမတ္ေတြကို ျဖဳတ္ခ်ႏိုင္တဲ့ ဥပေဒမ်ိဳး အရင္လႊတ္ေတာ္က အတည္မျပဳႏိုင္ခဲ့လို႔ လႊတ္ေတာ္အာဏာရွင္ စနစ္တရပ္ ေပၚလာမွာ စိုးရိမ္တယ္ဆိုၿပီးေတာ့လည္း ေျပာပါတယ္။ ဒီကေန႔မွာလည္း VOA ကို ထပ္ေျပာပါတယ္။ အဲေတာ့ အန္ကယ္တို႔ လႊတ္ေတာ္အမတ္ေတြကို မဲဆႏၵရွင္ေတြ စိတ္တိုင္းက်ေပါ့ေနာ္ ဘယ္လိုမ်ိဳး ထိန္းေက်ာင္းသြားမလဲရွင့္။ ဘယ္လိုကိစၥမ်ိဳးေတြမွာ တိုင္ၾကားႏိုင္ပါသလဲ။ ဘယ္လိုအေရးယူ လုပ္ေဆာင္သြားမလဲရွင့္။

ဦး၀င္းထိန္။ ။ က်ေနာ္တို႔ ဟိုတေန႔ကလည္း က်ေနာ္တို႔ အဖြဲ႔တခုဖြဲ႔လိုက္တယ္။ အဲဒီအဖြဲ႔က တိုင္ၾကားခ်က္မ်ားကို စိစစ္ ေဆာင္ရြက္ၿပီးေတာ့ အေရးယူဖို႔ အဲဒါကို က်ေနာ္တို႔ ဧရာ၀တီတိုင္းက NLD ဥကၠ႒ ေဒါက္တာ မ်ိဳးျမင့္ကို တိုင္းဥကၠ႒ကေနၿပီးေတာ့ အရန္ ဗဟိုအလုပ္မႈေဆာင္ ေကာ္မတီ၀င္အျဖစ္နဲ႔ အဆင့္ျမင့္ၿပီးေတာ့ တိုင္ၾကားခ်က္ေတြကို အေရးယူ ေဆာင္ရြက္ဖို႔လုပ္ေနတယ္။ အဲဒီ တိုင္ၾကားခ်က္ေတြဟာ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕လုပ္ေဆာင္ခ်က္ေတြ မေက်နပ္တာေတြ ၊ အားမလိုအားမရျဖစ္တာေတြ၊ အျပစ္အနာအဆာေတြကို တိုင္ႏုိင္တယ္ အေထာက္အထားနဲ႔တိုင္ႏိုင္တယ္။ တိုင္တဲ့အခါမွာ တိုင္တဲ့သူရဲ႕ နာမည္ ၊ မွတ္ပံုတင္နံပတ္၊ ေနရပ္လိပ္စာ ၊ တယ္လီဖုန္းနံပတ္ ပါရမယ္လို႔ က်ေနာ္ေျပာထားပါတယ္။

မသိဂၤ ီထိုက္။ ။ဘယ္အတိုင္းအတာထိ အန္ကယ္တို႔ အျပစ္ယူဖို႔ အေျခအေနရွိပါသလဲ။

ဦး၀င္းထိန္။ ။က်ေနာ္တို႔ကေတာ့ တပိုင္းကေတာ့ ပါတီ စည္းကမ္းနဲ႔ အေရးယူမယ့္အပိုင္းရွိတယ္။ တခ်ိဳ႕အပိုင္းေတြကေတာ့ ဥပေဒဘက္က အေရးယူရမယ့္အပိုင္းေတြရွိတယ္။ အဲဒီလိုတိုင္ၾကားထားတဲ့အေပၚမွာ ေတြ႔ရွိတဲ့ အျပစ ္အတိမ္အနက္ေပၚမွာ မႈတည္ၿပီးေတာ့မွ အေရးယူရမွာပါခင္ဗ်။

ဒီကေန႔မွာလည္း အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္၊ပါတီ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔နဲ႔ ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေတြ႔ဆံုခဲ႔ၾကၿပီး လႊတ္ေတာ္ေရးရာေတြကို ေဆြးေႏြးခဲ႔ၾကပါတယ္။

မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..............................................


ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်ပြီး ကြိုးပမ်းသွားမှာ ဖြစ်တယ် ဒါပေမယ့်လည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူလူထု အကျိုးစီးပွား မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့ သတိထား လုပ်ဆောင်သွားမယ်လို့ ပါတီပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေး အလားအလာနဲ့ လွှတ်တော်အမတ်တွေကို ပါတီဘက်က စည်းကမ်းထိန်းသိမ်းမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရ ဦးဝင်းထိန်ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ့် အလားအလာ သေချာသလောက်ရှိပြီလားရှင့်။ အဲဒီအခြေအနေ သိချင်ပါတယ်။

ဦးဝင်းထိန်။ ။ ဒီလိုလေ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့က ကျနော်တို့ရဲ့ အဆုံးစွန်သော ရည်မှန်းချက်ပဲ။ အဆုံးစွန်သော ရည်မှန်းချက်ဆိုတော့ ရတဲ့နည်းနဲ့ ကျနော်တို့ ကြိုးစားမှာ။ ဘယ်လို ကြိုးစားမလဲ ဆိုတာ ခင်ဗျားတို့ကြည့်လိုက်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကျနော်တို့က UG ပုံစံနဲ့ လှုပ်ရှားတဲ့ ပါတီဘဝကနေပြီးတော့ တရားဝင် ပါတီတွေဖြစ်လာတယ်။ အဲလိုမျိုးပဲ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ အပြတ်အသတ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့က အလားအလာကောင်းတယ်။ သို့သော်လည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီ ပြည်သူလူထုကို မနစ်နာစေတဲ့၊ မနာကျင်စေတဲ့ ပြည်သူလူထုအကျိုးရှိမယ့် နည်းလမ်းတွေကို ရွေးပြီးလုပ်တယ်။ လုပ်မယ်။ လုပ်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ဖို့က အနှေးနဲ့ အမြန်ဖြစ်ဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲ။ မဖြစ်ဖြစ်အောင်လုပ်မှာပါ။

မသိင်္ဂ ီထိုက်။ ။ ခုနက အန်ကယ်ပြောသလိုပေါ့နော် အနှေးနဲ့ အမြန်ဖြစ်မယ်ဆိုတော့ မကြာခင်ကဘဲဒေါ်ခင်ဝိုင်းကြည်တို့ ဦးဆောင်ပြီးတော့ ၅၉ (စ) မပြင်ဖို့ဆိုတော့ ၅၉ (စ) ဆိုတာကလည်း လူတိုင်းသိတဲ့ ကိစ္စပါပဲ ဒါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အဓိက တားဆီးထားတဲ့ အကြောင်းအရာဆိုပြီးတော့ အဲတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေလိုတဲ့ အင်အားစုလေးတခုဆိုတာလည်း ရှိနေနိုင်တော့ ဒီအပေါ်မှာကော အန်ကယ်တို့အနေနဲ့ ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားထားပါသလဲရှင့်။

ဦးဝင်းထိန်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်ရေးဆိုတဲ့ အင်အားစုက ကျနော်တို့ ရွေးကောက်ပွဲ စံတွေနဲ့ ပြန်ကြည့်လိုက်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ ၈၀ ရာခိုင်နှုန်းလောက် နိုင်တဲ့အခါမှာ ၂၀ ရာခိုင်နှုန်းကကျနော်တို့ကို မဲမပေးဘူးပေါ့။အဲဒီတော့ ဒေါ်ခင်ဝိုင်းကြည်တို့လုပ်တဲ့ ပုဒ်မ ၅၉ ကိုထောက်ခံတယ် ဒေါ်အောင်ဆန်းစုကြည်က သမ္မတမဖြစ်ရေးဆိုတဲ့ လှုပ်ရှားမှုဟာ ၁၀၀ ပုံ ပံလို့ရှိရင် ၂၀ ရာခိုင်နှုန်းဘဲ ရှိမှာပါ။ ဒီသဘော ကျနော်ပြောလို့ရတယ်။

မသိင်္ဂ ီထိုက်။ ။အဲဒီတော့ ဒီ အတားအဆီးတွေကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မယ့် အနေအထားရော ရှိပါသလားရှင့်။

ဦးဝင်းထိန်။ ။ ဒီလို ကျနော်တို့က အများစုနိုင်တယ်။ နိုင်တဲ့အတွက်ကြောင့် မို့လို့ မည်သည့် ဆုံးဖြတ်ချက်မျိုးမဆို လွှတ်တော်မှာကျနော်တို့က အများစုနဲ့ လုပ်လို့ရတယ်။ သို့သော် ခုန ကျနော်ပြောသလိုပေါ့ အမျိုးသား ရင်ကြားစေ့ရေးရယ်၊ ပြည်သူလူထုကို နစ်နာအောင်မလုပ်ချင်တဲ့ လမ်းကြောင်းကို ရွေးမှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒါပြည်သူ့လူထုက ကျနော်တို့ ရွေးချယ်မှုကို အားမလို အားမရ ဖြစ်ကောင်းဖြစ်မယ်။ သို့သော်လည်း ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ရည်မှန်းချက်က ပျက်မသွားပါဘူးဆိုတာ ပြောချင်တာပါ။

မသိင်္ဂ ီထိုက်။ ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးလောက်ယူပြီးတော့ အစိုးရကို ထိန်းကျောင်းနိုင်မယ်၊ ဒီလိုမျိုးပြောဆို မှုတွေအပေါ်မှာကော ဒီပါတီရဲ့သဘောထား ဘယ်လိုရှိပါသလဲရှင့်။

ဦးဝင်းထိန်။ ။ ဒီလိုလေ စာရေးဆရာ မင်းသိင်္ခ စကားနဲ့ ပြောရမယ်ဆိုရင် အလကားရတဲ့ဟာတွေကို ဖောချင်းသောချင်းပေးနေကြတာ။ အလကားရတယ်ဆိုတာက ဘာလဲဆိုရင် ထင်မြင်ချက်တွေ။ အဲဒီ ထင်မြင်ချက်ဆိုတဲ့ အလကားရတဲ့ဟာတွေကို ဖောချင်းသောချင်းပေးနေကြတယ်။ သူတို့ ပြောချင်ရာ ပြောလို့ ရပါတယ်လို့ ကျနော်တို့က အဲလိုပဲ အကြောင်းပြန်ချင်တယ်ခင်ဗျာ။

မသိင်္ဂ ီထိုက်။ ။ဟုတ်ကဲ့ပါ အန်ကယ်။နောက်တခုကတော့ အန်ကယ်တို့လည်း ဒီကနေ့ဒီ လွှတ်တော်အမတ်တွေကို တိုင်နိုင်ပြီဆိုပြီးတော့ အန်ကယ်တို့လည်း ကော်မတီဖွဲ့ပြီးတော့ အဖွဲ့ဖွဲ့ပြီးတော့ ပြောထားတာရှိပါတယ်။ နောက် ဒီတိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က ဒီ ရွှေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ကလည်း ရွေးကောက်ခံ လွှတ်တော်အမတ်တွေကို ဖြုတ်ချနိုင်တဲ့ ဥပဒေမျိုး အရင်လွှတ်တော်က အတည်မပြုနိုင်ခဲ့လို့ လွှတ်တော်အာဏာရှင် စနစ်တရပ် ပေါ်လာမှာ စိုးရိမ်တယ်ဆိုပြီးတော့လည်း ပြောပါတယ်။ ဒီကနေ့မှာလည်း VOA ကို ထပ်ပြောပါတယ်။ အဲတော့ အန်ကယ်တို့ လွှတ်တော်အမတ်တွေကို မဲဆန္ဒရှင်တွေ စိတ်တိုင်းကျပေါ့နော် ဘယ်လိုမျိုး ထိန်းကျောင်းသွားမလဲရှင့်။ ဘယ်လိုကိစ္စမျိုးတွေမှာ တိုင်ကြားနိုင်ပါသလဲ။ ဘယ်လိုအရေးယူ လုပ်ဆောင်သွားမလဲရှင့်။

ဦးဝင်းထိန်။ ။ ကျနော်တို့ ဟိုတနေ့ကလည်း ကျနော်တို့ အဖွဲ့တခုဖွဲ့လိုက်တယ်။ အဲဒီအဖွဲ့က တိုင်ကြားချက်များကို စိစစ် ဆောင်ရွက်ပြီးတော့ အရေးယူဖို့ အဲဒါကို ကျနော်တို့ ဧရာဝတီတိုင်းက NLD ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်ကို တိုင်းဥက္ကဋ္ဌကနေပြီးတော့ အရန် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်အဖြစ်နဲ့ အဆင့်မြင့်ပြီးတော့ တိုင်ကြားချက်တွေကို အရေးယူ ဆောင်ရွက်ဖို့လုပ်နေတယ်။ အဲဒီ တိုင်ကြားချက်တွေဟာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ်ဆောင်ချက်တွေ မကျေနပ်တာတွေ ၊ အားမလိုအားမရဖြစ်တာတွေ၊ အပြစ်အနာအဆာတွေကို တိုင်နိုင်တယ် အထောက်အထားနဲ့တိုင်နိုင်တယ်။ တိုင်တဲ့အခါမှာ တိုင်တဲ့သူရဲ့ နာမည် ၊ မှတ်ပုံတင်နံပတ်၊ နေရပ်လိပ်စာ ၊ တယ်လီဖုန်းနံပတ် ပါရမယ်လို့ ကျနော်ပြောထားပါတယ်။

မသိင်္ဂ ီထိုက်။ ။ဘယ်အတိုင်းအတာထိ အန်ကယ်တို့ အပြစ်ယူဖို့ အခြေအနေရှိပါသလဲ။

ဦးဝင်းထိန်။ ။ကျနော်တို့ကတော့ တပိုင်းကတော့ ပါတီ စည်းကမ်းနဲ့ အရေးယူမယ့်အပိုင်းရှိတယ်။ တချို့အပိုင်းတွေကတော့ ဥပဒေဘက်က အရေးယူရမယ့်အပိုင်းတွေရှိတယ်။ အဲဒီလိုတိုင်ကြားထားတဲ့အပေါ်မှာ တွေ့ရှိတဲ့ အပြစ ်အတိမ်အနက်ပေါ်မှာ မှုတည်ပြီးတော့မှ အရေးယူရမှာပါခင်ဗျ။

ဒီကနေ့မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပြီး လွှတ်တော်ရေးရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment