CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, March 1, 2016
မတ္လ ၁၀ ရက္ သမၼတ ေရြးမယ္
ျမန္မာနိုင္ငံမွာ သမၼတ ေရြးဖို႔ အတြက္ ပထမ သတ္မွတ္ ထားတဲ့ မတ္လ ၁၇ ၇က္ အစား မတ္လ ၁၀ ကို ေျပာင္းလဲ လိုက္ေၾကာင္း အဂၤါေန႔မွာ ျပည္ေထာင္စု လႊတ္ေတာ္က ေၾကညာ လိုက္ပါတယ္။
နိုင္ငံေတာ္ သမၼတနဲ႔ ဒုတိယ သမၼတေတြ ေရြးခ်ယ္မယ့္ ရက္ကို မူလ သတ္မွတ္ ထားတဲ့ ရက္ထက္ ေစာၿပီး ျပဳလုပ္မယ္လို႔ အေစာပိုင္း ကတည္းက သတင္းေတြ က်ယ္က်ယ္ ျပန႔္ျပန႔္ ထြက္ေနတာ ျဖစ္ၿပီး အဂၤါေန႔ မွာေတာ့ ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳ လိုက္တာ ျဖစ္ပါတယ္။
အခုလို ရက္ေရႊ႕လိုက္တဲ့ အတြက္ ျပည္သူေတြ ၾကားမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ၾကား ညႇိႏွိုင္းမွုေတြဟာ ခရီး မေရာက္လို႔ ဆိုၿပီး ေဝဖန္ ေျပာဆို ေနၾကပါတယ္။
NLD ပါတီရဲ့ ဗဟို အလုပ္ အမူေဆာင္ ဦးဝင္းထိန္ ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္မွာ ျဖစ္ေၾကာင္းနဲ႔ အခ်ိန္ ေႏွးတာနဲ႔ ျမန္တာသာ ကြာမွာျဖစ္ေၾကာင္း ေျပာပါတယ္။
ဦးဝင္းထိန္ အေျပာ အရ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ ျဖစ္ေအာင္ လုပ္မယ္ ဆိုေပမယ့္ မတ္လ ၁၀ ရက္ေန႔မွာ တင္ေျမႇာက္မယ့္ သမၼတ ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္လာမယ္လို႔ ယူဆလို႔ မရနိုင္ပါ။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ဖို႔ ဆိုရင္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ျပင္ဆင္ရမွာ ျဖစ္ပါတယ္။
ဒါေၾကာင့္ မတ္လ ၁၀ ရက္ ေန႔မွာ တင္ေျမႇာက္မယ့္ ဒုတိယ သမၼတ ၂ ဦးဟာ NLD ပါတီက သေဘာတူ ဆုံးျဖတ္ထားတဲ့ လူေတြ ျဖစ္လာမယ္လို႔ ယူဆ ရပါတယ္။
ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ အရ ေရြးေကာက္ခံ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ မ်ားက ဒုတိယ သမၼတ တစ္ဦး ေရြးေကာက္ခံ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ မ်ားက ဒုတိယ သမၼတ တစ္ဦးနဲ႔ အမ်ိဳးသား လႊတ္ေတာ္နဲ႔ ျပည္သူ႔ လႊတ္ေတာ္ ႏွစ္ရပ္ေပါင္း တပ္မေတာ္သား အစုအဖြဲ႕မွ ဒုတိယ သမၼတ တစ္ဦး တင္ေျမႇာက္ ရမွာ ျဖစ္ပါတယ္။
မတ္လ ၁၀ ရက္ေန႔ မွာ ဘယ္သူ သမၼတ ျဖစ္လာ မလဲ ဆိုတာ ကိုေတာ့ ျပည္သူ လူထုက စိတ္ဝင္တစား ေစာင့္ၾကည့္ ေနၾကပါတယ္။
BBC Burmese
http://www.bbc.com/burmese
...................................................
မြန်မာနိုင်ငံမှာ သမ္မတ ရွေးဖို့ အတွက် ပထမ သတ်မှတ် ထားတဲ့ မတ်လ ၁၇ ရက် အစား မတ်လ ၁၀ ကို ပြောင်းလဲ လိုက်ကြောင်း အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော်က ကြေညာ လိုက်ပါတယ်။
နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်မယ့် ရက်ကို မူလ သတ်မှတ် ထားတဲ့ ရက်ထက် စောပြီး ပြုလုပ်မယ်လို့ အစောပိုင်း ကတည်းက သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်နေတာ ဖြစ်ပြီး အင်္ဂါနေ့ မှာတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်ပါတယ်။
အခုလို ရက်ရွှေ့လိုက်တဲ့ အတွက် ပြည်သူတွေ ကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကြား ညှိနှိုင်းမှုတွေဟာ ခရီး မရောက်လို့ ဆိုပြီး ဝေဖန် ပြောဆို နေကြပါတယ်။
NLD ပါတီရဲ့ ဗဟို အလုပ် အမူဆောင် ဦးဝင်းထိန် ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှာ ဖြစ်ကြောင်းနဲ့ အချိန် နှေးတာနဲ့ မြန်တာသာ ကွာမှာဖြစ်ကြောင်း ပြောပါတယ်။
ဦးဝင်းထိန် အပြော အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်အောင် လုပ်မယ် ဆိုပေမယ့် မတ်လ ၁၀ ရက်နေ့မှာ တင်မြှောက်မယ့် သမ္မတ ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမယ်လို့ ယူဆလို့ မရနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မတ်လ ၁၀ ရက် နေ့မှာ တင်မြှောက်မယ့် ဒုတိယ သမ္မတ ၂ ဦးဟာ NLD ပါတီက သဘောတူ ဆုံးဖြတ်ထားတဲ့ လူတွေ ဖြစ်လာမယ်လို့ ယူဆ ရပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များက ဒုတိယ သမ္မတ တစ်ဦး ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များက ဒုတိယ သမ္မတ တစ်ဦးနဲ့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်သား အစုအဖွဲ့မှ ဒုတိယ သမ္မတ တစ်ဦး တင်မြှောက် ရမှာ ဖြစ်ပါတယ်။
မတ်လ ၁၀ ရက်နေ့ မှာ ဘယ်သူ သမ္မတ ဖြစ်လာ မလဲ ဆိုတာ ကိုတော့ ပြည်သူ လူထုက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
မတ္လ ၁၀ ရက္ သမၼတ ေရြးမယ္
Reviewed by MP4 YoU
on
March 01, 2016
Rating: 5
Reviewed by MP4 YoU
on
March 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment